သမီးလေးဂျူးဂျူးကို အရမ်းချစ်ကြောင်း စာသားလေးနဲ့ ဖော်ပြခဲ့တဲ့ မေမေနန်းမြတ်ဖြိုးသင်း
မကြာသေးခင်က အဆိုတော်နဲ့ သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းဟာ သူမရဲ့ကိုယ်ပိုင် Facebook ကနေ ပုံလေးတွေကို ကြည်နူးစရာစာလေးနဲ့အတူဝေမျှခဲ့ပါတယ်။နန်းမြတ်ဖြိုးသင်းဟာ သမီးလေးဂျူးဂျူးနဲ့ရိုက်ထားတဲ့ ပုံလေးတွေကိုတင်ခဲ့တာဖြစ်ပြီး မြင်တွေ့ခဲ့ရတဲ့ ပရိသတ်တွေကို ကြည်နူးစေခဲ့ပါတယ်။
နန်းမြတ်က “ မေမေဂဏန်းညှပ်နဲ့မီးမီးတုတ်တစ် တို့သားမိ ၊သမီးလက်ကိုဆွဲ ပျော်ရွှင်စွာရှေ့ဆက်ကြမယ်မေ့သမီးဂျူးလေးရေ ‘’ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ကြည်နူးစရာကောင်းအောင် မျှဝေခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကလည်း ချစ်စရာသားအမိနှစ်ယောက်ရဲ့ပုံလေးတွေနဲ့ မေမေနန်းမြတ်ရဲ့စာလေးကို အထူးနှစ်သက်သဘောကျခဲ့ကြပါတယ်။
နန်းမြတ်ဟာ ခင်ပွန်းဖြစ်သူကွယ်လွန်သွားခဲ့ပေမယ့် သားလေးဂျက်ဂျက်ရယ် သမီးလေးဂျူးဂျူးလေးရယ်နဲ့အတူ ဘဝကိုအကောင်းဆုံး၊အလှပဆုံးဖြတ်သန်းနေတဲ့ အမျိုးသမီးတစ်ယောက်လည်းဖြစ်ပါတယ်။နန်းမြတ်ဟာ သားသမီးလေးတွေနဲ့အတူ ကြော်ငြာလေးတွေရိုက်ရင်း ၊ပွဲတချို့တက်ရင်း ၊Vlog လေးတွေရိုက်ရင်း သူမရဲ့အချိန်တွေကို ကုန်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။
သားသမီးအလိမ္မာလေးတွေရရှိထားတာကြောင့်လည်း နန်းမြတ်အနေနဲ့ အခုလိုစိတ်ချမ်းသာ၊ကိုယ်ကျန်းမာနဲ့ နေနိုင်တာလည်း ဖြစ်ပါတယ်။ဆက်လက်ပြီးလည်း ဒီချစ်စရာသားအမိတွေ အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေသွားနိုင်ပါစေလို့ ဆုတောင်းပေးရင်း သမီးလေး ဂျူးဂျူးနဲ့ မေမေနန်းမြတ်တို့ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်။