သဘာ၀အတိုင်းအသားအရေ လှပစေရန်ပြုလုပ်နည်း (၁၂) မျိုး-
လှချင်ရင် မပျင်းနဲ့ခုခေတ် ကာလကြီးမှာက ကျား/မမရွေး လှပချင်ကြတာပါပဲ။
မိန်းကလေးမှ လှလို့ရတာမဟုတ် ပါဘူးနော်
သဘာဝကျကျ ကြည်လင်ရှင်းသန့်နေ တဲ့မျက်နှာနဲ့ စိုပြည်ဝင်းပနေ တဲ့အသားအရေမျိုး ပိုင်ဆိုင်ထားမယ်ဆိုယောင်္ကျား မိန်းမဘယ်သူဖြစ်ဖြစ် ကျက်သရေ ရှိစွာတင့်တယ်နေ မှာပဲနော် ။လက်ဘက်ကောင်းစားချင်ရင် ပလောင်တောင် တက်နှေးရတယ် ဆိုတဲ့စကားပုံ လိုပဲလေ။
ခုရေတွင်းတူး ခုရေကြည်သောက် ချင်လို့က မရနိုင်ပါဘူး။ အလှအပရေးရာမှာ အချိန်တစ်ခု ကတော့ပေးကိုပေး ရပါတယ်။
ရှုပ်တယ်။ ငွေဘယ်လောက် ကုန်ကုန် ခုလှချင်နေ ပြီဆိုတဲ့သူတွေကတော့ Plastic surgery တွေလုပ်၊ Botox တွေထိုး၊ Fillers တွေထိုးနဲ့ ပြေးလုပ်ကြ တာပေါ့လေ။
ဒါတွေကလည်း အတိုင်းအတာ တစ်ခုအထိတော့ အချိန်ကုန်တာပါပဲ။အသားလည်း နာတာပေါ့လေအလှစစ်စစ်ကို တကယ်ကြီး ကိုပိုင်ဆိုင်ချင်တယ် ဆိုတဲ့သူတွေကို အက်မင်ကနည်းလမ်းလေးတွေပြောပြချင်ပါတယ်။
နေ့တိုင်းပုံမှန်လုပ် ကိုလုပ်ရမှာဖြစ်ပြီး ကြာရှည် လုပ်ဖို့ကတော့ ဇွဲရှိဖို့လိုပါမယ်။ပျင်းတယ်၊ ဖြတ်လမ်းပဲ ကြိုက်တယ်ဆိုတဲ့ သူတွေနဲ့တော့ အဆင်ပြေမှာမဟုတ်ပါဘူးနော်။
ရတယ်။ လုပ်မယ်။ ချ။ စိတ်ဓါတ်ခိုင်မာတယ်။ငွေကုန်ကြေးကျ လည်းသက်သာမယ်၊ သဘာဝအလှ စစ်စစ်ကိုပဲ သဘောကျ တယ်ဆိုသူများ
၁.ဆံပင်များ စည်းနှောင်လိုက်ပါ။ မျက်နှာသေချာစင်ကြယ်အောင်သစ်ပါ။
ဘာမှမလိမ်းခြယ် ထားတဲ့မျက်နှာလေးကို သဘာဝအ လင်းရောင်အောက်မှာ ရိုးရိုး ကင်မရာနဲ့ပဲ Selfie ဆွဲလိုက် ပါတော့နော်။
၂.တစ်နေ့ ရေ ၂လီတာသောက်ပါ။ ချွေးထွက်များရင် ပိုသောက်ပါ။ ဓါတ်ဆားသောက်ပေးပါ။
၃.မနက်၊ နေ့လည်၊ ည တစ်နပ်မှမ လွတ်အောင် သေချာစားပါ။
အသီးအနှံ အသားငါး စုံအောင်စားပါ။ ထမင်းစားပြီး အသီးတစ် လုံးစားပါ။ အဆီ၊ ဆီကြော်၊ အငန် ရှောင်ပါ။
၄.တစ်ညကို ၇နာရီအိပ်ပါ။ Facebook ပွတ်ပြီးအချိန် မကုန်ပါနဲ့။
