အပူချိန် အရမ်းမြင့်တက်နေပါတယ် ဒီနေ့ အပူချိန်ဟာ ၄၃ C အထိ တက်လာပါပြီ။ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇C အထိ
ရောက်နိုင်ပါတယ်။
အပူချိန် တက်နှုန်းတွေကိုလေ့လာကြည့်ရင် ယခင်က ၁C တက်ဖို့ ၁၀ နှစ် ကြာပါတယ်။ အခု ၃ နှစ် အတွင်း ၂`C တက်လာပါ
တယ်။အပူချိန် ၁C တက်လာတိုင်းပျမ်းမျှအသက် ၂ နှစ် လျော့စေပါတယ်။
ကျန်းမာရေး အထူးသတိထားကြပါ။ ဒီအချိန်မှာ အစားအစာ၊ အနေအထိုင်သတိပြုကြပါ။အအေးစာတွေက အပူစုပ်နိုင်ပေမယ့်အပူရှပ်ခြင်းကိုအဓိက ဖြစ်စေပါတယ်။
အရေးကြီးတာကနေပူထဲမှာနံက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်းသွားလာ လှုပ်ရှားအလုပ်လုပ်ကိုင်ခြင်းရှောင်ကြဉ်ကြပါ။
ချည်သား အဝတ်ထူထူတွေက… အပူဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။အပူက ပြနရောက်လာစဉ်အဝတ်များ ချွတ်ခြင်း၊ ရေခဲရေသောက်ခြင်း၊ ရေချိုးခြင်းတို့ ရှောင်ပါ။
ဆားနှင့် ရေသောက်ခြင်းကိုလည်းမပြုလုပ်ကြပါနဲ့။အပူက ပြန်ရောက်စဉ် ၅ မိနစ်ခန့် ပြန်လာစဉ်ကအတိုင်း နေပေးကြပါ။ အဲယားကွန်းခန်းအတွင်းအဝင်အထွက် လုပ်ကိုင်သွားလာနေရသူများသတိပြုကြပါ။
အပူမှ ပြန်ရောက်ချိန်အဲကွန်းခန်းအတွင်းရုတ်တရက် ဝင်ရောက်ပါက…ခန္ဒာကိုယ်အရေပြားမှ သွေးများ ဗဟို သွေးလှည့်အဖွဲ့ထဲ
ရောက်ရှိပြီး… ရုတ်တရက် သွေးပေါင်တက်ကာ…လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းတို့ဖြစ်တတ်ပါတယ်။
အဲကွန်းခန်းထဲ ကြာရှည်နေရသူများအပူထဲသို့…ထွက်ချိန်မှာ… သွေးပေါင်ထိုးကျပြီးမူးဝေတတ်ပါတယ်။
ရေများများ သောက်ပါအငန်/အချိုလျော့စားကြပါချွေးထွက်လွန်သူမှ လွဲ၍ဓာတ်ဆားရေ သောက်ခြင်း လျော့ပါ။ဟင်းကျန်ထမင်း
ကျန်များ စားခြင်း ရှောင်ပါ။ဟင်းကျန်များ နွေးရာတွင်ရေဖြည့်ထည့်၍ နွေးပါ။လက်သုပ်များ လျော့စားပါ။
ပူလွန်းတော့… အစာတွေပျက်လွယ်တာကြောင့်… ဝမ်းပျက်ဝမ်းလျော ဖြစ်လွယ်တာမို့… အထူးဂရုစိုက်ပီး စားသောက်ကြပါ။
ကျန်းမာရေးတင်မက… မီးဘေးအန္တရာယ်လည်း ရှိတာမို့… အထူးသတိထားပီး နေထိုင်ကြပါ။
အပူလိူင်းကျရင်…ဘာလုပ်ရမှာလည်း?
ပြင်ပအပူချိန်သည် ၄၅’စင်တီဂရိတ်ရောက်ရှိလာပါက အပူရှပ်ပြီးသတိလစ်နိုင်ပါတယ်.ကျန်းမာသူလူကြီးတစ်ယောက်၏ကိုယ်တွင်းအပူချိန်သည် ၉၆.၇ဖာရဟိုက်ဖြစ်ပါတယ်.၁၀၈ ဖာရဟိုက်သည် လူအသက်သေဆုံးပါတယ်.
အပူလိူင်းမကျခင်ကြိုတင်ကာကွယ်ထားနိုင်မှကုသမူ အောင်မြင်နိုင်ပါတယ်
သတိထားရမည့်သူများက အသက်ကြီးသူများနှင့်ရောဂါအခံရှိသူများဖြစ်ပါတယ်
Heat Stroke ရရှိသူအားကုသရတွင် ရေခဲတုန်းများလိုအပ်ပါတယ်.ထိုသို့ရေခဲများရရန်မဖြစ်နိုင်ပါ.
ကြိုတင်ကာကွယ်မူသာအသက်ရှင်နိုင်ပါတယ်.အောက်ပါအချက်များကိုလိုက်နာထားရန်လိုအပ်ပါတယ်.
၁.အရက်.ဘီယာ.ဝိုင်များမသောက်သင့်တော့ပါ.
၂.လိုအပ်သည်ထက်ပိုမစားရန်
၃.နေပူအောက်တွင်ထီးမပါပဲမသွားရပါ.
၄.သွေးတိုးသမားများအငန်လျော့စားထားရန်
၆.ဆီးချိုသမားများအချိုလျော့စားထားရန်
၇.ရေကိုကြိုတင်သောက်ထားရန်
၈.ချွေးထွက်များပါက..ရေနှင့်ဓါတ်စားရည်ကြိုတင်သောက်ထားရန်.
၉.သွေးပေါင်ကျဆေးနှင့်ဓါတ်စားရည်ကိုသွားလေရာယူေဆာင်သွားရန်.
၁၀.လူနာရှိအိမ်များတွင်ဓါတ်ဆားထုတ်အားကြိုတင်ဆောင်ထားရန်
၁၁.ကလေးများနေပူအောက်တွင်မထားရန်
၁၂.အပူချိန်ပြင်းထန်နေချိန်တွင်အစားအစာကိုလျော့စားထားရန်လိုအပ်ပါတယ်.
crd