မိမိကိုဘယ္ပုဂၢိဳလ္ေစာင့္ေရွာက္ေနသလဲ သိခ်င္ရင္ ဒီလိုတြက္ၾကည့္ပါ
လူတိုင္းမွာ ကိုယ့္ကိုေစာင့္ေရွာက္ေနတဲ့ ပုဂၢိဳလ္ရွိပါတယ္၊ မိမိကိုဘယ္ပုဂၢိဳလ္ေစာင့္ေရွာက္ေနသလဲ သိခ်င္ရင္ ဒီလိုတြက္ၾကည့္ပါဘယ္ပုဂၢိဳလ္ ေစာင့္သလဲ? လူတိုင္းစိတ္ဝင္စားဆုံးတစ္ခု ရွိပါတယ္။အေရးႀကဳံရင္ အားကိုးရွာစၿမဲပါ …။
တခါတရံ အလြန္အမင္း သတၱိရွိပါတယ္ဆိုတဲ့ သူေတြေတာင္ အခက္အခဲ အက်ပ္အတည္း ႀကဳံေတြ႕လာရင္ အားငယ္ေၾကာက္စိတ္ေတြ ဝင္လာတတ္ပါတယ္ …။
အဲ့လို အခ်ိန္အခါ မ်ိဴးမွာ အားက္ုးရွာတက္ပါတယ္။ ဘုရား တရား သံဃာ မိဘ ဆရာ အနေႏၲာ အနႏၲ ငါးပါး အား တိုင္တည္ တက္သိမွတ္သမွ် ဂါထာေတြ ႐ြတ္ေပါ့ …။
ဒါနဲ႔ အားမရဘူး ဆိုပါေတာ့..! မိမိ အား ေစာင့္ေရွာက္ေနေသာ ပုဂၢိဳလ္ ရွိတာပဲ။ ဘာအေရးလဲ …? ဘာ ေၾကာက္ရမလဲ …?
မိမိ အေစာင့္က ဖယ္ရွား ပစ္လိမ့္မယ္။ ဒီအခ်က္ကို ႀကိဳတင္သိၿပီး ကိုးကြယ္ခ်င္မွာပဲ။ မိမိအား ေစာင့္ေသာ ပုဂၢိဳလ္ကို မဟာဘုတ္ အရ တြက္ၾကည့္ လို႔ရပါတယ္ …။
မိမိအား ေစာင့္ေရွာက္ေနေသာ ပုဂၢိဳလ္ ကို ယုံၾကည္စြာ ကိုးကြယ္ ႏိုင္ပါက ရန္အေပါင္းကင္းကြာ လာဘ္႐ႊင္ အက်ိဴးမ်ား ခံစားရၿပီး လိုရာဆႏၵ ျပည့္ဝပါလိမ့္မယ္ …။
မိမိအား ေစာင့္ေရွာက္ေသာ ပုဂၢိဳလ္မ်ားကလည္း ေကာင္းစြာ ေစာင့္ေရွာက္ပါလိမ့္မယ္ …။
“တြက္နည္း”
ေမြးတဲ့ ခုႏွစ္ လ ရက္ ေန႔ နာရီ တို႔ကို မဟာဘုတ္ (၅) ခြင္ ခ်ရပါမယ္ …။
၁။ မူလ သကၠရာဇ္ ကို တည္ (၇) နဲ႔စား ရတဲ့ အႂကြင္း ကို မဟာဘုတ္တိုင္ ထူပါ …။
၂။ ေမြးတဲ့လ ကို တန္ခူး လမွ စ၍ ေရတြက္ ရတဲ့ သခ်ၤာ ကို (၇) နဲ႔ စား ရတဲ့ အႂကြင္း ကို မဟာဘုတ္တိုင္ထူပါ …။
၃။ ေမြးတဲ့ရက္ကို လျပည့္ေက်ာ္ရင္ (၁၅) နဲ႔ ထပ္ေပါင္း ၿပီး ရတဲ့ နံပတ္ကို (၇) နဲ႔စား အႂကြင္း ကို မဟာဘုတ္ တိုင္ထူပါ …။
၄။ ေမြးတဲ့ေန႔ ကို မဟာဘုတ္တိုင္ထူပါ …။
၅။ ေမြးတဲ့အခ်ိန္ကို (၇) နဲ႔စား ရတဲ့အႂကြင္း ကို မဟာဘုတ္ တိုင္ထူပါ …။( မိနစ္စြန္းလွ်င္ နာရီ မွာ (၁) တိုးရပါမယ္ )
၆။ အဲ့ဒီ မဟာဘုတ္ (၅) ခြင္မွာ မူလ ဘုတ္ေဟာခြင္ ( မူလ သကၠရာဇ္ ေမြးနံ ) ႒ာန က ၿဂိဳလ္ ေလး လုံး ကိုယူ ၿပီး သခ်ၤာအရ ေပါင္း ေမြးနံပါ သခ်ၤာကို ပါ ထပ္ေပါင္း …၊
ၿပီးရင္ (၇) နဲ႔စား ပါ ။ရတဲ့ အႂကြင္းကို မဟာဘုတ္တိုင္ ျပန္ထူပါ …။
အေျဖ ေဟာကိန္း ေတြကေတာ့……?
