မုန်တိုင်းမလာမီဆူနာမီတုန်းကလို စစ်တွေကမ်းခြေမှာ ထူးထူးခြားခြား လက္ခဏာတွေ ပြသနေပြီ ဘေးကင်းကြပါစေ
စစ်တွေကမ်းခြေမှာ တော့ ထူးထူးခြားခြား သဲချိုင့်ခွက်ကြီးတွေ စတင်ဖြစ်နေပြီလို့ ဒေသခံ တယောက်ကတင်ထားတယ်
မုန်တိုင်း တနာရီ မိုင် ၁၀၀ လောက်နဲ့ ဝင်ဆောင့်တာ ခံရမယ့် စစ်တွေ နဲ့ ကျောက်ဖြူ က မိတ်ဆွေတွေ အတွက် စိတ်ပူတယ်..
ဆူနာမီတုန်းက လဲ ခုလို ပုံမှန်မဟုတ်တဲ့ လဏ္ခာတွေ ပြတယ် … အဲတုန်းက သတိမထိထားကြ အတွေ့အကြုံ မရှိကြသေးလို့…
ခုတခါကတော့ လူသာအဓိက .. လွတ်နိုင်သလောက်သာ ကမ်းခြေနဲ့ ဝေးဝေးပြေးပေတော့..အမြင့်ပေ အနည်းဆုံး ၃၀ ကျော်လောက် မြင့်မယ့်နေရာတွေ ခိုင်ခံတဲ့ အဆောက်အဉီးတွေ ဆီ ကြိုရှောင်ထားကြပါ… လေ့လာမိသလောက် လိုက်ရှာကြည့်တာ စစ်တွေ ကမ်းခြေနားကို ရိုက်ခတ်မယ့် ဒီလှိုင်း အမြင့်က ၁၉ ပေ ၂၀ နီးပါး ရှိပါတယ်..
၂ ထပ်တိုက် အမြင့်နီးပါး ရှိပါတယ် ခြောက်တာ လှန့်တာ မဟုတ်ပါ … အားလုံးအတွက် စိုးရိမ်ရလို့ပါခုပုံတွေ ရိုက်တင်ပေးလိုက်တဲ့ MMK ဆိုတဲ့ ညီလေးကတော့ ရှောင်စရာ သွားစရာလဲ နေရာ မရှိလို့ မုန်တိုင်း ကို ရင်ဆိုင်လိုက် မယ်တဲ့ စိတ်မကောင်းစရာပဲ..
ကမ်းခြေမှာ ဆက်နေမယ့်အစား အရေးကြီးတာလေး သယ်ပြီး ကုန်းတွင်းပိုင်းဆီလမ်းလျှောက်သွားရင် တရက်ခရီးဆိုရင် ဆိုသလောက် ခိုလို့ ရမယ့် တနေရာရာတော့ တွေ့နိုင်ပါတယ် ညီရေ..အသက် ဉာဏ်စောင့်ပါတယ်
Photo CRD # min min khine
#KoMyatThu
zawgyi code
Photo CRD # min min khine
#KoMyatThu