အရက်ကြိုက်သူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ ဒီအပင် အညာမှာ သိပ်ပေါတယ်…
ဒီနေ့တော့ ခက်ခဲနေတဲ့ မိတ်ဆွေများအတွက် မခက်ခဲတဲ့ဆေးနည်းကောင်းလေးမျှဝေပါရစေ
မသိသူကျော်သွား သိသူဖော်စား
အပင်အမည်ကတော့ နေရာအလိုက် နည်းနည်းကွဲပြားပါတယ်……
ခရာပင် ၊ ခယောင်းပင် ၊ ဆူးခရာ စသဖြင့် ဒေသအလိုက် ကွဲပြားပေမယ့် ဆေးစွမ်းနဲ့
အာနိသင်ကတော့ အမျိုးသားများ အတွက် အင်မတန်ကောင်းပါတယ်။
ခယောင်းလမ်းကို လျှောက်ရဲလား ဆိုတဲ့ အတိုင်း အပင်က ဆူးလေးတွေနဲ့ပါ။
ဆေးစွမ်းများက””
အသဲခြောက် ခြင်းကို အတော်နိုင်ပါတယ်… အသိမိတ်ဆွေတစ်ယောက် အရက်သောက်ပါတယ်
ကျန်းမာရေးက ချို့တဲ့ လာတော့ ဆရာဝန်အဆင့်ဆင့်ပြ နောက်ဆုံး အသဲခြောက်နေပြီ ဆေးမနိုင်တော့ဘူး အဆင့်ကိုရောက်လာခဲ့ပါတယ်။
ခြောက်လတောင်မခံတော့ဖူးဖြစ်လာပါတယ်။
အဲ့ဒီမှာ တခြားမိတ်ဆွေတစ်ယောက်က သူကိုယ်တိုင် ကြုံတွေ့ခဲ့ရ ပျောက်ကင်းဖူးတဲ့ အညွှန်းနဲ့
ခရာပင်(ခေါ်) ခယောင်းပင် အမြစ် တွေပါမကျန် နည်းနည်းအခြောက်ခံပြီး ရေနွေးကြမ်းထဲ
လက်ဖက်ခြောက်ခပ်သလိုထည့်ထည့် သောက် လာတာ အခုဆို ခြောက်လခံမယ့်သူက နှစ်နှစ်ရှိပါပြီ အသားအရေကအစ ပြန်လည် လန်းနေပါပြီ…
နောက်တစ်ခုက အမျိုးသားများ အူကျ ဘောကျခြင်းပါ အပင်ကို အမြစ်ပါမကျန် အခြောက်ခံ အမှုန့်ကြိတ်ပြီး
အုန်းဆီနဲ့ ခပ်ပြစ်ပြစ်ဖျော် အပေါ်ကို ကျနေတဲ့ဘော ကို အပေါ်ကို သပ်သပ်တင်ပြီး လိမ်းပေး ပျောက်ကင်းပါတယ်။
အပင်က ဘယ်နေရာတွေမှာ ပေါက်သလည်းဆို လယ်ယာ မြေ စားကျတ်မြေ ၊ ကိုင်း၊ ကျွန်း၊ နေရာစုံ တွေ မှာ အလေ့ကျကို ပေါက်တာပါ။
အပွင့်လေးတွေကို အခြောက်ခံပြီး ရေနွေးကြမ်း လက်ဖက်ခြောက်လို မျိုးထည့်ထည့်သောက်ရင်လည်း အဆုတ်အားကောင်းစေပြီး အိပ်ပျော်စေပါတယ်။
တခြား အသုံးဝင်ပုံများ ရှိခဲ့မယ်ဆိုရင်လည်း ဝေမျှပေးခဲ့ပါအုံးနော်