ၾကားသိရသမွ်

အတူနေပြီး လက်မထပ်သည့် အမျိုးသား များအတွက် ဥပဒေ..See More

အတူနေပြီး လက်မထပ်သည့် အမျိုးသား များအတွက် ဥပဒေ

သမီး ရည်းစား ဘဝ တွင် အတူနေထိုင်ပြီး လက်မထပ်သည့် အမျိုးသား များ ကို ထောင်ဒဏ်ငါးနှစ်နှင့် အထက်အရေးယူနိုင်သည့် ဥပဒေ ရေးဆွဲပြဋ္ဌာန်း သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်သည့်

မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီး ရေးရာ ကော်မတီ အစည်းအဝေးနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ အစည်းအဝေး ပွဲမှ သိရသည်။

ငါးနှစ်နဲ့ အထက်ပေါ့နော်။ အကယ်၍များ အမျိုးသမီး မှာ ကိုယ်ဝန် ပါ ရှိသွားမယ်ဆိုရင် အဲ့ဒီ အမျိုးသား ဟာ အနည်းဆုံး ထောင်ဒဏ်ခုနစ်နှစ်ဆိုပြီး

ကျွန်မတို့က အဲ့လိုမျိုး ထည့်သွင်းထားပါတယ် ဟု လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နော်သဝါက မီဒီယာများသို့ပြောသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်ရေး အထူးဥပဒေကို လာမည့် လွှတ်တော် အစည်းအဝေးတွင် အတည်ပြုပြဋ္ဌာန်းနိုင်ရန် ဆောင် ရွက်နေကြောင်း သိရသည်

ယင်းဥပဒေအရ အမျိုးသမီး တစ်ဦး စိတ် အနှောင့်အယှက် ဖြစ်စေရန် အနောက်မှလိုက်၍ စကားပြောလျှင် လည်း အပြစ်ဒဏ်မြောက်သည်ဟု ထည့်သွင်းထားကာ

လက်ရှိအချိန်တွင် အမျိုးသမီး များသည် အကြမ်းဖက်ခံရပြီး လူတောမတိုးရဲသည့် အခြေ အနေ ဖြစ်လာခြင်းကြောင့် အမျိုးသမီး များကို အကာအကွယ်ပေးသည့်

ဥပဒေ ရေးဆွဲနေခြင်း ဖြစ်ကြောင်းသိရသည်။“အမျိုးသမီး တွေကို ညှဉ်း ပန်းနှိပ်စက် အကြမ်းဖက် နေတာ မျိုးစုံရှိ တယ်။

ရုပ်ပိုင်းဆိုင်ရာ ကွဲရှ ထိခိုက်သွားမှ မဟုတ်ဘူး၊ စိတ်ပိုင်းဆိုင်ရာတွေလည်း များကြီးရှိတယ်” ဟု လူမှုဝန်ထမ်းဦးစီးဌာန ခေတ္တညွှန်ကြားရေး မှူး ဒေါက် တာစန်းစန်းအေးကပြောသည်

အမျိုးသမီး များအပေါ် အကြမ်းဖက် မှု တားဆီးကာကွယ်ရေး ဥပဒေ ကို အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အမျိုးသမီး များကို

ရှုထောင့်ပေါင်း စုံမှ ကာကွယ် စောင့်ရှောက်ပေးနိုင်ရန် မြန်မာတစ္ျပည္လုံးဆိုင်ရာ အမျိုးသမီး ရေးရာ ကော်မတီ ဥက္ကဋ္ဌ ၊ လူမှု ကယ်ဆယ်ရေးနှင့်

ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။ အဆိုပါ ဥပဒေ ကို အတည်ပြုပြဋ္ဌာန်းပြီးပါက

တိုင်းဒေသကြီးနှင့် ပြည် နယ် ဒေသရှိ အောက်ခြေကျေးရွာများအထိ အမျိုးသား၊ အမျိုးသမီးများကို အသိပညာပေးရန် ဆောင်ရွက်ထားကြောင်းလည်း သိရသည်။ZMT