ျမန္မာ့႐ုပ္ရွင္ ထူးခၽြန္ဆု ခ်ီးျမႇင့္ပြဲ
သမိုင္းတြင္ ပထမဆုံးအႀကိမ္အေနျဖင့္ (၃) ႏွစ္စာ
အကယ္ဒမီဆုခ်ီးျမႇင့္ပြဲအခမ္းအနားကိုအား
ယေန႔ ေမလ (၆) ရက္ ညေန (၆)နာရီတြင္ ေနျပည္ေတာ္ ၊ ၿမိဳ႕ေတာ္ခံမအနီးရွိ
လဟာျပင္ကဇာတ္႐ုံ၌ အကယ္ဒမီဆုခ်ီးျမႇင့္ပြဲ အခမ္းအနားအား ခမ္းနားထည္ဝါစြာ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
႐ုပ္ရွင္အႏုပညာရွင္မ်ားအတြက္ အဓိကမွတ္တိုင္တစ္ခုျဖစ္သည့္
ျမန္မာ့႐ုပ္ရွင္ဆု ခ်ီးျမႇင့္ပြဲကို ၁၉၅၂ ခုႏွစ္တြင္ စတင္က်င္းပခဲ့ျပီး
၁၉၅၂ ခုႏွစ္ႏွင့္ ၁၉၅၃ ခုႏွစ္တို႔တြင္ အေကာင္းဆုံးဇာတ္ကား ပထမဆု၊ ဒုတိယဆု၊ တတိယ အေကာင္းဆုံး အမ်ိဳးသား
ပညာသည္ဆုႏွင့္ အေကာင္းဆုံး အမ်ိဳးသမီး ပညာသည္ဆုစသည့္ ႐ုပ္ရွင္ထူးခၽြန္ဆု (၃)မ်ိဳးသာ သတ္မွတ္ခ်ီးျမႇင့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
၁၉၅၄ ခုႏွစ္တြင္ ဒါရိုက္တာထူးခၽြန္ဆုကို တိုးျမႇင့္ခ်ီးျမႇင့္ခဲ့ၿပီး
၁၉၅၅ ခုႏွစ္တြင္ ဇာတ္ကားထူးခၽြန္ဆုကို ပထမ၊ဒုတိယ၊ တတိယ ဟု မခြဲျခားေတာ့ပဲ အေကာင္းဆုံးဇာတ္ကာဆုတစ္ဆုတည္းကိုသာ
ေရႊအကယ္ဒမီဆုကို ခ်ီးျမႇင့္ခဲ့ေၾကာင္း၊ ၁၉၅၆ ခုႏွစ္တြင္ ဓာတ္ပုံထူးခၽြန္ဆုတစ္ဆုကိုပါ ထပ္မံတိုးျမႇင့္ခဲ့ေၾကာင္း သိရသည္။
ထို့အျပင္ ၁၉၅၇ ခုႏွစ္တြင္ ဆုပုံသ႑န္ကို ေရႊရင္ထိုး တံဆိပ္မွ တေျပးညီေရႊကိႏၵရီေရႊစင္႐ုပ္သို႔
စတင္ေျပာင္းလဲခ်ီးျမႇင့္ခဲ့ၿပီး ၁၉၆၂ ခုႏွစ္မွစတင္ကာ အမ်ိဳးသားပညာသည္ဆုႏွင့္ အမ်ိဳးသမီး ပညာသည္ဆုမ်ားကို
အမ်ိဳးသား ဇာတ္ေဆာင္ဆု အမ်ိဳးသမီးဇာတ္ေဆာင္ဆု၊ အမ်ိဳးသားဇာတ္ပို႔ဆု၊ အမ်ိဳးသမီးဇာတ္ပို႔ဆုဟု
ထပ္မံခြဲျခားကာ ထူးခၽြန္ဆုအေရအတြက္ကို တိုးျမႇင့္ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။
၁၉၉၀ ျပည့္ႏွစ္မွစၿပီး ေနာက္ပိုင္းကာလမ်ားတြင္ ဇာတ္ကားဆု၊ ဒါရိုက္တာဆု၊ အမ်ိဳးသားဇာတ္ေဆာင္ဆု၊
အမ်ိဳးသမီးဇာတ္ေဆာင္ဆု၊ အမ်ိဳးသားဇာတ္ပို႔ဆု၊ အမ်ိဳးသမီးဇာတ္ပို႔ဆု၊ ႐ုပ္ရွင္ဓာတ္ပုံဆု၊ ႐ုပ္ရွင္ဇာတ္ညႊန္းဆု၊
႐ုပ္ရွင္ေတးဂီတဆု၊ ႐ုပ္ရွင္အသံဆု၊ ႐ုပ္ရွင္တည္းျဖတ္ဆု၊ တစ္သက္တာ႐ုပ္ရွင္ထူးခၽြန္ဆု စသည္ျဖင့္ တိုးျမႇင့္ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။