တနဂၤေႏြ … ျဖစ္ခဲ့ရင္ ထြက္ရပ္ေပါက္ လူပုဂၢိဳလ္ စတဲ့ ပုဂၢိဳလ္ထူး ႀကီးမ်ား ကြယ္လြန္သြားၿပီျဖစ္တဲ့ ဘဝ က ဖခင္ အတိပ္ဘဝက ဖခင္ ဝိဇၨာႀကီးမ်ားက ေစာင့္ေရွာက္ပါတယ္ …။
တနလၤာ … ျဖစ္ခဲ့ရင္ ကြမ္ရင္မယ္ေတာ္ ဘဝေဟာင္းကမိခင္ လက္ရွိဘဝမွာ ကြယ္လြန္သြားေသာ မိခင္ႀကီးေဒၚ အေဒၚ လကၡဳမီး မယ္ေတာ္ မ်ားက ေစာင့္ေရွာက္ပါတယ္ …။
အဂၤါ …. ျဖစ္ခဲ့ရင္ ေအာက္နတ္(၃၇)မင္း ေဇာ္ဂ်ီမ်ား ႐ုကၡစိုးမ်ား မကြၽတ္မလြပ္သူမ်ား ( ပရေလာကသားမ်ား ) စႏၵီမယ္ေတာ္ ဂႏၶဗၺ နတ္မင္းမ်ားက ေစာင့္ေရွာက္ပါတယ္ …။
ဗုဒၶဟူး …. ျဖစ္ခဲ့ရင္ ဝိဇၨာႀကီးမ်ား ( ထုံက်င့္ရၿပီးသြားေသာပုဂၢိဳလ္အားလုံး ) ေရေစာင့္နတ္ ႐ြာေစာင့္နတ္႐ုကၡစိုးနတ္ ထြက္ရပ္ေပါက္ပုဂၢိဳလ္မ်ား ရဟန္း ပုဂၢိဳလ္မ်ား ေစာင့္ေရွာက္ပါတယ္ …။
ၾကာသပေတး … ျဖစ္ခဲ့ရင္ ျဗဟၼာႀကီးမ်ား ရဟႏၲာ ပုဂၢိဳလ္မ်ား ရွင္သီဝလိ ရွင္ဥပဂုတၱ ရွင္ဗာကူလ စေသာ ရဟႏၲာမ်ား အထက္လမ္း ဂိုဏ္းဆရာမ်ားျပဒါးဝိဇၨာ အင္းဝိဇၨာ မ်ားက ေစာင့္ေရွာက္ပါတယ္ …။
ေသာၾကာ … ျဖစ္ခဲ့ရင္ သူရႆတီမယ္ေတာ္သံေသဝိဇၨာႀကီးမ်ား မိခင္ဘက္က အဖြား ကြယ္လြန္ၿပီးျဖစ္တဲ့ သမီးမယ္ေတာ္မ်ား ေစာင့္ေရွာက္ပါတယ္ …။
စေန … ျဖစ္ခဲ့ရင္ (၃၇) မင္း ေအာက္နတ္မ်ားမကြၽတ္မလြပ္ေသးေသာ ပုဂၢိဳလ္ ( ပရ ေလာကသား မိမိႏွင့္ေဆြမ်ိဴးေတာ္စပ္ဘူးသူ )
ေလာကီ က်င့္စဥ္ နဲ႔က်င့္ေနေသာ ပုဂၢိဳလ္မ်ားသမထ နဲ႔ ကိစၥ ၿပီးေနေသာ ပုဂၢိဳလ္မ်ားေစာင့္ေရွာက္ပါတယ္ ။ ယုံၾကည္ျခင္း မယုံၾကည္ျခင္း သည္ သင့္ႏွင္သာဆိုင္ပါသည္။ အျငင္းပြားဖြယ္ရာ မျဖစ္လိုေသာ post တစ္ပုဒ္ ဟုမွတ္ယူပါ …။
လြန္ခဲ့ေသာ (၁၈) ႏွစ္က သင္ၾကားျပသေပးသြားပါေသာ ဆရာအား ဦးၫႊတ္လ်က္ …။ ။
Unicode
လူတိုင်းမှာ ကိုယ့်ကိုစောင့်ရှောက်နေတဲ့ ပုဂ္ဂိုလ်ရှိပါတယ်
မိမိကိုဘယ်ပုဂ္ဂိုလ်စောင့်ရှောက်နေသလဲ သိချင်ရင် ဒီလိုတွက်ကြည့်ပါ
လူတိုင်းမှာ ကိုယ့်ကိုစောင့်ရှောက်နေတဲ့ ပုဂ္ဂိုလ်ရှိပါတယ်၊ မိမိကိုဘယ်ပုဂ္ဂိုလ်စောင့်ရှောက်နေသလဲ သိချင်ရင် ဒီလိုတွက်ကြည့်ပါဘယ်ပုဂ္ဂိုလ် စောင့်သလဲ? လူတိုင်းစိတ်ဝင်စားဆုံးတစ်ခု ရှိပါတယ်။အရေးကြုံရင် အားကိုးရှာစမြဲပါ …။
