သူမ်ားေတြရဲ႕ အႀကိဳက္ကို တစ္ခ်ိန္လံုး လုိက္ေနစရာ မလုိဘူးဆိုတာ ေဖာ္ျပေနတဲ့ အခ်က္မ်ား
လူေတာ္ေတာ္မ်ားမ်ားက တစ္ျခားသူေတြရဲ႕ အျမင္ေတြကို အရမ္းဂ႐ုစိုက္တတ္ၾကသလုိ သူမ်ားေတြဆီမွာ အေကာင္းျမင္ရဖို႔အတြက္ လူေတြရဲ႕ အႀကိဳက္ကို လုိက္တတ္ၾကပါတယ္။
ဒီလုိမ်ိဳး သူမ်ားေတြရဲ႕ အႀကိဳက္ကိုပဲ လုိက္လုပ္ေနတာမ်ားတဲ့အခါ ကိုယ့္ရဲ႕ ပံုစံအမွန္ဟာ ေပ်ာက္ကြယ္သြားတတ္တာပါပဲ။
ဒီေတာ့ သူမ်ားေတြရဲ႕ အႀကိဳက္ကိုပဲ လုိက္ၿပီး သူမ်ားေတြဆီမွာ အျမဲတမ္း အေကာင္းျမင္ေနရဖုိ႔ ႀကိဳးစားေနစရာမလုိပါဘူး .. ။
(1) ေနရတကာမွာ သူမ်ားအႀကိဳက္ လုိက္ေနစရာ မလုိပါဘူး
သူမ်ားဆီက အေကာင္းျမင္ခံရဖုိ႔အတြက္ တစ္ျခားသူေတြရဲ႕ အႀကိဳက္လုိက္ေပးရတာဟာ အရမ္းကိုပင္ပန္းတဲ့ အလုပ္တစ္ခုပါ။ ကိုယ္မလုပ္ခ်င္တဲ့ အရာေတြကိုလည္း တစ္ျခားသူေတြကို ငဲ႔ကြက္ၿပီး လုပ္ေပးေနစရာ မလုိပါဘူး။
တစ္ခါတစ္ေလမွာ ကိုယ္မႀကိဳက္တဲ့၊ ကိုယ္မလုပ္ခ်င္အရာအတြက္ ျငင္းဆုိတတ္တာမ်ိဳးကသာ ကိုယ့္အတြက္ အေကာင္းဆံုးပါ။
(2) လူေတြရဲ႕ အျမင္ကို ဂ႐ုစိုက္ေနစရာ မလုိဘူး
လူတုိင္းဆီက အျမဲတမ္း အေကာင္းျမင္ခံေနရမယ္လုိ႔ေတာ့ မေတြးလုိက္ပါနဲ႔။ လူဆုိတာမ်ိဳးက ေျပာင္းလဲတတ္တဲ့ သူေတြျဖစ္သလုိ ကိုယ္တစ္ခါေလး မေကာင္းမိတာနဲ႔ ဟိုးအရင္က ေကာင္းခဲ့ဖူးတာေတြကို ေမ့သြားၿပီး ကိုယ့္ကိုယ္မေကာင္းတဲ့သူအျဖစ္ သတ္မွတ္လုိက္ၾကတာပါပဲ။
ဒါေၾကာင့္ လူတုိင္းဆီက အေကာင္းျမင္ဖို႔ကို မေမွ်ာ္လင့္ပါနဲ႔။ ကိုယ့္ကိုယ္ မုန္းတဲ့သူေတြက ကိုယ္ဘာလုပ္လုပ္ မုန္းေနမွာျဖစ္သလုိ၊ ကိုယ့္ကိုယ္ ခ်စ္တဲ့သူေတြကေတာ့ ကိုယ့္ဘာလုပ္လုပ္ အေကာင္းျမင္စိတ္ေလးနဲ႔ ၾကည့္ၿပီး ခ်စ္ေပးေနမွာပါေနာ္။
(3) အျမဲတမ္း သူမ်ားအႀကိဳက္လုိက္ေနတဲ့အခါ ကိုယ္က ေပါသြားတတ္တယ္
