လက်ရှိ ကိုယ့်ဘဝကို အားမရလို့ စိတ်ကုန်နေတဲ့ အခါ ဒီပို့ကိုဖတ်ကြည့်လိုက်ပါ
သူတို့ဘဝကိုသူတို့ မုန်းတယ်ဆိုတဲ့လူတွေ ရှိပါတယ်။ သူတို့ဟာ သူတို့မှာရှိနေတဲ့အရာတွေနဲ့ မပျော်ရွှင်နိုင်ကြပါဘူး။
အကယ်၍ သင်လည်း အဲလိုပဲ ဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ- ချမ်းသာမှ၊ အောင်မြင်မှ၊ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရမှ၊
နာမည်ကျော်ကြားမှ၊ ပြီးပြည့်စုံတဲ့ မိသားစုရှိမှ ပျော်ရွှင်မယ်ဆိုတဲ့ လူတွေထဲက တစ်ယောက် ဖြစ်နေပါလိမ့်မယ်။
စိတ်မကောင်းစရာပါပဲ။ အဲလိုဆိုရင်တော့ မှားနေပါပြီ။
နောက်တစ်ကြိမ် “ ငါ့ဘဝကိုငါ မုန်းတယ် ” လို့ ပြောတဲ့အခါ သင့်ကိုယ်သင် မေးကြည့်ပါဦး။
ဒါဆို ငါသေရင် ပိုကောင်းမလား-လို့။ဒီစကားက ကြမ်းတမ်းချင် ကြမ်းတမ်းလိမ့်မယ်။
ဒါပေမဲ့ တွေးရုံလေးပဲ တွေးကြည့်လိုက်ပါ။
သင်အသက်ရှင်နေသမျှ သင်ဟာ ပျော်ရွှင်နိုင်ပါတယ် ။
ပြီးတော့ ဘဝကို ပိုကောင်းအောင် လုပ်နိုင်တဲ့ အခွင့်အရေးလည်း အမြဲတမ်း ရှိပါတယ်။
၁။ ဘဝရဲ့ ကောင်းတဲ့အရာတွေအပေါ်မှာ အာရုံစိုက်လိုက်ပါ
ဘဝနဲ့ပတ်သက်လို့ ကောင်းတဲ့အရာတွေကို တစ်ခုမှ မစဉ်းစားနိုင်ဘူးဆိုရင်တော့ သင့်မှာ အဆိုးမြင်အတွေးတွေ ရှိနေဆဲပဲ။
အဲဒီအတွေးတွေကို ထွက်သွားခွင့် ပေးလိုက်ပါ။ သင့်ဘဝရဲ့ ဘယ်အရာတွေကို သင် တကယ်မြတ်နိုးသလဲ?
၂။ မကျေမနပ်မဖြစ်ပါနဲ့
ဘဝကို သင်မချစ်ဘူးဆိုရင်တောင်မှ အဲဒါကို တစ်ချိန်လုံး ပြောနေဖို့မလိုပါဘူး။
သင့်ဘဝကိုသင် မချစ်ဘူးလို့ ပြောလေလေ၊ အဲဒီ အနှုတ်လက္ခဏာ အတွေးတွေက ပိုအားကောင်းလာလေလေပါပဲ။
၃။ သင့်ရဲ့ဘဝကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့
သင့်ရဲ့ဘဝဟာ တခြားတစ်ယောက်ယောက်ရဲ့ဘဝနဲ့ ဘယ်တော့မှ တစ်သမတ်တည်း မတူနိုင်ပါဘူး။
ကိုယ် မတတ်နိုင်တဲ့ အဝတ်အစား ဝတ်တဲ့သူတွေ၊ ကိုယ်မစီးနိုင်တဲ့ကား စီးတဲ့သူတွေ၊
ကိုယ်မနေနိုင်တဲ့ အိမ်မျိုးမှာ နေသူတွေကတော့ ကိုယ့်အနားမှာ အမြဲတမ်း ရှိနေမှာပါပဲ။
ဒါကို ကျင့်သားရအောင်လုပ်ပါ။ နေသားကျသွားပြီဆိုရင်တော့ ဘာမှ ပြဿနာ မရှိတော့ပါဘူး။
တခြားတစ်ယောက်ယောက်ရဲ့ အောင်မြင်မှုကို သင့်ကိုယ်ပိုင် အောင်မြင်မှု ရရှိဖို့အတွက် တွန်းအားတစ်ခုအဖြစ် အသုံးချနိုင်ပါတယ်။
