ကားမောင်း အယူအဆလေးတွေ
Driving concepts you should know.
ခွေးခေါင်း နွားဖင်
ခွေးဆို ခေါင်းဘက်က ဖြတ်ရင် သူက ပြန်လှည့်ပြေးမှာ ဖြစ်တယ်။
နွားကတော့ ခေါင်းဘက်ကဖြတ်ရင် ပြန်လှည့်ပြေးမှာ မဟုတ်ဘဲ _ ရှေ့ဆက်တိုးလာမှာ ဖြစ်လို့ သတိထားပါ လို့ပြောတာပါ။
နွားဆို ဖင်ဘက်က ဖြတ်ပါ ခွေးဆို ဖင်ဘက်က ဖြတ်ရင် သတိထားပါ ပြန်လှည့် ပြေးလာတတ်လို့ပါ။
ဘယ်တက် ညာပန်း
ရှေ့က ကုန်ကားကို ဟွန်းတီးကျော်တဲ့အခါ ကုန်ကားက ဘယ်ကြောကို ခေါင်းတက်လာလို့ အရှိန်သတ်လိုက် ရတာမျိုး ကြုံဖူးမှာပါ။
ဘယ်မတက်ခင် ညာဘက်ကနေ ပန်းပြီ _း ကုန်ကားရှေ့မှာ လူ ဆိုက်ကား ဆိုင်ကယ် ရှိမရှိ လမ်းကောင်း မကောင်း အရင်ကြည့်ရပါတယ်။
ပြီးမှ လမ်းတောင်းပြီး တက်ရပါတယ်။
ကပ်ကွေ့ ဖြတ်ကွေ့
တောင်အဆင်း အတက်များနှင့် မြင်ကွင်းကွယ်နေသော အကွေ့တွေမှာ အရှိန်လျှော့၍ ကိုယ့်လမ်းဘက်ကို အတတ်နိုင်ဆုံး ကပ်ကွေ့ရပါမယ်။
မြေပြန့်ပြီး တဖက်ယာဉ်ကြောကို ကောင်းကောင်းမြင်ရ၍ လမ်းရှင်းတဲ့ အခါမှာတော့ အရှိန်နဲ့ တဖက်သို့ ပါမသွားအောင် ဒါမှမဟုတ် အကွေ့နည်းနည်း ပြေသွားအောင် လမ်းလယ်ကို ဖြတ်ကွေ့လို့ ရပါတယ်။
ကာထွက် ကာကွေ့
မိမိဘေးမှာ ရှိတဲ့ကားက ကိုယ်ရဲ့ တဘက်မြင်ကွင်းကို ကွယ်ထားတဲ့အခါ သူထွက်တဲ့အခါ သူ့ကို coverယူပြီး လိုက်ထွက်လို့ ရပါတယ်။
သူက ဘယ်ကွေ့ဖို့ ထွက်တဲ့အခါ တဘက်မြင်ကွင်းကို ကိုယ်မမြင်ရပေမဲ့ သူကို ကာဗာယူပြီး ကိုယ်က_ ညာကွေ့လို့ ရပါတယ်။
ဗဟုသုတရစေရန် ပြန်လည်မျှဝေ ဖော်ပြထားခြင်း ဖြစ်ပါတယ်။
Credit
ကားေမာင္း အယူအဆေလးေတြ
Driving concepts you should know.
ေခြးေခါင္း ႏြားဖင္
ေခြးဆို ေခါင္းဘက္က ျဖတ္ရင္ သူက ျပန္လွည့္ေျပးမွာ ျဖစ္တယ္။
ႏြားကေတာ့ ေခါင္းဘက္ကျဖတ္ရင္ ျပန္လွည့္ေျပးမွာ မဟုတ္ဘဲ ေရွ႕ဆက္တိုးလာမွာ ျဖစ္လို႔ သတိထားပါ လို႔ေျပာတာပါ။
ႏြားဆို ဖင္ဘက္က ျဖတ္ပါ ေခြးဆို ဖင္ဘက္က ျဖတ္ရင္ သတိထားပါ ျပန္လွည့္ ေျပးလာတတ္လို႔ပါ။
ဘယ္တက္ ညာပန္း
ေရွ႕က ကုန္ကားကို ဟြန္းတီးေက်ာ္တဲ့အခါ ကုန္ကားက ဘယ္ေၾကာကို ေခါင္းတက္လာလို႔ _ အရွိန္သတ္လိုက္ ရတာမ်ိဳး ၾကဳံဖူးမွာပါ။
ဘယ္မတက္ခင္ ညာဘက္ကေန ပန္းၿပီး ကုန္ကားေရွ႕မွာ လူ ဆိုက္ကား ဆိုင္ကယ္ ရွိမရွိ လမ္းေကာင္း မေကာင္း အရင္ၾကည့္ရပါတယ္။
ၿပီးမွ လမ္းေတာင္းၿပီး တက္ရပါတယ္။
ကပ္ေကြ႕ ျဖတ္ေကြ႕
ေတာင္အဆင္း အတက္မ်ားႏွင့္ ျမင္ကြင္းကြယ္ေနေသာ အေကြ႕ေတြမွာ အရွိန္ေလၽွာ့၍ ကိုယ့္လမ္းဘက္ကို အတတ္နိုင္ဆုံး ကပ္ေကြ႕ရပါမယ္။
ေျမျပန႔္ၿပီး တဖက္ယာဥ္ေၾကာကို ေကာင္းေကာင္းျမင္ရ၍ လမ္းရွင္းတဲ့ အခါမွာေတာ့ အရွိန္နဲ႔ တဖက္သို႔ ပါမသြားေအာင္ ဒါမွမဟုတ္ အေကြ႕နည္းနည္း _ ေျပသြားေအာင္ လမ္းလယ္ကို ျဖတ္ေကြ႕လို႔ ရပါတယ္။
ကာထြက္ ကာေကြ႕
မိမိေဘးမွာ ရွိတဲ့ကားက ကိုယ္ရဲ့ တဘက္ျမင္ကြင္းကို ကြယ္ထားတဲ့အခါ သူထြက္တဲ့အခါ သူ႔ကို coverယူၿပီး လိုက္ထြက္လို႔ ရပါတယ္။
သူက ဘယ္ေကြ႕ဖို႔ ထြက္တဲ့အခါ တဘက္ျမင္ကြင္းကို ကိုယ္မျမင္ရေပမဲ့ သူကို ကာဗာယူၿပီး ကိုယ္က ညာေကြ႕လို႔ ရပါတယ္။
ဗဟုသုတရေစရန္ ျပန္လည္မၽွေဝ ေဖာ္ျပထားျခင္း ျဖစ္ပါတယ္။Credit