သူမ်ားေတြဆီက အျမင္ေကာင္းရဖို႔အတြက္ ကိုယ္က သူတို႔ခုိင္းသမွ်၊ သူတို႔ေျပာသမွ် ေခါင္းညိတ္မိတဲ့အခါ ကိုယ့္ကိုယ္ သူတို႔ဘာခုိင္းခုိင္း ရတယ္ဆုိၿပီး ျမင္လာတတ္ပါတယ္။
ဒါဟာ လူေတြဆီက အေကာင္းျမင္ခံရတာထက္ ကိုယ့္ကိုယ္ အသံုးခ်လာတတ္ၾကတာမ်ဳိးပါ။ လြယ္လြန္အားႀကီးရင္လည္း ေပါသြားတတ္တယ္ဆုိသလုိမ်ိဳးေပါ့။ ကိုယ္ဟာ သူမ်ားေတြရဲ႕ အသံုးခ်ခံသက္သက္ တန္ဖိုးေမ့လာတတ္တာမ်ိဳးပါ။
(4) ကိုယ့္ပံုစံ အတုိင္းေလးပဲ ေနပါ
တကယ္ေတာ့ ဘယ္သူ႔အႀကိဳက္္မွ လိုက္ေပးေနစရာ မလုိပါဘူး ကိုယ့္ပံုစံေလးအတုိင္းပဲ ကိုယ္ေနတတ္ဖုိ႔ပဲ လုိတာပါ။ သူမ်ားေတြရဲ႕ အႀကိဳက္ကို တစ္ခ်ိန္လံုးလုိက္ၿပီး ကိုယ့္ကိုယ္ကိုယ္ အပင္ပန္းခံမေနပါနဲ႔။
လူတုိင္းရဲ႕ အႀကိဳက္ကို လုိက္ေနစရာမလုိပါဘူး ကိုယ္ဟာ ကိုယ္ပါပဲ။ ကိုယ့္ပံုစံေလးကိုပဲ တန္ဖိုးထားပါ လူေတြရဲ႕ အျမင္ကို မလုိအပ္ပဲ ဂ႐ုစိုက္မေနပါနဲ႔။
Khin
Unicode
သူများတွေရဲ့ အကြိုက်ကို တစ်ချိန်လုံး လိုက်နေစရာ မလိုဘူးဆိုတာ ဖော်ပြနေတဲ့ အချက်များ
လူတော်တော်များများက တစ်ခြားသူတွေရဲ့ အမြင်တွေကို အရမ်းဂရုစိုက်တတ်ကြသလို သူများတွေဆီမှာ အကောင်းမြင်ရဖို့အတွက် လူတွေရဲ့ အကြိုက်ကို လိုက်တတ်ကြပါတယ်။
ဒီလိုမျိုး သူများတွေရဲ့ အကြိုက်ကိုပဲ လိုက်လုပ်နေတာများတဲ့အခါ ကိုယ့်ရဲ့ ပုံစံအမှန်ဟာ ပျောက်ကွယ်သွားတတ်တာပါပဲ။
ဒီတော့ သူများတွေရဲ့ အကြိုက်ကိုပဲ လိုက်ပြီး သူများတွေဆီမှာ အမြဲတမ်း အကောင်းမြင်နေရဖို့ ကြိုးစားနေစရာမလိုပါဘူး။
(1) နေရတကာမှာ သူများအကြိုက် လိုက်နေစရာ မလိုပါဘူး
သူများဆီက အကောင်းမြင်ခံရဖို့အတွက် တစ်ခြားသူတွေရဲ့ အကြိုက်လိုက်ပေးရတာဟာ အရမ်းကိုပင်ပန်းတဲ့ အလုပ်တစ်ခုပါ။ ကိုယ်မလုပ်ချင်တဲ့ အရာတွေကိုလည်း တစ်ခြားသူတွေကို ငဲ့ကွက်ပြီး လုပ်ပေးနေစရာ မလိုပါဘူး။
