Knowledge

“မွေးနေ့ သောကြာ၊ တနင်္လာ ကေသာဆံဖြတ် မပြုအပ် ” ဆိုတဲ့ စကားလေးရဲ့ ဆိုလိုရင်း အဓိပ္ပါယ်

တကယ်တော့ အဲ့တာက… တနင်္ဂနွေ သားသမီးတွေ အတွက် သတ်မှတ်ထားတဲ့ မွေးနေ့ ၊ အညွှန့်နေ့ နဲ့ ဆပွတ်နေ့ အတွက်ပါ။ လူတိုင်းအတွက် မဟုတ်ပါဘူး။

အဲ့ဒီလို လူတိုင်းအတွက်သာဆို ဆံပင်ညှပ်ဆိုင်တွေ တစ်ပါတ်မှာ( ၃)ရက်လောက် အလုပ်ပိတ်ရမလို ဖြစ်နေပါပြီ။

အဓိပ္ပါယ်ကောက် လွဲကြတဲ့သူတေ ဒုနဲ့ဒေး… ရှင်းပြဦးမှပါလေ….

အတိုကောက်… မွေးနေ့ 👉 မိမိမွေးသည့်နေ့နံ၊ ‌သောကြာ👉 အညွှန့်နေ့၊ တနင်္လာ 👉 ဆပွတ်နေ့

အညွှန့်နေ့နဲ့ ဆပွတ်နေ့ မိမိမွေးနေ့တွေမှာ ညှပ်မိတဲ့ ဆံပင်တွေကို မကောင်းတဲ့ အောက်လမ်း၊ စုန်း၊ ကဝေ အစီအရင်တွေမှာ သုံးတဲ့အခါ ထိခိုက်မှုပိုများနိုင်လို့ပါ။

အကြမ်းဖျင်းအားဖြင့်တော့ အဲ့ဒီ့နေ့တွေမှာ ဆံပင်ညှပ်မိရင် ဘုန်းကံနိမ့်နိုင်တာ၊ ခိုက်တာ
(မိသားစုအဆင်မပြေတာ၊ စီးပွားရေး ၊ ကျန်းမာရေး ထိခိုက်ခြင်း) စတာတွေဖြစ်တတ်ပါတယ်။

စာကြွင်း (ယုံကြည်မှ ယုံပါ။ သူတစ်ပါးစီးပွား ထိခိုက်ပျက်စီးလိုစိတ်မရှိသည်မှာ မှန်ကန်သော စကားပင်ဖြစ်သည်။)

ဆက်ပြီးတော့… ၇ ရက် သားသမီး နေ့နံတွေနဲ့တကွ အညွှန့်နေ့ ၊ ဆပွတ်နေ့တွေကို ပြောပြပါဦးမယ်

၁။ တနင်္ဂနွေ သားသမီးများအတွက် ရှောင်ရန်…မွေးနေ့. 👉 တနင်္ဂနွေ၊ အညွှန့်နေ့👉 သောကြာ၊ ဆပွတ်နေ့👉 တနင်္လာ

၂။ တနင်္လာ သားသမီးများအတွက် ရှောင်ရန်… မွေးနေ့. 👉 တနင်္လာ၊ အညွှန့်နေ့👉 စနေ၊ ဆပွတ်နေ့👉 အင်္ဂါ

၃။ အင်္ဂါ သားသမီးများအတွက် ရှောင်ရန်… မွေးနေ့. 👉 အင်္ဂါ၊ အညွှန့်နေ့👉 တနင်္ဂနွေ၊ ဆပွတ်နေ့👉 ဗုဒ္ဓဟူး

၄။ ဗုဒ္ဓဟူး သားသမီးများအတွက် ရှောင်ရန်… မွေးနေ့. 👉 ဗုဒ္ဓဟူး၊ အညွှန့်နေ့👉 တနင်္လာ၊ ဆပွတ်နေ့ 👉 ကြာသပတေး

၅။ ကြာသပတေး သားသမီးများအတွက် ရှောင်ရန်… မွေးနေ့. 👉 ကြာသပတေး၊ အညွှန့်နေ့ 👉 အင်္ဂါ၊ ဆပွတ်နေ့ 👉 သောကြာ

၆။ သောကြာ သားသမီးများအတွက် ရှောင်ရန်… မွေးနေ့. 👉 သောကြာ၊ အညွှန့်နေ့ 👉 ဗုဒ္ဓဟူး၊ ဆပွတ်နေ့ 👉 စနေ

၇။ စနေ သားသမီးများအတွက် ရှောင်ရန်… မွေးနေ့. 👉 စနေ၊ အညွှန့်နေ့ 👉 ကြာသပတေး၊ ဆပွတ်နေ့👉 တနင်္ဂနွေ

အထက်ဖော်ပြပါ နေ့နံတွေကတော့ ဗေဒင် အယူနဲ့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

တချို့သော လူကြီးသူမများပြောပြချက် တချို့အား ဖော်ပြချင်ပါသေးတယ်။ ယခုဖော်ပြချက်မှာ (ဗုဒ္ဓဘာသာဝင် လူမျိုးများအတွက်သာ)

မွေးနေ့ သောကြာ တနင်္လာ ကေသာဆံဖြတ် မပြုအပ်ရှေးလူကြီးသူမများ ဆိုလိုသည်မှာ

ဤ ဘဒ္ဒကမ္ဘာတွင် လေးဆူမြောက် ပွင့်တော်မူပြီးသော ဂေါတမမြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသားသည်

ဥရုဝေဠတော၌ ဒုက္ကရစရိယာကျင့်တော်မူရန် တနင်္လာနေ့တွင် တောထွက်တော်မူပြီးနောက် အနော်မာသောင်ယံ၌ ဆံကေသာအား ပါယ်တော်မူခဲ့လေသည်။

ရှင်းလင်းချက်… အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်သည့်နေ့ (သောကြာနေ့)၊ ဆံကေသာ ပါယ်ဖြတ်သည့်နေ့ (တနင်္လာနေ့)

“ထို့ကြောင့် (သောကြာနေ့)တွင် မွေးဖွားသော အမျိုးသား၊ အမျိုးသမီးတို့သည် (တနင်္လာနေ့တွင်) ဆံပင်ညှပ်မည်ဆိုပါက

ဘုရားအလောင်းတော်နှင့် အတုယူနှိုင်းယှဉ်ရာ ကျမည်ဖြစ်၍ သောကြာသားသမီးတို့သည်

တနင်္လာနေ့တွင် ဆံပင်ညှပ်ခြင်းအမှု မပြုသင့်” ဟု ရှေးလူကြီးများ သတ်မှတ်ခဲ့ခြင်းသာ ဖြစ်ပါသည်။