ဒါပေမဲ့ သင့်မှာမရှိတဲ့ အရာတွေအတွက်တော့ ဘယ်တော့မှ စိတ်မကောင်းမဖြစ်ပါနဲ့
၄။ သင်တကယ် ချစ်မြတ်နိုးတဲ့ အရာတွေကို ပိုလုပ် ပါ။
သင့်ကို ပျော်ရွှင်စေမယ့် အလုပ်တစ်ခုခုကို အနည်းဆုံး တစ်ခုလောက်ဖြစ်ဖြစ် နေ့တိုင်းလုပ်ပါ။
၅။ ဘဝဟာ အမြဲတမ်း ပြောင်းလဲနေတယ်ဆိုတာ အသိအမှတ်ပြုပါ။
သင့်မှာ အလုပ်ကောင်းကောင်း မရလို့၊ ဒါမှမဟုတ် ငွေရေးကြေးရေးက သင်မျှော်မှန်းထားသလေက် အဆင်မပြေလို့ စိတ်ဓာတ်ကျနေတယ် ဆိုရင်
သင့်ရဲ့ လက်ရှိအခြေအနေဟာ အခြေအနေ တစ်ခုမျှသာဖြစ်တယ်လို့ လက်ခံပါ။ အရာအားလုံးဟာ ပြောင်းလဲကြပါတယ်။
၆။ အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းပါ။
သင် အမြဲပေါင်းသင်းနေတဲ့သူတွေနဲ့ ပတ်သက်လို့ ဂရုစိုက်ပါ။ ပျော်ရွှင်တဲ့သူတွေ၊ အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းမယ်ဆိုရင် သင်လည်း ပိုပြီးပျော်ရွှင်လာပါလိမ့်မယ်။
အကယ်၍ သင့်အပေါင်းအသင်းတွေဟာ အဆိုးမြင်တတ်သူတွေ ဖြစ်နေမယ်ဆိုရင်တော့ အဲဒီအတွေးတွေဟာ သင့်ကိုလည်း လွှမ်းမိုးလာနိုင်တယ်ဆိုတာ ဂရုပြုပါ။
၇။ အခြားသူတွေကို ကူညီပါ
အခြားသူတွေကို များများကူညီလေ၊ သင့်ရဲ့ဘဝနဲ့ပတ်သက်လို့ ညည်းတွားနေဖို့ အချိန်မရလေပါပဲ။
ဒါတင်မကပါဘူး၊ လူတွေကို ကူညီခြင်းက သင့်ကို တကယ်ပဲ ပျော်ရွှင်စေနိုင်ပါတယ်။
၈။ TV သိပ်မကြည့်ပါနဲ့။
ကြော်ငြာတွေရဲ့အလုပ်က – သင့်ဘဝဟာ မပြည့်စုံဘူး၊ ဒါပေမဲ့ အဲဒါကို ကောင်းမွန်အောင် ပြုလုပ်နိုင်တယ်၊
အဲလိုပြုလုပ်ဖို့ သူတို့ရဲ့ နောက်ဆုံးပေါ် အဝတ်အစားတွေ၊ အသုံးအဆောင်တွေ၊ ကားတွေကို ဝယ်ရမယ်လို့ သင့်ကို ပြောဖို့ပါပဲ။ အဲဒီအလိမ်အညာတွေကို လက်မခံမိပါစေနဲ့။
၉။ သေးငယ်တဲ့ အရာလေးတွေအပေါ်မှာ တန်ဖိုးထားတတ်လာပါစေ။
သဘာဝလောကကြီးကို အသေအချာ ကြည့်ဖူးပါသလား။ မိုးကောင်းကင် ၊ တိရစ္တာန်လေးတွေ၊ အပင်တွေနဲ့ မြစ်ချောင်းတွေ။
ဒါတွေဟာ တကယ်ကို လှပပါတယ်။ အဲဒါတွေကို ရှာဖွေကြည့်ပါ။
ပြီးတော့ ဘဝကို သူ့အရှိအတိုင်း ချစ်မြတ်နိုးတတ်အောင် သင်ယူပါ။
၁၀။ ဘဝရဲ့သာယာပျော်ရွှင်မှုတွေ၊ အခွင့်အရေးတွေကို ရယူပါ။
အခု သင့်မှာ အခွင့်အရေးရှိပါသေးတယ်- ဘဝရဲ့ကောင်းတဲ့ အရာတွေကို ရှာဖွေပါ၊ ပျော်ရွှင်ပါ၊
