အကယ်ဒမီပေးပွဲတတ်လာတဲ့ ဟာသသရုပ်ဆောင် ကိုပါကျဲ ဝတ်စားဆင်ယဉ်မှုနဲ့ ပတ်သတ်ပြီး လူတစ်ချို့က ဘလိန်းကြတယ်
သူရဲ့အင်တာဗျူးတွေမှာ
သူဟာ အတော်မပြေလည်ကြောင်းနဲ့ စားဝတ်နေရေးကိုတောင်
အတော်ကြိုးစားဖြေရှင်းနေရကြောင်းတွေ အကြိမ်ကြိမ် အဖန်ဖန် ဖြေကြားဖူးပါတယ်
အခု အခြေနေဟာလည်း လူဂုဏ်တန်တွေကြား သူ့မှာရှိတာလေးနဲ့ အဆင်ပြေအောင်ဆိုပြီး ကြိုးစားခဲ့ပုံ ပေါ်လွင်နေတာပဲ
အံသွတာက သူ့အဝတ်အစားကို လှောင်ပြောင်ရယ်မောနေတဲ့ သူတွေကိုပါ
ဒါ့ကြောင့်မို့လို့ တချို့အကြောင်းအရာတွေဟာ သင်ခန်းစာတွေ အများကြီးပေးနိုင်ပါတယ်
တကယ့်တကယ် စိတ်ဓာတ်အဆင့်ရှိတဲ့သူတွေဟာ ဘယ်တော့မှ
သူတပါးကိုလှောင်ပြောင်မနေကြပါဘူး
တစ်ပါးသူကိုလှောင်ပြောင်နေတယ်၊ ဖေ့ဘုတ်မှာလူတစ်ဖက်သားကို ဆဲဆိုနေတဲ့သူတွေကို ကြည့်လိုက်ပါ
သူတို့ရဲ့ဘဝတွေမှာ သူတို့ကိုယ်တိုင်လည်း မပြည့်စုံမှုတွေ၊ ရှုပ်ထွေးမှုတွေ၊ အလိုမကျမှုတွေနဲ့ ပြည့်နှက်နေတဲ့လူတွေများပါတယ
ဒါ့ကြောင့်သူတို့ဟိာုယ့်ရဲ့စိတ်ရှုပ်ထွေးမှုကို ကာဗာယူတဲ့အနေနဲ့ တပါးသူကို လှောင်လိုက်၊ ပြောင်လိုက်၊ ဆဲဆိုလိုက်ဖြစ်နေကြတာ
ထူးတော့မထူးဆန်းပါဘူးလေ ။