တစ်ခါတစ်လေမှာ ကိုယ်မကြိုက်တဲ့၊ ကိုယ်မလုပ်ချင်အရာအတွက် ငြင်းဆိုတတ်တာမျိုးကသာ ကိုယ့်အတွက် အကောင်းဆုံးပါ။
(2) လူတွေရဲ့ အမြင်ကို ဂရုစိုက်နေစရာ မလိုဘူး
လူတိုင်းဆီက အမြဲတမ်း အကောင်းမြင်ခံနေရမယ်လို့တော့ မတွေးလိုက်ပါနဲ့။ လူဆိုတာမျိုးက ပြောင်းလဲတတ်တဲ့ သူတွေဖြစ်သလို ကိုယ်တစ်ခါလေး မကောင်းမိတာနဲ့ ဟိုးအရင်က ကောင်းခဲ့ဖူးတာတွေကို မေ့သွားပြီး ကိုယ့်ကိုယ်မကောင်းတဲ့သူအဖြစ် သတ်မှတ်လိုက်ကြတာပါပဲ။
ဒါကြောင့် လူတိုင်းဆီက အကောင်းမြင်ဖို့ကို မမျှော်လင့်ပါနဲ့။ ကိုယ့်ကိုယ် မုန်းတဲ့သူတွေက ကိုယ်ဘာလုပ်လုပ် မုန်းနေမှာဖြစ်သလို၊ ကိုယ့်ကိုယ် ချစ်တဲ့သူတွေကတော့ ကိုယ့်ဘာလုပ်လုပ် အကောင်းမြင်စိတ်လေးနဲ့ ကြည့်ပြီး ချစ်ပေးနေမှာပါနော်။
(3) အမြဲတမ်း သူများအကြိုက်လိုက်နေတဲ့အခါ ကိုယ်က ပေါသွားတတ်တယ်
သူများတွေဆီက အမြင်ကောင်းရဖို့အတွက် ကိုယ်က သူတို့ခိုင်းသမျှ၊ သူတို့ပြောသမျှ ခေါင်းညိတ်မိတဲ့အခါ ကိုယ့်ကိုယ် သူတို့ဘာခိုင်းခိုင်း ရတယ်ဆိုပြီး မြင်လာတတ်ပါတယ်။
ဒါဟာ လူတွေဆီက အကောင်းမြင်ခံရတာထက် ကိုယ့်ကိုယ် အသုံးချလာတတ်ကြတာမျိုးပါ။ လွယ်လွန်အားကြီးရင်လည်း ပေါသွားတတ်တယ်ဆိုသလိုမျိုးပေါ့။ ကိုယ်ဟာ သူများတွေရဲ့ အသုံးချခံသက်သက် တန်ဖိုးမေ့လာတတ်တာမျိုးပါ။
(4) ကိုယ့်ပုံစံ အတိုင်းလေးပဲ နေပါ
တကယ်တော့ ဘယ်သူ့အကြိုက်မှ လိုက်ပေးနေစရာ မလိုပါဘူး ကိုယ့်ပုံစံလေးအတိုင်းပဲ ကိုယ်နေတတ်ဖို့ပဲ လိုတာပါ။ သူများတွေရဲ့ အကြိုက်ကို တစ်ချိန်လုံးလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အပင်ပန်းခံမနေပါနဲ့။
လူတိုင်းရဲ့ အကြိုက်ကို လိုက်နေစရာမလိုပါဘူး ကိုယ်ဟာ ကိုယ်ပါပဲ။ ကိုယ့်ပုံစံလေးကိုပဲ တန်ဖိုးထားပါ လူတွေရဲ့ အမြင်ကို မလိုအပ်ပဲ ဂရုစိုက်မနေပါနဲ့။
Khin