၂၀၂၃ ခုႏွစ္ ၊ယေန႔ ေမလ ၆ ရက္ ေနျပည္ေတာ္ၿမိဳ႕ေတာ္ခန္းမအနီးရွိ လဟာျပင္ကဇာတ္႐ုံတြင္ ခမ္းနားသိုက္ၿမိဳက္စြာက်င္းပရန္
စီစဥ္ေဆာင္ရြက္ထားၿပီး အကယ္ဒမီဆုရွင္၊ အႏုပညာရွင္၊ အတတ္ပညာရွင္မ်ားကိုလည္း ေရႊ ၅ က်ပ္သားရွိ အကယ္ဒမီေရႊစင္႐ုပ္ထုမ်ားကို
ခ်ီးျမႇင့္ေပးအပ္သြားမည္ ျဖစ္သလို ျမန္မာနိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွလည္း ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂ ခုႏွစ္
ျမန္မာ့႐ုပ္ရွင္ထူးခၽြန္ဆုေပးအပ္ပြဲအခမ္းအနားသို႔ တတ္ေရာက္လာမည့္ အကယ္ဒမီရရွိဖူးသည့္
အႏုပညာရွင္၊အတတ္ပညာရွင္မ်ားကို ေရႊအစစ္ျဖင့္ ျပဳလုပ္ထားေသာ အကယ္ဒမီပုံေရႊရင္ထိုးမ်ားကို
အခမ္းအနားက်င္းပမည့္ ရက္ကားဘတ္ ေရႊစင္ထိုးအခမ္းအနားတြင္ ေပးအပ္ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔အျပင္ အေကာင္းဆုံးဝတ္စားဆင္ယင္မႈမွ ဖက္ရွင္ဆုကို အမ်ိဳးသားႏွစ္ဦး၊ အမ်ိဳးသမီးႏွစ္ဦးကိုလည္း ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
Unicode
မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ
သမိုင်းတွင် ပထမဆုံးအကြိမ်အနေဖြင့် (၃) နှစ်စာ
အကယ်ဒမီဆုချီးမြှင့်ပွဲအခမ်းအနားကိုအား
ယနေ့ မေလ (၆) ရက် ညနေ (၆)နာရီတွင် နေပြည်တော် ၊ မြို့တော်ခံမအနီးရှိ
လဟာပြင်ကဇာတ်ရုံ၌ အကယ်ဒမီဆုချီးမြှင့်ပွဲ အခမ်းအနားအား ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရုပ်ရှင်အနုပညာရှင်များအတွက် အဓိကမှတ်တိုင်တစ်ခုဖြစ်သည့်
မြန်မာ့ရုပ်ရှင်ဆု ချီးမြှင့်ပွဲကို ၁၉၅၂ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး
၁၉၅၂ ခုနှစ်နှင့် ၁၉၅၃ ခုနှစ်တို့တွင် အကောင်းဆုံးဇာတ်ကား ပထမဆု၊ ဒုတိယဆု၊ တတိယ အကောင်းဆုံး အမျိုးသား
ပညာသည်ဆုနှင့် အကောင်းဆုံး အမျိုးသမီး ပညာသည်ဆုစသည့် ရုပ်ရှင်ထူးချွန်ဆု (၃)မျိုးသာ သတ်မှတ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၁၉၅၄ ခုနှစ်တွင် ဒါရိုက်တာထူးချွန်ဆုကို တိုးမြှင့်ချီးမြှင့်ခဲ့ပြီး
၁၉၅၅ ခုနှစ်တွင် ဇာတ်ကားထူးချွန်ဆုကို ပထမ၊ဒုတိယ၊ တတိယ ဟု မခွဲခြားတော့ပဲ အကောင်းဆုံးဇာတ်ကာဆုတစ်ဆုတည်းကိုသာ
