Knowledge

သင့်ဖုန်း ဟန်းသလို ခံစားနေရပြီလား … ဒီနည်းလေးအတိုင်း လုပ်ကြည့်လိုက်ပါ

သင့် ဖုန်းလေးလံခြင်းကို ဖြေရှင်းပေးနိုင်သည့် အချက်များ

ဖုန်းသုံးသူတိုင်း သိထားသင့်တဲ့ ဖုန်းလေးလံခြင်းကို ဖြေရှင်းပေးနိုင်မယ့် အချက်မျာ..း။။

၁။ နေရာလွတ်ပြည့်နေခြင်း

Storage 16GB လောက်ကို 500MB လောက်ပဲ ကျန်အောင် ပြွတ်သိပ်သွင်းထားမယ် ဆိုရင်တော့ သင့်ဖုန်း လေးလံလာမှာ အမှန်ပါပဲ။

ဖုန်းထဲမှာ ရှိနေတဲ့ App cache (အကြွင်းအကျန်) တွေကလည်း နေရာအများကြီး ယူပါတယ်။ ဒီတော့ ကိုယ့်အတွက် အသုံးမလိုတဲ့ App တွေကို ဖျက်ပစ်ပါ။

Junk File (အမှိုက်ခွံ) တွေ Cache file (အကြွင်းအကျန်ဖိုင်) တွေကို နေ့စဉ်လိုလို ဖုန်းမှာ မူလကပါလာတဲ့ Cleaner နဲ့ ရှင်းလင်းပေးပါ။

၂။ Live wallpaper လှုပ်ရှားနေသော ဝေါပေပါ

Live wallpaper တွေဟာ Background (နောက်ကွယ်) မှာ အစဉ်အမြဲ အလုပ်လုပ်နေတာ ဖြစ်တဲ့အတွက် Ram (ဖုန်း၏အင်ဂျင်) ထဲမှာ တစ်ချိန်လုံး နေရာယူထားပြီး ဘတ္တရီကိုလည်း အချိန်နဲ့အမျှ ကုန်ဆုံး စားသုံးနေပါတယ်။

ဒီတော့ Live wallpaper က အမြဲတမ်း Ram ထဲမှာ နေရာယူထားတဲ့အတွက် အခြား App တွေ ဖွင့်မယ်ဆိုရင် ဖုန်းကလိုအပ်တဲ့ Ram ပမာဏထက်ကို ပိုသုံးစွဲနေမှာ ဖြစ်ပါတယ်။

ဒီတော့ ဖြစ်နိုင်ရင် Live wallpaper အစား သာမန် Wallpaper လေးတစ်ခု တင်ထားတာက သင့်ဖုန်းကို ပိုမို သွက်လက်စေပါလိမ့်မယ်။

၃။ Update လုပ်ပါ

System ပဲ ဖြစ်ဖြစ် ၊ App တွေပဲ ဖြစ်ဖြစ် နောက်ဆုံးထွက် ဗားရှင်းကို update လုပ်ပေးပါ။

update လုပ်ခြင်းဟာ စနစ်ရဲ့ယိုယွင်းနေတဲ့ နေရာတွေကို ပြင်ဆင်ပြီးသား ဖြစ်တဲ့အပြင် ဘတ္ထရီစားနှုန်းနဲ့ Ram သုံးစွဲမှုနှုန်းကိုလည်းလျော့ကျစေပါတယ်။

၄။ Cleaner နဲ့ Battery ဆော့ဝဲများ

မူလပါရှိတဲ့ Cleaner ကလွဲပြီး အခြား Cleaner တွေ ထပ်မထည့်ပါနဲ့။ မလိုအပ်ပါဘူး။

Third Parties software (မိမိအသုံးပြုလို၍ ထည့်ထားသော ဆော့ဝဲလ်) ဖြစ်တဲ့ DU cleaner တို့ DX Booster တို့ အစရှိတဲ့ ဆော့ဝဲတွေဟာ ဖုန်းမြန်ဆန်စေတယ်လို့ ကြေငြာထားပေမယ့်

တကယ်တမ်းမှာတော့ Background မှာ အမြဲတမ်း အလုပ်လုပ်နေတဲ့ ဆော့ဝဲတွေ ဖြစ်တဲ့အတွက် ဖုန်းအားကုန်နှုန်း ပိုမြန်လာမှာဖြစ်ပြီး

Ram ပမာဏအချို့ကို နေရာယူထားတာကြောင့် ဖုန်းလည်း လေးလံလာပါလိမ့်မယ်..။ Battery အားအမြန်ပြည့်တဲ့ ဆော့ဝဲတွေဆိုတာလည်း သိပ်အထင်မကြီးပါနဲ့။

ဒီနည်းအတိုင်း တီထွင်ထားတဲ့ ဆော့ဝဲတွေပါပဲ။ တကယ်လို့ ဖုန်းအားအမြန်ပြည့်ချင်ရင်တော့ ဘာဆော့ဝဲမှ မသုံးပဲ Airplane mode 🛫 ချပြီးတော့ screen off (မှန်ပြင်ပိတ်) ထားကာ အားသွင်းထားပါ။

၅။ Lite software (App အငယ််စား)

Lite sotfware တွေဟာ ဖုန်းထဲမှာနေရာအနည်းငယ်သာ ယူတဲ့အပြင် လုပ်ဆောင်နှုန်း အလွန်မြန်တဲ့ ဆော့ဝဲတွေ ဖြစ်ကြတယ်။

Facebook App သုံးတာက သင့်အတွက် Facebook ကို ရာနှုန်းပြည့် ခံစားနိုင်စွမ်း ပေးစွမ်းနိုင်တယ် ဆိုပေမယ့်လည်း နေရာ အလွန်ယူတဲ့ ဆော့ဝဲတစ်ခုပါ။

ဒီအစား Facebook lite သုံးမယ်ဆိုရင်တော့ storage နေရာယူမှု အလွန်လျော့ကျသွားမယ့်အပြင် Ram သုံးစွဲမှုလည်း နည်းပါးလာမှာဖြစ်ပြီး အင်တာနက် အသုံးစရိတ်လည်း လျော့ကျလာမှာ ဖြစ်ပါတယ်။

Writer – Min Thu (Daily Hot News)