News

Dollar price for today Tuesday (23.1.2024) Gold prices and foreign exchange rates

ဇန်နဝါရီ ၂၃၊ ၂၀၂၄ (အင်္ဂါနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော

အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3470 – 3510
ဥရောပယူရို 3730 – 3780

ဗြိတိသျှစတာလင်ပေါင် 4400 – 4570
သြစတြေးလျဒေါ်လာ 2275 – 2325

ဂျပန်ယန်း 23.40 – 24.00

တောင်ကိုရီးယားဝမ် 2.60 – 2.65
အိန္ဒိယရူပီး 41.40 – 42.50
စင်ကာပူဒေါ်လာ 2560 – 2620

မလေးရှားရင်းဂစ် 725 – 750
တရုတ်ယွမ် 475 – 490
ထိုင်းဘတ် 98.00 – 99.60

ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3789,000 – 3799000 ဝန်းကျင်နှင့် စဖွင့်ပြီးနောက် 3800,000 – 3810,000 / 3805,000 – 3815,000 သို့ ဆက်တိုက် မြင့်လာသည်။ ၁၅ ပဲရည်ဈေးမှာ ကျပ် 3595,000 ခန့် ရှိနေသည်။

ယမန်နေ့ (တနင်္လာနေ့) က အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3785,000 – 3795,000 ဖြင့် စဖွင့်ခဲ့ပြီး နေ့ခင်းပိုင်းတွင် 3796,000 နှင့် ညနေပိုင်းတွင် 3800,000 အထိ ဆက်တက်ခဲ့သည်။

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3642,100 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2024 ဒေါ်လာခန့် ဖြစ်သည်။

ရွှေအသင်း YGEA ၏ ဈေးကွက်ဈေးနှုန်းကို AD လိုင်စင်ရဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက်လာသဖြင့် YGEA ရွှေဈေးနှင့် ပြင်ပရွှေဈေးကြား ကွာဟချက် ကျဉ်းလာသည်။

မှတ်ချက် – Current Content က စုစည်းတင်ပြထားသော နိုင်ငံခြားငွေလဲနှုန်းများနှင့် ရွှေဈေးနှုန်းများသည် နေရာဒေသအလိုက် ကွာဟနိုင်ပြီး အချိန်နှင့် တပြေးညီ အပြောင်းအလဲ ဆက်ဖြစ်နိုင်ပါသည်။