ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ဒီဇင်ဘာအထိ တစ်ကျပ်သားကို ၃၇ သိန်းဝန်းကျင်မှာ ငြိမ်နေခဲ့ပေမဲ့ အခု ၂၀၂၄ နှစ်သစ်အစ ပထမလဝက်အတွင်းမှာ
၃၇ သိန်း ၇ သောင်းခွဲအထိ တဟုန်ထိုး မြင့်တက်လာပေမဲ့ ပြည်တွင်းမှာ ရွှေအရောင်းအဝယ်တော့ အေးနေတယ်လို့ သိရပါတယ်။
“ဈေးတွေက တက်တယ်။ တရက် တသောင်း တသောင်း တက်သွားတာ လေးငါးရက်လောက်ရှိပြီ။ အဓိကက ကမ္ဘာ့ရွှေဈေး နေ့တိုင်းတက်နေတာကြောင့် လိုက်တက်တာပါ၊ အရောင်းအဝယ်ကတော့ ပါးပါတယ်။ သိပ် ရောင်းမကောင်းဘူး” လို့ ရန်ကုန်မြို့က ဝါရင့်ရွှေလုပ်ငန်းရှင်တဦးက သတင်းတစ်ခုမှာ ပြောဆိုပါတယ်။
မြန်မာ့ရွှေဈေးအပေါ် လွှမ်းမိုးလေ့ရှိတဲ့ ကမ္ဘာ့ရွှေဈေးက ဒီအပတ်မှာ တက်ရိပ် ဖြစ်နေပြီး တစ်အောင်စကို ၂၀၅၀ ဒေါ်လာကျော်မှာ ရှိနေပါတယ်။ အရှေ့အလယ်ပိုင်းဒေသတွင်း မတည်ငြိမ်မှုတွေနဲ့ အမေရိကန်ဗဟိုဘဏ်မူဝါဒ အပြောင်းအလဲတွေအပေါ် ခန့်မှန်းချက်တွေကြောင့် ကမ္ဘာ့ရွှေဈေး မြင့်နေတာပါ
ကမ္ဘာ့ရွှေဈေးနဲ့အတူ မြန်မာ့ရွှေဈေးတွေ မြင့်မားနေပေမဲ့ ရွှေဈေးအတက်ကို ပံ့ပိုးလေ့ရှိတဲ့ ဒေါ်လာဈေးကတော့ ဒီလပိုင်းအထိ တစ်ဒေါ်လာ ၃၄၅၀ ကျပ်ဝန်းကျင်မှာပဲ ကာလအတော်ကြာ တည်ငြိမ်နေပါတယ်။
ပြည်တွင်းမှာတော့ သက်ဆိုင်ရာက ရွှေဈေးကွက်ကို စောင့်ကြည့်ထိန်းချုပ်နေဆဲ ဖြစ်လို့ ရွှေလုပ်ငန်းရှင်တွေက တရားဝင်ထက် မှောင်ခိုဈေးကွက်မှာပဲ အရောင်းအဝယ်တွေက အဓိက လုပ်ဆောင်နေကြပြီး ရွှေဈေးကွက်ရဲ့ ရှေ့အလားအလာက ခန့်မှန်းရခက်တယ်လို့ ဆိုပါတယ်။
ပြင်ပရွှေဈေးက ကျပ် ၃၇၇၀,၀၀၀ နဲ့ ၃၇၈၀,၀၀၀ ဝန်းကျင်အထိ တက်နေပေမဲ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က သတ်မှတ်တဲ့ ရွှေဈေးကတော့ ဒီနေ့ ဇန်နဝါရီ ၁၆ ရက်မှာ တစ်ကျပ်သားကို ကျပ် ၃၆၈၆,၃၀၀ သာ ရှိနေတာ တွေ့ရပါတယ်။
The domestic gold price remained stable at around 37,000 kyats until last December, but now in the first half of the new year 2024.
It has risen sharply to 37,750,000, but the domestic gold trade is said to be cold.
“Prices are going up. It’s been four or five days since I went up ten thousand ten thousand a day. The main thing is that the world gold price is going up every day. Transactions are thin. It doesn’t sell very well,” a veteran gold trader in Yangon said in a news report.
The global gold price, which usually influences Myanmar’s gold price, is on the rise this week, hovering above $2,050 an ounce. Global gold prices are higher due to instability in the Middle East and expectations of changes in US Federal Reserve policy
Despite the fact that Burmese gold prices are high along with the world gold price, the dollar price, which usually supports the rise of gold prices, has been stable for a long time at around 3,450 kyats until this month.
Domestically, the authorities are still monitoring and controlling the gold market, so gold entrepreneurs are mainly conducting transactions in the black market rather than in the official market, and it is difficult to predict the future prospects of the gold market.
Although the external gold price has risen to around 3,770,000 and 3,780,000 kyats, the gold price set by the Yangon Regional Gold Industry Association (YGEA) is only 3,686,300 kyats per one kyat today, January 16.