မနှိုင်းယှဥ်ရဲ့ဗီဒီယိုလေးကြည့်ပြီး မျက်ရည်ဝဲမိတယ် ဆိုတဲ့ ပက်ထရစ်ရှာ
မနှိုင်းယှဥ်ရဲ့ဗီဒီယိုလေးကြည့်ပြီး မျက်ရည်ဝဲမိတယ်။
ကိုယ့်တုန်းကလည်း ဘာအတွေ့အကြုံမှ မရှိသေးတဲ့
Model ပေါက်စအငုံးလေး ဘဝပဲရှိသေးတယ်အခ်ိန္
Trauma ပါရသွားတာ၊ အဲ့ခေတ်တုန်းက MFDG Fashion Show မှာ Runway လျှောက်မယ့် Rehearsal Day ပေါ့။
ရှာရှာက ကိုယ့်အလှည့်မကျသေးခင် ခုံလေးမှာ အမေနဲ့ထိုင်စောင့်လို့၊
ရှာရှာ့ဆရာက နိုင်ငံကျော် Fashion ဒီဇိုင်နာနဲ့ ရှာရှာ့ကို မိတ်ဆက်ပေးမလို့ “သမီးရေ ဒီကိုလာပါဦး” ဆိုပြီး
ဟိုဘက်အခြမ်းကနေ လှမ်းခေါ်လို့ ထပြီးလမ်းလျှောက်အသွားမှာ နိုင်ငံကျော်၊ ပြည်သူ့အချစ်တော်မင်းသမီးက
ကိုယ့်ကိုမျက်လုံးမှာ အဓိပ္ပာယ်ကြီးနဲ့ မျက်နှာကိုမဲ့ရွဲ့ပြီး ခေါင်းအစခြေအဆုံးကြည့်လိုက်တဲ့ အကြည့်ကြောင့်
အနုပညာခြေလှမ်းအစမှာတင် ထိုင်ငိုခဲ့ရတဲ့အထိပါပဲ။ သူ့အကြည့်က အခုမှ အနုပညာလောကထဲကိုဝင်လာတဲ့
Junior အငယ်လေးကို စိတ်ပျက် အားငယ်သွားအောင် Psycho သွင်းတဲ့အကြည့်ကို တမင်ရည်ရွယ်ပြီး လုပ်ပြတာမျိုး
နှစ်တွေကြာလို့ ရှာရှာမင်းသမီးဖြစ်လာတော့ မမနှိုင်းယှဥ်နဲ့ ရှူတင်တွေမှာဆုံရင်း စကားစပ်မိသွားရင်း ပြောဖြစ်ကြတော့မှသိရတယ်။
အဲ့နိုင်ငံကျော်မင်းသမီးက မမနှိုင်းယှဥ်ကိုလည်း သူ့ထပ်လှမှာစိုးလို့ ဆံပင်တွေဆွဲဖြုတ်ပစ်တာတွေ၊ ဇာတ်ရံဆိုပြီး
အနိုင်ယူတာတွေစသဖြင့် ယုတ်မာတဲ့လုပ်ရပ်တွေလုပ်ဖူးတယ်ဆိုတာသိလိုက်ရတော့လေ
(ပရိသတ်တွေရှေ့ကျရင် မြုံစိစိနဲ့ အေးသလိုလိုရိုးသလိုလိုနဲ့ တကယ်တမ်းကျရင် စိတ်ဓာတ်က ပုတ်သိုးလောက်ထိုးပြီး
သူများတွေအပေါ် Twist တွေလုပ်တတ်တဲ့ အကျင့်ကြီးရှိနေမှန်းသိတော့) အဲ့မင်းသမီးကိုဆို အခုထိမုန်းတာအရမ်းပဲ။
တစ်ခြားသူတွေဆီကတစ်ဆင့် နောက်တစ်ခုထပ်ကြားတဲ့ သူ့အကြောင်းကလည်း
တက်သစ်စ Actor ပေါက်စ Junior လေးတွေ ငိုခန်း Drama ခန်းသရုပ်ဆောင်နေချိန်ဆို
အဲ့ဒီသရုပ်ဆောင်တွေ မျက်စိရှေ့တည့်တည့်ကနေ နေပြီး အစားတွေစားပြ ဟာသတွေပြော တဟီးဟီးနဲ့ Mood ရဖို့အရမ်းကြိုးစားရတဲ့
အသစ်လေးတွေကို ဖျက်လိုဖျက်ဆီးလုပ်တာ
ကိုယ်သာ သူများသရုပ်ဆောင်နေတဲ့အချိန် မျက်စိရှေ့နေပြီး အဲ့လိုတွေ အနှောက်အယှက်ပေးပြီးသူများကို
သတ်ချပစ်တာမျိုးတွေမလုပ်ဖူးတာ။ အဲ့လိုလုပ်တတ်တဲ့ အယုတ်တမာတွေကတော့ ဒီလောကမှာ တကယ်ရှိတယ်နော်။
ကြုံဖူးတဲ့သူတိုင်းသိကြတယ်။ အဲ့လိုတွေအလုပ်ခံရပါများလာတဲ့ ကိုယ်တွေက ကြာတော့ စိတ်ရိုင်းကဝင်လာရော စိတ်ပျက်လွန်းလို့
လူအများနဲ့လုပ်ရတဲ့အလုပ်ဆို လုံးဝကိုမလုပ်ချင်တော့တဲ့အထိပဲ ကောင်းတဲ့လူတွေလည်းမရွိဘူးလားဆိုေတာ့ ရှိပါတယ်။
ဒါပေမယ့် ပါဝါရှိတဲ့လူဘက်လိုက်ပြီး ပူးပေါင်း Bullying လုပ်ပေးတဲ့ လူမျိုးတွေကတော့ အများစုပါပဲ” ဆိုပြီး
သရုပ်ဆောင်ပက်ထရစ်ရှာက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။MYC