တခါတရံ အလွန်အမင်း သတ္တိရှိပါတယ်ဆိုတဲ့ သူတွေတောင် အခက်အခဲ အကျပ်အတည်း ကြုံတွေ့လာရင် အားငယ်ကြောက်စိတ်တွေ ဝင်လာတတ်ပါတယ် …။
အဲ့လို အချိန်အခါ မျိူးမှာ အားက်ုးရှာတက်ပါတယ်။ ဘုရား တရား သံဃာ မိဘ ဆရာ အနန္တော အနန္တ ငါးပါး အား တိုင်တည် တက်သိမှတ်သမျှ ဂါထာတွေ ရွတ်ပေါ့ …။
ဒါနဲ့ အားမရဘူး ဆိုပါတော့..! မိမိ အား စောင့်ရှောက်နေသော ပုဂ္ဂိုလ် ရှိတာပဲ။ ဘာအရေးလဲ …? ဘာ ကြောက်ရမလဲ …?
မိမိ အစောင့်က ဖယ်ရှား ပစ်လိမ့်မယ်။ ဒီအချက်ကို ကြိုတင်သိပြီး ကိုးကွယ်ချင်မှာပဲ။ မိမိအား စောင့်သော ပုဂ္ဂိုလ်ကို မဟာဘုတ် အရ တွက်ကြည့် လို့ရပါတယ် …။
မိမိအား စောင့်ရှောက်နေသော ပုဂ္ဂိုလ် ကို ယုံကြည်စွာ ကိုးကွယ် နိုင်ပါက ရန်အပေါင်းကင်းကွာ လာဘ်ရွှင် အကျိူးများ ခံစားရပြီး လိုရာဆန္ဒ ပြည့်ဝပါလိမ့်မယ် …။
မိမိအား စောင့်ရှောက်သော ပုဂ္ဂိုလ်များကလည်း ကောင်းစွာ စောင့်ရှောက်ပါလိမ့်မယ် …။
“တွက်နည်း”
မွေးတဲ့ ခုနှစ် လ ရက် နေ့ နာရီ တို့ကို မဟာဘုတ် (၅) ခွင် ချရပါမယ် …။
၁။ မူလ သက္ကရာဇ် ကို တည် (၇) နဲ့စား ရတဲ့ အကြွင်း ကို မဟာဘုတ်တိုင် ထူပါ …။
၂။ မွေးတဲ့လ ကို တန်ခူး လမှ စ၍ ရေတွက် ရတဲ့ သင်္ချာ ကို (၇) နဲ့ စား ရတဲ့ အကြွင်း ကို မဟာဘုတ်တိုင်ထူပါ …။
၃။ မွေးတဲ့ရက်ကို လပြည့်ကျော်ရင် (၁၅) နဲ့ ထပ်ပေါင်း ပြီး ရတဲ့ နံပတ်ကို (၇) နဲ့စား အကြွင်း ကို မဟာဘုတ် တိုင်ထူပါ …။
၄။ မွေးတဲ့နေ့ ကို မဟာဘုတ်တိုင်ထူပါ …။
၅။ မွေးတဲ့အချိန်ကို (၇) နဲ့စား ရတဲ့အကြွင်း ကို မဟာဘုတ် တိုင်ထူပါ …။( မိနစ်စွန်းလျှင် နာရီ မှာ (၁) တိုးရပါမယ် )
၆။ အဲ့ဒီ မဟာဘုတ် (၅) ခွင်မှာ မူလ ဘုတ်ဟောခွင် ( မူလ သက္ကရာဇ် မွေးနံ ) ဋ္ဌာန က ဂြိုလ် လေး လုံး ကိုယူ ပြီး သင်္ချာအရ ပေါင်း မွေးနံပါ သင်္ချာကို ပါ ထပ်ပေါင်း …၊
ပြီးရင် (၇) နဲ့စား ပါ ။ရတဲ့ အကြွင်းကို မဟာဘုတ်တိုင် ပြန်ထူပါ …။
အဖြေ ဟောကိန်း တွေကတော့……?
