မိုးကြီးရေလျှံသတိ 🌧🌧🌧
၂၀၂၃သြဂုတ်လ ၁၈ရက်နေ့မှ ၃၁ရက်နေအထိ ဘင်္ဂလားပင်လယ်အော် ကပ္ပလီပင်လယ်ပြင်နှင့်
မုတ္တမပင်လယ်ကွေ့အတွင်း မုတ်သုန်လေအားအလွန့်အလွန်ကောင်းနိုင်ပြီး ထူကဲမိုးရေချိန်တွေရွာသွန်းနိုင်တဲ့
ဒေသတွေကတော့တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်းပဲခူးတိုင်း ဧရာဝတီတိုင်း
ရခိုင်ပြည်နယ်တောင်ပိုင်း ဒေသတွေဖြစ်ပါတယ်
ရေကြီးခြင်း ရေလွှမ်းနစ်မြုတ်ခြင်း တောင်ပြိုခြင်းစတဲ့အန္တရာယ်များရှိသဖြင့်
သက်နုတောင် ကုန်းစောင်း တောင်ကမ်းပါးယံနှင့် တောင်ခြေဒေသနေထိုင်ကြသူတွေ ချောင်းနီးမြစ်နီး ရေကြီးရေလွှမ်းနစ်မြုပ်နိုင်တဲ့နေရာနေထိုင်ကြသူတွေ အန္တရာယ်ရှိပါတယ်
ဘေးအန္တရာယ်ကင်းဝေအောင်ပြင်ဆင်နိုင်ကြစေရန်အတွက် ရက်ကြိုခန့်မှန်းပေးထားတာဖြစ်ပါတယ်
ယခုခန့်မှန်းချက်သည် ရက်ဝေးဖြစ်ပြီးရက်နီးလည်းပြောင်းလည်းနိုင်ခြင်းမရှိနိုင်ပါဘူး သဘာဝဘေးအန္တရာယ်ဖြစ်နိုင်တာဖြစ်လို့ အချိန်ပြည့်စောင့်ကြည့်ပြီး update forecast ခန့်မှန်းသတိပေးနေမှာဖြစ်ပါတယ်
issued time
14/08/2023 8:37am