ပြီးတော့ ဘဝကို ချစ်မြတ်နိုးပါ။
Zawgyi
လက္ရွိ ကိုယ့္ဘဝကို အားမရလို႔ စိတ္ကုန္ေနတဲ့ အခါ ဒီပို႔ကိုဖတ္ၾကည့္လိုက္ပါ
သူတို႔ဘဝကိုသူတို႔ မုန္းတယ္ဆိုတဲ့လူေတြ ရွိပါတယ္။ သူတို႔ဟာ သူတို႔မွာရွိေနတဲ့အရာေတြနဲ႔ မေပ်ာ္ရႊင္နိုင္ၾကပါဘူး။
အကယ္၍ သင္လည္း အဲလိုပဲ ျဖစ္ခဲ့မယ္ဆိုရင္ သင္ဟာ- ခ်မ္းသာမွ၊ ေအာင္ျမင္မွ၊ မိတ္ေဆြအေပါင္းအသင္းေတြ အမ်ားႀကီးရမွ၊
နာမည္ေက်ာ္ၾကားမွ၊ ၿပီးျပည့္စုံတဲ့ မိသားစုရွိမွ ေပ်ာ္ရႊင္မယ္ဆိုတဲ့ လူေတြထဲက တစ္ေယာက္ ျဖစ္ေနပါလိမ့္မယ္။
စိတ္မေကာင္းစရာပါပဲ။ အဲလိုဆိုရင္ေတာ့ မွားေနပါၿပီ။
ေနာက္တစ္ႀကိမ္ “ ငါ့ဘဝကိုငါ မုန္းတယ္ ” လို႔ ေျပာတဲ့အခါ သင့္ကိုယ္သင္ ေမးၾကည့္ပါဦး။
ဒါဆို ငါေသရင္ ပိုေကာင္းမလား-လို႔။ဒီစကားက ၾကမ္းတမ္းခ်င္ ၾကမ္းတမ္းလိမ့္မယ္။
ဒါေပမဲ့ ေတြး႐ုံေလးပဲ ေတြးၾကည့္လိုက္ပါ။
သင္အသက္ရွင္ေနသမၽွ သင္ဟာ ေပ်ာ္ရႊင္နိုင္ပါတယ္ ။
ၿပီးေတာ့ ဘဝကို ပိုေကာင္းေအာင္ လုပ္နိုင္တဲ့ အခြင့္အေရးလည္း အျမဲတမ္း ရွိပါတယ္။
၁။ ဘဝရဲ့ ေကာင္းတဲ့အရာေတြအေပၚမွာ အာ႐ုံစိုက္လိုက္ပါ
ဘဝနဲ႔ပတ္သက္လို႔ ေကာင္းတဲ့အရာေတြကို တစ္ခုမွ မစဥ္းစားနိုင္ဘူးဆိုရင္ေတာ့ သင့္မွာ အဆိုးျမင္အေတြးေတြ ရွိေနဆဲပဲ။
အဲဒီအေတြးေတြကို ထြက္သြားခြင့္ ေပးလိုက္ပါ။ သင့္ဘဝရဲ့ ဘယ္အရာေတြကို သင္ တကယ္ျမတ္နိုးသလဲ?
၂။ မေက်မနပ္မျဖစ္ပါနဲ႔
ဘဝကို သင္မခ်စ္ဘူးဆိုရင္ေတာင္မွ အဲဒါကို တစ္ခ်ိန္လုံး ေျပာေနဖို႔မလိုပါဘူး။
သင့္ဘဝကိုသင္ မခ်စ္ဘူးလို႔ ေျပာေလေလ၊ အဲဒီ အႏႈတ္လကၡဏာ အေတြးေတြက ပိုအားေကာင္းလာေလေလပါပဲ။
၃။ သင့္ရဲ့ဘဝကို အျခားသူေတြနဲ႔ မႏွိုင္းယွဥ္ပါနဲ႔
သင့္ရဲ့ဘဝဟာ တျခားတစ္ေယာက္ေယာက္ရဲ့ဘဝနဲ႔ ဘယ္ေတာ့မွ တစ္သမတ္တည္း မတူနိုင္ပါဘူး။
ကိုယ္ မတတ္နိုင္တဲ့ အဝတ္အစား ဝတ္တဲ့သူေတြ၊ ကိုယ္မစီးနိုင္တဲ့ကား စီးတဲ့သူေတြ၊
ကိုယ္မေနနိုင္တဲ့ အိမ္မ်ိဳးမွာ ေနသူေတြကေတာ့ ကိုယ့္အနားမွာ အျမဲတမ္း ရွိေနမွာပါပဲ။
ဒါကို က်င့္သားရေအာင္လုပ္ပါ။ ေနသားက်သြားၿပီဆိုရင္ေတာ့ ဘာမွ ျပႆနာ မရွိေတာ့ပါဘူး။
တျခားတစ္ေယာက္ေယာက္ရဲ့ ေအာင္ျမင္မႈကို သင့္ကိုယ္ပိုင္ ေအာင္ျမင္မႈ ရရွိဖို႔အတြက္ တြန္းအားတစ္ခုအျဖစ္ အသုံးခ်နိုင္ပါတယ္။
