Health Care

နှစ်ရှည်လများ ဒူးနာ ၊ ခါးနာ၊လက် နာကျင်ကိုက်ခဲခြင်း ဝေဒနာတို့အတွက် ဂွေးတောက်ရွက်နှင့် သနပ်ခါးအစွမ်း…

အမျိုးသမီးများ အဖြစ်များလေ့ရှိတဲ့ ဒူး ခါး လက်တို့ နာကျင်ကိုက်ခဲခြင်း ဝေဒနာဆိုးကို သက်သာပျောက်ကင်းစေမယ့် ကိုယ်တွေ့ ဆေးနည်းကောင်းလေး ဖြစ်ပါတယ်။

ဂွေးတောက်ရွက် အနည်းငယ်ကိုထောင်း ထွက်လာတဲ့ အရည်နဲ့ သနပ်ခါးကို သွေး ဒူးကနေစပြီး ခြေဖြားအထိ လိမ်းရခြင်း ဖြစ်ပါတယ်။
ရောဂါ အနုအရင့် အလိုက် နေ့စဉ် ရေချိုးပြီး တစ်ကြိမ်၊ ညအိပ်ရာဝင် တစ်ကြိမ် ပုံမှန် လိမ်းပေးမယ်ဆို့ သိသိသာသာ ပျောက်ကင်းလာပါလိမ့်မယ်။
ကိုနိုင်ဆိုသူ ရဲ့ ဇနီးဖြစ်သူဟာ တစ်နေကုန်မိုးမိပြီး ဒူးအဆစ်ရောင်ပြီး ကိုက်ခဲသွားပါတယ်။

ဆေးပေါင်းစုံလိမ်း စမ်းကြည့်ပေမယ့်လည်း သက်သာသလိုလိုနဲ့ မကောင်းဘူး ဖြစ်နေခဲ့တယ်။

နောက်ဆုံး ရေအိမ်ဝင်တာတောင် မထိုင်နိုင် မထနိုင်နဲ့ တော်တော်လေး ဆိုးနေတာကို မြင်သွားတဲ့ သူငယ်ချင်းတစ်ယောက် က ဂေါက်ရောဂါဖြစ်နေတဲ့ သူ့အမျိုးသမီးကို ထိုးဆေးနည်းနဲ့ ကုပေးရာက သက်သာပျောက်ကင်းသွားတယ်လို့ ပြောလာပါတယ်။

စမ်းကုကြည့်ပါ ဆိုတာနဲ့ ကုကြည့်လိုက်တာ တကယ် သက်သာပျောက်ကင်းလာတာကြောင့် အလားတူ ဝေဒနာရှင်များကို သက်သာစေချင်တာမို့ “ဂွေးတောက် နဲ့ သနပ်ခါး ဆေးနည်း” ကို တင်ပြပေးလိုက်ပါတယ်။

ဂေါက်ရောဂါ ဝေဒနာရှင်များအတွက် ခွေးတောက်နှင့် သနပ်ခါး
ဆေးနည်းမှာ ခွေးတောက်ရွက်ကို ရေအနည်းငယ်နှင့် ထောင်းပါ။ ၎င်းအရည်နှင့်သနပ်ခါးကို သွေး၍ ဒူးမှစ၍ ခြေဖျားထိ လိမ်းပေးရန် ဖြစ်ပါသည်။
ရောဂါ အနုအရင့်အလိုက် နေ့စဉ် ရေချိုးပြီး တစ်ကြိမ် ညအိပ်ယာဝင် တစ်ကြိမ် လိမ်းပေးပါ။ သိသာစွာ သက်သာ လာပါမည်။

စာဖတ်သူ မိဘပြည်သူများအနေဖြင့် ကျွန်တော်တို့ တင်ပြပေးထားသည်ကို ဖတ်၍ ဗဟုသုတအဖြစ်မှတ်သားစရာ တစ်ခုခု ကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။

အခြားသူများလည်း သိစေရန် ပြန်လည် မျှဝေခြင်းဖြင့် ကျန်းမာ‌ရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။