ကျနော့်အိမ်နီးချင်း အမျိုးသမီးဟာ အသက် ၃၅ ၀န်းကျင်ရှိပေမယ့် ဘော်ဒီအတော်လှတယ်ဗျ သူ့ယောင်္ကျားက အိမ်မကပ်ဘူး။
အမြဲလိုလို သူမကို တစ်ယောက်ထဲပဲ တွေ့ရလေ့ရှိတယ်။ အပြင်ထွက်ရင်ကျနော့်အိမ်ရှေ့က ဖြတ်သွားတိုင်း လှည့်ကြည့်ပြီး ပြုံးပြလေ့ရှိပါတယ်။
သူ ပြုံးပြတိုင်း ကျနော် ရင်ခုန်သွားတာ ၀န်ခံပါတယ်။ ဒီမနက်တော့ တိုက်တိုက်ဆိုင်ဆိုင် အိမ်ရှေ့လာရပ်ပြီး ပြောပါတယ်။
“ဟိုင်း”
“ဟုတ်ဗျ။ ကျနော် ဘာများကူညီ ပေးရမလဲ”
“ရှင့်ဆီက အကူအညီ တစ်ခုလောက် လိုချင်လို့ပါ”
“အိုးဟိုးဟိုး ..သိပ်ရတာပေါ့ ကူညီဖို့ အဆင်သင့်ပါပဲဗျာ”
“အို ဘာပြောရမှန်းတောင် မသိတော့ပါဘူးရှင်။ ကျမက ဖွင့်ပြောလိုက်ပြီး ရှင်က စိတ်မ၀င်စားဘူးလို့ ပြောလိုက်ရင် ကျွန်မတော့ ရှက်လို့ သေမှာပဲ”
“ဟုတ်ကဲ့။ ဒါမျိုး နားလည်ပေးပါတယ်။ ပြောပါ။ ပွင့်ပွင့်လင်းလင်း သာပြော၊ နှစ်ယောက်ထဲ သိရမယ့်ကိစ္စ နှုတ်လုံပါတယ်”
“ရှင်သိတဲ့အတိုင်းပဲလေ။ ကျွန်မ အမျိုးသား ခရီးသွားနေတာ သုံးပတ်လောက် ရှိပြီ”
“ဟုတ်ပါ့ဗျာ၊ သတိထားမိပါတယ်။ သူက အိမ် သိပ်မကပ်ဘူးနော်”
“မှန်ရာကို၀န်ခံရရင် အိမ်မှာ သူရှိနေလည်း သူက သိပ်ပြီး သန်စွမ်းတာ မဟုတ်ဘူး”
“အိုး ပေါက်ပြီ ပေါက်ပြီ။ မင်းဟာ သိပ်ကို သနားဖို့ ကောင်းတာပါပဲလား။ ကြိတ်ပြီး ခံစားနေရမှာပဲနော်။ မျှော်လင့်သလို ဖြစ်မလာတဲ့အခါ မင်းအတွက် အရမ်းခက်ခဲမယ်ထင်ပါရဲ့”
“ရှင်ကလေ သူထက်ပိုပြီး သန်စွမ်းမယ်ဆိုတာ ကျွန်မ ခန့်မှန်းမိပါတယ်”
“သန်ပြီလားလေ၊ ဘာသန်သလဲ မမေးနဲ့”
“ဒါဆို ရှင်..ကျွန်မကို အခု ကူညီ နိုင်မလားဟင်”
“ဂယ် အခုလား။ အိုကေ၊ မင်းဘက်က အဆင်ပြေရင် ကိုယ့်ဘက်က အဲဗားရယ်ဒီပါပဲ”
“ကံကောင်းလိုက်တာ၊ ကျေးဇူးပါပဲရှင်။ ဒါကြောင့်မို့ ရှင့်ဆီ ကျွန်မ လာခဲ့တာပေါ့။ အားကိုးပါတယ်ရှင်၊ အိမ်က ပျက်နေတဲ့ အဲကွန်းကို ဟိုဘက်လမ်း က ပြင်ဆိုင်ဆီ မပြီး သယ်ပေးပါလားရှင်”
“ ဖလူးမ ၊ တုတ်ထိုးမ ၊ ငါ့ရုပ်က ကူလီထမ်းတဲ့ ရုပ် ပေါက်နေလို့လား။ ငါက အသက် ဒီလောက်ကြီးနေတာ အဲကွန်း သယ်နိုင်ပါ့မလားဟဲ့ စဉ်းစားပေါ့ ၊ နောက်တခါငါ့ကိုဘယ်တော့မှ လာမခေါ်နဲ့ လိမှတောင်မသယ်ပေးဘူး “” 😬