ဒါေပမဲ့ သင့္မွာမရွိတဲ့ အရာေတြအတြက္ေတာ့ ဘယ္ေတာ့မွ စိတ္မေကာင္းမျဖစ္ပါနဲ႔။
၄။ သင္တကယ္ ခ်စ္ျမတ္နိုးတဲ့ အရာေတြကို ပိုလုပ္ ပါ။
သင့္ကို ေပ်ာ္ရႊင္ေစမယ့္ အလုပ္တစ္ခုခုကို အနည္းဆုံး တစ္ခုေလာက္ျဖစ္ျဖစ္ ေန႔တိုင္းလုပ္ပါ။
၅။ ဘဝဟာ အျမဲတမ္း ေျပာင္းလဲေနတယ္ဆိုတာ အသိအမွတ္ျပဳပါ။
သင့္မွာ အလုပ္ေကာင္းေကာင္း မရလို႔၊ ဒါမွမဟုတ္ ေငြေရးေၾကးေရးက သင္ေမၽွာ္မွန္းထားသေလက္ အဆင္မေျပလို႔ စိတ္ဓာတ္က်ေနတယ္ ဆိုရင္
သင့္ရဲ့ လက္ရွိအေျခအေနဟာ အေျခအေန တစ္ခုမၽွသာျဖစ္တယ္လို႔ လက္ခံပါ။ အရာအားလုံးဟာ ေျပာင္းလဲၾကပါတယ္။
၆။ အေကာင္းျမင္တတ္သူေတြနဲ႔ ေပါင္းသင္းပါ။
သင္ အျမဲေပါင္းသင္းေနတဲ့သူေတြနဲ႔ ပတ္သက္လို႔ ဂ႐ုစိုက္ပါ။ ေပ်ာ္ရႊင္တဲ့သူေတြ၊ အေကာင္းျမင္တတ္သူေတြနဲ႔ ေပါင္းသင္းမယ္ဆိုရင္ သင္လည္း ပိုၿပီးေပ်ာ္ရႊင္လာပါလိမ့္မယ္။
အကယ္၍ သင့္အေပါင္းအသင္းေတြဟာ အဆိုးျမင္တတ္သူေတြ ျဖစ္ေနမယ္ဆိုရင္ေတာ့ အဲဒီအေတြးေတြဟာ သင့္ကိုလည္း လႊမ္းမိုးလာနိုင္တယ္ဆိုတာ ဂ႐ုျပဳပါ။
၇။ အျခားသူေတြကို ကူညီပါ
အျခားသူေတြကို မ်ားမ်ားကူညီေလ၊ သင့္ရဲ့ဘဝနဲ႔ပတ္သက္လို႔ ညည္းတြားေနဖို႔ အခ်ိန္မရေလပါပဲ။
ဒါတင္မကပါဘူး၊ လူေတြကို ကူညီျခင္းက သင့္ကို တကယ္ပဲ ေပ်ာ္ရႊင္ေစနိုင္ပါတယ္။
၈။ TV သိပ္မၾကည့္ပါနဲ႔။
ေၾကာ္ျငာေတြရဲ့အလုပ္က – သင့္ဘဝဟာ မျပည့္စုံဘူး၊ ဒါေပမဲ့ အဲဒါကို ေကာင္းမြန္ေအာင္ ျပဳလုပ္နိုင္တယ္၊
အဲလိုျပဳလုပ္ဖို႔ သူတို႔ရဲ့ ေနာက္ဆုံးေပၚ အဝတ္အစားေတြ၊ အသုံးအေဆာင္ေတြ၊ ကားေတြကို ဝယ္ရမယ္လို႔ သင့္ကို ေျပာဖို႔ပါပဲ။ အဲဒီအလိမ္အညာေတြကို လက္မခံမိပါေစနဲ႔။
၉။ ေသးငယ္တဲ့ အရာေလးေတြအေပၚမွာ တန္ဖိုးထားတတ္လာပါေစ။
သဘာဝေလာကႀကီးကို အေသအခ်ာ ၾကည့္ဖူးပါသလား။ မိုးေကာင္းကင္ ၊ တိရစၲာန္ေလးေတြ၊ အပင္ေတြနဲ႔ ျမစ္ေခ်ာင္းေတြ။
ဒါေတြဟာ တကယ္ကို လွပပါတယ္။ အဲဒါေတြကို ရွာေဖြၾကည့္ပါ။
ၿပီးေတာ့ ဘဝကို သူ႔အရွိအတိုင္း ခ်စ္ျမတ္နိုးတတ္ေအာင္ သင္ယူပါ။
၁၀။ ဘဝရဲ့သာယာေပ်ာ္ရႊင္မႈေတြ၊ အခြင့္အေရးေတြကို ရယူပါ။
အခု သင့္မွာ အခြင့္အေရးရွိပါေသးတယ္- ဘဝရဲ့ေကာင္းတဲ့ အရာေတြကို ရွာေဖြပါ၊ ေပ်ာ္ရႊင္ပါ၊
ၿပီးေတာ့ ဘဝကို ခ်စ္ျမတ္နိုးပါ။