News

Despite the cold global gold price, Myanmar’s gold price has reached 3800,000 kyats

အမေရိကန်ဗဟိုဘဏ်အနေနဲ့ လာမယ့် မတ်လကုန်မှာ အတိုးနှုန်း လျှော့ချရေး မဖြစ်နိုင်တော့ဘူးလို့ ရင်းနှီးမြှုပ်နှံသူတွေက ယူဆလာတဲ့အတွက်

မနေ့က ကမ္ဘာ့ရွှေဈေး ကျဆင်းခဲ့ပြီး ဒီနေ့မနက်မှာလည်း ကျဈေးမှာ ငြိမ်နေပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ မနေ့က ဈေးပြန်ဖွင့်ရက် တနင်္လာနေ့မှာ တစ်အောင်စကို ၂၀၂၇ ဒေါ်လာဝန်းကျင် ရှိခဲ့ရာက ၂၀၂၂ ဒေါ်လာကို ကျသွားခဲ့ပြီး ဒီနေ့မှာတော့ ၂၀၂၀ ဒေါ်လာဈေးမှာ ငြိမ်နေပါတယ်။

မနေ့က ကမ္ဘာ့ရွှေဈေးကွက်မှာ ဈေးတန်းပေါ် မူတည် ရောင်းချမှုတွေ ရှိခဲ့တာနဲ့ စတော့ဈေးကွက်က တက်ဈေးဖြစ်လာလို့ အဲဒီဘက် အာရုံကျသူတွေ များသွားတာတွေကြောင့် ရွှေဈေး ကျဆင်းခဲ့တာ ဖြစ်ပြီး အမေရိကန်ဗဟိုဘဏ်နဲ့ အမေရိကန်စီးပွားရေးအလားအလာတွေကို ရင်းနှီးမြှုပ်နှံသူတွေက စောင့်ကြည့်နေကြပါတယ်။

ကမ္ဘာ့ရွှေဈေး အကျမှာ ငြိမ်နေပေမဲ့ မြန်မာပြည်တွင်းရွှေဈေးကတော့ တရိပ်ရိပ် တက်လာရာကနေ မနေ့က ညနေပိုင်းမှာ တစ်ကျပ်သားကို ၃၈ သိန်းအထိ ရောက်ရှိလာပါတယ်။ (ကျွန်တော်တို့ Current Content ရဲ့သတင်း ဖြစ်ပါတယ်)

ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့မိုးအလယ်ကာလတုန်းက ကျပ် ၃၉ သိန်း – သိန်း ၄၀ ဝန်းကျင်အထိ စံချိန်တင် မြင့်တက်ခဲ့ရာက ပွင့်လင်းရာသီအရောက်မှာ ၃၃ သိန်းအောက်အထိ အနိမ့်ဆုံးအဖြစ် ကျဆင်းခဲ့ပြီး နောက်ပိုင်းမှသာ ၃၄ -၃၅ သိန်းကနေ အခု ၃၈ သိန်းအထိ ပြန်တက်လာတာပါ။

ဒါကြောင့် လပိုင်းနဲ့ တွက်ရင် လက်ရှိ ရွှေဈေးဟာ ၅ လအတွင်း အမြင့်ဆုံး ဖြစ်နေပြီး ဒီနေ့မှာလည်း ကျပ် ၃၈ သိန်းနီးပါးဈေးနဲ့ အရောင်းဖွင့်ထားတယ်လို့ သိရပါတယ်။