Health Care

How to get rid of burn scars .

အမာ႐ြတ္ဟာ ပုံမွန္အသားေရာင္နဲ႔မတူတဲ့အတြက္ ၾကည့္ရတာ အျမင္မလွပါဘူး။တခ်ိဳ႕အမာ႐ြတ္ေတြဆိုခ်ိဳင့္ခြက္လိုခ်ိဳင့္ဝင္ေနတာမ်ိဳးလည္းရွိပါတယ္။

လူအမ်ားစုအေနနဲ႔ အမာ႐ြတ္က လူမျမင္ကြယ္ရာေနရာမွာျဖစ္ရင္ သာေပ်ာက္ဖို႔ဆႏၵသိပ္မျပင္းျပေပမယ့္ လူျမင္ကြင္းေနရာေတြမွာျဖစ္ၿပီဆိုရင္ ခ်က္ခ်င္းနီးပါးေပ်ာက္ခ်င္ၾကပါတယ္။

အထူးသျဖင့္ မိန္းကေလးေတြဆိုရင္ မ်က္ႏွာမွာအမာ႐ြတ္ျဖစ္ၿပီဆိုရင္ အျပင္ထြက္ရမွာ ရွက္တဲ့အတြက္ အျမန္ေပ်ာက္ခ်င္ၾကပါတယ္။

အတိုအျပတ္ေတြ ဝတ္ခ်င္တဲ့ မိန္းကေလးေတြဆိုရင္လည္း ေျခေထာက္တို႔ ေပါင္တို႔မွာ အမာ႐ြတ္ေတြျဖစ္ခဲ့ရင္ အတိုအျပတ္ဝတ္ပါက အျမင္မလွတဲ့အတြက္ အျမန္ေပ်ာက္ခ်င္ၾကပါတယ္။

ေယာက္်ားေလးေတြအမ်ားစုအေနနဲ႔ကေတာ့ အမာ႐ြတ္ရွိျခင္းက သိပ္အေရးမႀကီးဘူးလို႔ထင္မိပါတယ္။သို႔ေသာ္ ေမာ္ဒယ္လုပ္မယ့္အမ်ိဳးသားေတြ၊အလွအပကိုအေလးထားတဲ့အမ်ိဳးသားေတြအတြက္ဆိုရင္ေတာ့အေရးႀကီးႏိုင္ပါတယ္။

အမာ႐ြတ္ကျဖစ္ေတာ့တာ လြယ္ေပမယ့္ ေပ်ာက္ဖို႔က် သိပ္မလြယ္ပါဘူး။ျဖစ္တဲ့အေၾကာင္းအရင္း အ႐ြယ္အစားေပၚမူတည္ၿပီး တခ်ိဳ႕အမာ႐ြတ္ေတြက အခ်ိန္တိုနဲ႔ေပ်ာက္တာရွိသလို တခ်ိဳ႕အမာ႐ြတ္ေတြကေတာ့ လကေနႏွစ္ခ်ီၾကာတာလည္းရွိပါတယ္။လုံးဝမေပ်ာက္ေတာ့တဲ့အမာ႐ြတ္လည္းရွိပါတယ္။

မီးေလာင္, အပူေလာင္, ဆီပူေလာင္သူမ်ားအား ႀကဳံေတြ႕ခဲ့ရပါက ခ႐ုသင္းကဲ့သို႔ အျဖဴကြက္ႏွင့္ အပူေလာင္အမာ႐ြတ္ က်န္မေနရစ္ဘဲ နဂိုအသားအေရေရာင္ကဲ့သို႔ ျပန္လည္ျဖစ္ေစရန္ အတြက္ နည္းလမ္းေလးေျပာျပခ်င္ပါတယ္။

(အနာသက္သာ ေပ်ာက္ကင္းစမွစ၍)

ကြမ္းသီးအား ေက်ာက္ပ်ဥ္တြင္ ေသြး၍ရရွိေသာကြမ္းသီးအရည္ အား ေန႔စဥ္ မၾကာခဏ အနည္းဆုံး တေန႔(၃)ႀကိမ္ထက္မနည္း လိမ္းေပးေစျခင္းျဖင့္မူလအသားအေရအေရာက္ကဲ့သို႔ပင္ ျပန္ျဖစ္ေၾကာင္း ေရးသားေဖာ္ျပလိုက္ရပါသည္။