ရည်းစားကို ရစ် မနေပါနဲ့။ ဘာမှလျှောက်တွေးပြီး လမ်းတွေပျောက် မနေပါနဲ့။အဲဒီ့အစား သီချင်းအေးအေးလေးဖွင့်ပြီး အိပ်လိုက်ပါ။
၅. စိတ်ချမ်း သာအောင်နေပါ။ စိတ်ညစ် စရာတွေ ခဏခေါက် ထားပါ။
ပျော်အောင်နေပါ။ လူတိုင်းလူတိုင်းဟာ သူ့ဒုက ခနဲ့သူပါ။ကိုယ်တစ်ယောက် ထဲပြဿနာတက်နေ တာမဟုတ်ပါဘူး။
၆.တစ်နေ့ နာရီဝက် လေ့ကျင့်ခန်း လုပ်ပါ။ အထွေအထူး မလုပ်တတ်ရင် ဒိုက်ထိုး၊ ထိုင်ထပဲလုပ်ပါ ။
၇. တစ်ပတ် ၂ကြိမ် Scrub လုပ်ပါ။ ဈေးကြီးပေးပြီး မဝယ်ချင်ရင် ကော်ဖီကြမ်းမှုန့်၊ ပျားရည်၊ သံလွင်ဆီရောပြီး ဆားနည်းနည်း၊
၈. နေရောင်ထဲ ထွက်ရင် ကာကွယ်သွားပါ။ Sunblock လိမ်းပါ။ ထီးဆောင်းပါ။ လက်ရှည်ဝတ်ပါ။
သကြားနည်းနည်းထည့် ကိုယ့်ဘာသာ scrub လုပ်ပြီးသုံးပါ။ သံလွင်ဆီအစား အုန်းဆီလည်း ရပါတယ်။
၉. တစ်နှစ်အကြာမှာ Selfie ထပ်ဆွဲပါ။ အရင် ၂ပုံနဲ့ ယှဉ်ကြည့်လိုက်ပါ။
သံလွင်ဆီက ခေါင်းအစခြေအဆုံးလိမ်းလို့ရပါတယ်။၁၀-တစ်ပတ် ၂ကြိမ် Scrub လုပ်ပြီးတိုင်း ပေါင်းတင်ပေးပါ။သဘာဝပစ္စည်းတွေ နဲ့ပေါင်းတင်နည်းတွေကို မာယာပေ့ချ်မှာ တင်ပေးထားတာတွေ အများကြီးရှိပါတယ်။ကိုယ်နဲ့အဆင်ပြေမယ့် နည်းလမ်းကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
၁၁-တစ်လအကြာမှာ Selfie ပြန်ဆွဲပါ။ ပထမဆုံး Selfie ပုံနဲ့ယှဉ်ကြည့်ပါ။
၁၂.ညအိပ်ယာဝင်ခါနီးတိုင်း Skincare ပုံမှန်လိမ်းပါ။ ဈေးသက်သာချင်ရင် သံလွင်ဆီလိမ်းပေးပါ။
အဆင့် ၁၂ ခုကို ဇွဲကောင်းကောင်းနဲ့လုပ်ပြီးသွားပြီဆိုရင်တော့မိတ်ကပ်မလိမ်း ထားလည်းစိုပြေဝင်းပပြီးသဘာဝအတိုင်း Glow နေတဲ့မျက်နှာကို အထာကျကျမော့ထားပြီး သဘာဝအလှဆိုတာ ငပျင်းတွေအတွက်မဟုတ်ဘူး လို့ ခပ်ချေချေနဲ့ပြောနိုင် ပါပြီနော် ။
If you have diligently completed the 12 steps, you will have a face that glows naturally even without makeup, and you can confidently say that natural beauty is not for the lazy.