Weather

ကုန်းတွင်ကို ဝင်ရောက်တိုက်ခတ်နေပြီဖြစ်တဲ့ မိုခါမုန်တိုင်းရဲ့ အဖျက်စွမ်းအားအခြေအနေ

ကုန်းတွင်ကို ဝင်ရောက်တိုက်ခတ်နေပြီဖြစ်တဲ့ မိုခါမုန်တိုင်းရဲ့ အဖျက်စွမ်းအားအခြေအနေ

ကုန်းတွင်းကိုဝင်နေချိန်မှာ လေတိုက်နှုန်းကတော့ တစ်နာရီ ၁၃၆ မိုင်နှုန်းကို ကျလာတယ်။ မုန်တိုင်းဒီလှိုင်းက ၃.၁ မီတာ(၁၀ ပေ ကျော်ကျော်)အထိတက်လာတယ်။

136 mph(218 km/h)လေပြင်းတိုက်တဲ့ဒဏ်ရယ် ၁၀ ပေကျော်အမြင့်ရှိတဲ့ ရေထုကြီး အရှိန်အဟုန်နဲ့ ဝင်လာမဲ့ဒဏ်ရယ် သဘာဝဘေး ၂ မျိုးရဲ့ဒဏ်ကို ခံရမယ်။

တတ်နိုင်သလောက် ခိုင်ခန့်ထူထဲတဲ့ အကာအကွယ်များယူပြီးနေကြပါ။ အိမ်တွေထဲမှာ မွေ့ရာထူထူရှိရင် အဲ့ဒါနဲ့ ပတ်ပြီး အကာအကွယ်ယူထားပါ၊

ပြူတင်ပေါက်တွေနားကို မသွားပါနဲ့၊ ကလေးသူငယ်များနဲ့ သက်ကြီးရွယ်အိုများကို ဂရုစိုက်ကြပါ။ အပြင်လုံးဝမထွက်ကြပါနဲ့တော့။