ရွှေအကယ်ဒမီဆုကို ချီးမြှင့်ခဲ့ကြောင်း၊ ၁၉၅၆ ခုနှစ်တွင် ဓာတ်ပုံထူးချွန်ဆုတစ်ဆုကိုပါ ထပ်မံတိုးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ၁၉၅၇ ခုနှစ်တွင် ဆုပုံသဏ္ဍန်ကို ရွှေရင်ထိုး တံဆိပ်မှ တပြေးညီရွှေကိန္ဒရီရွှေစင်ရုပ်သို့
စတင်ပြောင်းလဲချီးမြှင့်ခဲ့ပြီး ၁၉၆၂ ခုနှစ်မှစတင်ကာ အမျိုးသားပညာသည်ဆုနှင့် အမျိုးသမီး ပညာသည်ဆုများကို
အမျိုးသား ဇာတ်ဆောင်ဆု အမျိုးသမီးဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီးဇာတ်ပို့ဆုဟု
ထပ်မံခွဲခြားကာ ထူးချွန်ဆုအရေအတွက်ကို တိုးမြှင့်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
၁၉၉၀ ပြည့်နှစ်မှစပြီး နောက်ပိုင်းကာလများတွင် ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသားဇာတ်ဆောင်ဆု၊
အမျိုးသမီးဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီးဇာတ်ပို့ဆု၊ ရုပ်ရှင်ဓာတ်ပုံဆု၊ ရုပ်ရှင်ဇာတ်ညွှန်းဆု၊
ရုပ်ရှင်တေးဂီတဆု၊ ရုပ်ရှင်အသံဆု၊ ရုပ်ရှင်တည်းဖြတ်ဆု၊ တစ်သက်တာရုပ်ရှင်ထူးချွန်ဆု စသည်ဖြင့် တိုးမြှင့်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ၊ယနေ့ မေလ ၆ ရက် နေပြည်တော်မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံတွင် ခမ်းနားသိုက်မြိုက်စွာကျင်းပရန်
စီစဉ်ဆောင်ရွက်ထားပြီး အကယ်ဒမီဆုရှင်၊ အနုပညာရှင်၊ အတတ်ပညာရှင်များကိုလည်း ရွှေ ၅ ကျပ်သားရှိ အကယ်ဒမီရွှေစင်ရုပ်ထုများကို
ချီးမြှင့်ပေးအပ်သွားမည် ဖြစ်သလို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှလည်း ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂ ခုနှစ် မြန်မာ့ရုပ်ရှင်ထူး
ချွန်ဆုပေးအပ်ပွဲအခမ်းအနားသို့ တတ်ရောက်လာမည့် အကယ်ဒမီရရှိဖူးသည့် အနုပညာရှင်၊အတတ်ပညာရှင်များကို ရွှေအစစ်ဖြင့် ပြုလုပ်ထားသော အကယ်ဒမီပုံရွှေရင်ထိုးများကို အခမ်းအနားကျင်းပမည့် ရက်ကားဘတ် ရွှေစင်ထိုးအခမ်းအနားတွင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အကောင်းဆုံးဝတ်စားဆင်ယင်မှုမှ ဖက်ရှင်ဆုကို အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။