တနင်္ဂနွေ … ဖြစ်ခဲ့ရင် ထွက်ရပ်ပေါက် လူပုဂ္ဂိုလ် စတဲ့ ပုဂ္ဂိုလ်ထူး ကြီးများ ကွယ်လွန်သွားပြီဖြစ်တဲ့ ဘဝ က ဖခင် အတိပ်ဘဝက ဖခင် ဝိဇ္ဇာကြီးများက စောင့်ရှောက်ပါတယ် …။
တနင်္လာ … ဖြစ်ခဲ့ရင် ကွမ်ရင်မယ်တော် ဘဝဟောင်းကမိခင် လက်ရှိဘဝမှာ ကွယ်လွန်သွားသော မိခင်ကြီးဒေါ် အဒေါ် လက္ခုမီး မယ်တော် များက စောင့်ရှောက်ပါတယ် …။
အင်္ဂါ …. ဖြစ်ခဲ့ရင် အောက်နတ်(၃၇)မင်း ဇော်ဂျီများ ရုက္ခစိုးများ မကျွတ်မလွပ်သူများ ( ပရလောကသားများ ) စန္ဒီမယ်တော် ဂန္ဓဗ္ဗ နတ်မင်းများက စောင့်ရှောက်ပါတယ် …။
ဗုဒ္ဓဟူး …. ဖြစ်ခဲ့ရင် ဝိဇ္ဇာကြီးများ ( ထုံကျင့်ရပြီးသွားသောပုဂ္ဂိုလ်အားလုံး ) ရေစောင့်နတ် ရွာစောင့်နတ်ရုက္ခစိုးနတ် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များ ရဟန်း ပုဂ္ဂိုလ်များ စောင့်ရှောက်ပါတယ် …။
ကြာသပတေး … ဖြစ်ခဲ့ရင် ဗြဟ္မာကြီးများ ရဟန္တာ ပုဂ္ဂိုလ်များ ရှင်သီဝလိ ရှင်ဥပဂုတ္တ ရှင်ဗာကူလ စသော ရဟန္တာများ အထက်လမ်း ဂိုဏ်းဆရာများပြဒါးဝိဇ္ဇာ အင်းဝိဇ္ဇာ များက စောင့်ရှောက်ပါတယ် …။
သောကြာ … ဖြစ်ခဲ့ရင် သူရဿတီမယ်တော်သံသေဝိဇ္ဇာကြီးများ မိခင်ဘက်က အဖွား ကွယ်လွန်ပြီးဖြစ်တဲ့ သမီးမယ်တော်များ စောင့်ရှောက်ပါတယ် …။
စနေ … ဖြစ်ခဲ့ရင် (၃၇) မင်း အောက်နတ်များမကျွတ်မလွပ်သေးသော ပုဂ္ဂိုလ် ( ပရ လောကသား မိမိနှင့်ဆွေမျိူးတော်စပ်ဘူးသူ )
လောကီ ကျင့်စဉ် နဲ့ကျင့်နေသော ပုဂ္ဂိုလ်များသမထ နဲ့ ကိစ္စ ပြီးနေသော ပုဂ္ဂိုလ်များစောင့်ရှောက်ပါတယ် ။ ယုံကြည်ခြင်း မယုံကြည်ခြင်း သည် သင့်နှင်သာဆိုင်ပါသည်။ အငြင်းပွားဖွယ်ရာ မဖြစ်လိုသော post တစ်ပုဒ် ဟုမှတ်ယူပါ …။
လွန်ခဲ့သော (၁၈) နှစ်က သင်ကြားပြသပေးသွားပါသော ဆရာအား ဦးညွှတ်လျက် …။