က်န္းမာေရးအတြက္ေဆးတစ္ခြက္ ေမတၱာျဖင့္ ျပန္လည္မွ်ေဝသည္

Unicode

အပူလောင် အမာရွတ်တွေ ယူပစ်သလိုပျောက်တဲ့နည်း (အသုံးဝင်ပါတယ်)

အမာရွတ်ဟာ ပုံမှန်အသားရောင်နဲ့မတူတဲ့အတွက် ကြည့်ရတာ အမြင်မလှပါဘူး။တချို့အမာရွတ်တွေဆိုချိုင့်ခွက်လိုချိုင့်ဝင်နေတာမျိုးလည်းရှိပါတယ်။

လူအများစုအနေနဲ့ အမာရွတ်က လူမမြင်ကွယ်ရာနေရာမှာဖြစ်ရင် သာပျောက်ဖို့ဆန္ဒသိပ်မပြင်းပြပေမယ့် လူမြင်ကွင်းနေရာတွေမှာဖြစ်ပြီဆိုရင် ချက်ချင်းနီးပါးပျောက်ချင်ကြပါတယ်။

အထူးသဖြင့် မိန်းကလေးတွေဆိုရင် မျက်နှာမှာအမာရွတ်ဖြစ်ပြီဆိုရင် အပြင်ထွက်ရမှာ ရှက်တဲ့အတွက် အမြန်ပျောက်ချင်ကြပါတယ်။

အတိုအပြတ်တွေ ဝတ်ချင်တဲ့ မိန်းကလေးတွေဆိုရင်လည်း ခြေထောက်တို့ ပေါင်တို့မှာ အမာရွတ်တွေဖြစ်ခဲ့ရင် အတိုအပြတ်ဝတ်ပါက အမြင်မလှတဲ့အတွက် အမြန်ပျောက်ချင်ကြပါတယ်။

ယောက်ျားလေးတွေအများစုအနေနဲ့ကတော့ အမာရွတ်ရှိခြင်းက သိပ်အရေးမကြီးဘူးလို့ထင်မိပါတယ်။သို့သော် မော်ဒယ်လုပ်မယ့်အမျိုးသားတွေ၊အလှအပကိုအလေးထားတဲ့အမျိုးသားတွေအတွက်ဆိုရင်တော့အရေးကြီးနိုင်ပါတယ်။

အမာရွတ်ကဖြစ်တော့တာ လွယ်ပေမယ့် ပျောက်ဖို့ကျ သိပ်မလွယ်ပါဘူး။ဖြစ်တဲ့အကြောင်းအရင်း အရွယ်အစားပေါ်မူတည်ပြီး တချို့အမာရွတ်တွေက အချိန်တိုနဲ့ပျောက်တာရှိသလို တချို့အမာရွတ်တွေကတော့ လကနေနှစ်ချီကြာတာလည်းရှိပါတယ်။လုံးဝမပျောက်တော့တဲ့အမာရွတ်လည်းရှိပါတယ်။

မီးလောင်, အပူလောင်, ဆီပူလောင်သူများအား ကြုံတွေ့ခဲ့ရပါက ခရုသင်းကဲ့သို့ အဖြူကွက်နှင့် အပူလောင်အမာရွတ် ကျန်မနေရစ်ဘဲ နဂိုအသားအရေရောင်ကဲ့သို့ ပြန်လည်ဖြစ်စေရန် အတွက် နည်းလမ်းလေးပြောပြချင်ပါတယ်။

(အနာသက်သာ ပျောက်ကင်းစမှစ၍)

ကွမ်းသီးအား ကျောက်ပျဉ်တွင် သွေး၍ရရှိသောကွမ်းသီးအရည် အား နေ့စဉ် မကြာခဏ အနည်းဆုံး တနေ့(၃)ကြိမ်ထက်မနည်း လိမ်းပေးစေခြင်းဖြင့်မူလအသားအရေအရောက်ကဲ့သို့ပင် ပြန်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

ကျန်းမာရေးအတွက်ဆေးတစ်ခွက် မေတ္တာဖြင့် ပြန်လည်မျှဝေသည်