ဗိုက်ကြောပြတ် ပေါင်ကြောပြတ်ပီး အသားအရည်တွန့် နေတာတွေအတွက် ဆေးကောင်းတလက်
ကိုယ်တိုင်အရင်က ပေါင်ကြောပြတ်ဖူးလို့ အိမ်မှာလုပ်ပီး အသုံးပြုနေတာ နှစ်နဲ့ချီ နေပါပီနော်။ တကယ်လည်း ကောင်းလို့ ပြန်မျှဝေ ပေးလိုက်တာပါ။ ပိုက်ဆံမကုန်ပဲ ထိရောက်တဲ့ ဆေးလေးပါ ။
ကိုယ်ဝန်ဆောင်လိုပဲ ဗိုက်ကြော ပြတ် ပြတ် ၊ ဝလာလို့ပဲ ပေါင်ကြော ပြတ် ပြတ် ဘယ်လို အကြောင်းရာကြောင့် ပေါင်ကြော ပြတ် ပြတ် ဆေးကောင်း ရှိပါတယ်နော်။
လုပ်ရတာလည်း မခက်ပဲ အရမ်းကို လွယ်ကူ ရိုးရှင်း ပါတယ်။
ရှားစောင်းလက်ပတ် အပင်ကြီးက အနှစ်တုံး ငါးခု ခြောက်ခုခန့်နဲ့ အုန်းဆီစစ်စစ် သံပုရာအနည်းငယ်ပဲ လိုတာပါနော်… အုန်းဆီက M150 ပုလင်း တစ်ပုလင်းခွဲ လိုပါတယ်…။
သံအိုးတစ်ခုထဲမှာ ရှားစောင်း အနှစ်ချည်း ထည့်ပါ အုန်းဆီ လောင်းထည့်ပါ။ အဲ့ဒီအိုးကို မီးဖိုပေါ် တင်ပီး မီးခပ်အေးအေးလေးနဲ့သာ ပေးဆူထားပါ။ မိနစ် 30ခန့် တည်ပီး ရှားစောင်းတွေ မဲတဲ့ထိ တည်ပီး မီးဖိုပေါ်မှ ချကာ ရှားစောင်း အမဲတွေကို ဖယ်ပါ။ ဆီရည်တွေကို ဖန်ဘူးတစ်ခုတည်း လောင်းထည့်ထားပါ။
အကြောပြတ်တဲ့ နေရာတွေကို ထိုဆီရေဖြင့် အသားထဲ စိမ့်ဝင်အောင် နေ့စဉ် တစ်ကြိမ် မှ နှစ်ကြိမ် လိမ်းပေး သွားရင် သိသိ သာသာ တစ်ပတ် အတွင်း လျော့လာ မှာပါ။
ဂျွတ်တတ် နေတဲ့ နေရာ တွေနဲ့ အမာရွတ် နေရာ တွေ ကို သံပုရာရည် အနည်းငယ် ရောစပ်ကာ လိမ်းပေးနိုင် ပါတယ်နော် နှစ်ပတ်အတွင်း လျော့သွားမှာပါ။
ညအိပ်ခါနီးတိုင်း Body အနှံ့ လိမ်းပေး သွားရင်လည်း စိုပြေ ဝင်းလက် တင်းရင်းတဲ့ အသားအရည်ကို ရစေမှာပါနော် ။
ကျန္းမာ လှပကြပါစေနော် ။ခရက်ဒစ်မူရင်း
Zawgyi
ကျန်းမာ လှပကြပါစေနော် ။ခရက်ဒစ်မူရင်း