အသက် ၃၀ တန်းကိုရောက်ပြီဆိုရင်တော့ဒီအလုပ်တွေကို တကယ်စလုပ်သင့်ပါပြီ။
အသက် ၅၀ မှာ ပျော်ရွှင်ချမ်းမြေ့ချင်ရင်အသက်၃၀ မှာဒါတွေစပြီး လုပ်ထားပါ…။
အသက် ၅၀ အရွယ်တွေကို ငယ်ငယ်တုန်းက ဘာလုပ်ခဲ့ရင်ကောင်းမှာပဲလို့တွေးမိသလဲမေးခဲ့ပါတယ်…။အဖြေတွေက သိပ်ကို
ကောင်းမွန်ပြီးရိုးရှင်းလှပါတယ်။ ကိုယ့်အသက်၃၀တန်းကိုရောက်ပြီဆိုရင် ဒီအလုပ်တွေကိုလုပ်သင့်ပါပြီ..!
၁. ဆေးလိပ်မသောက်နဲ့။ သောက်မိပြီဆိုရင် ဖြတ်ပစ်ပါ။
၂. အမြန်စာတွေကို မစားပါနဲ့တော့။
၃. မိဘ၊ ညီအစ်ကိုမောင်နှမတွေနဲ့ ..ဆက်ဆံရေး ကောင်းမွန်ပါစေ။
၄. နေရောင်ကာဆေးမပါဘဲ နေပူထဲမထွက်ပါနဲ့တော့။
၅. ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ
၆. ပိုက်ဆံ စစုပါ။ ဘယ်လောက်နည်းနည်း စုဖြစ်အောင်စုပါ။
၇. ကိုယ့်မှာရှိတာနဲ့ ရောင့်ရဲတတ်ပါစေနော်
၈. ဘဝရဲ့ပန်းတိုင်တွေကို..မျက်ချေပြတ်မခံဘဲ ဆက်ကြိုးစားပါ။
၉. အချိန်မှန် အိပ်ရာဝင်၊ အိပ်ရာထပါ။
၁၀. သွားတွေကို ဂရုစိုက်ပါ။
၁၁. အရာဝထ္ထုတွေကို စုဆောင်းတာထက် အမှတ်ရစရာလေးတွေကိုစုဆောင်းပါ။
၁၂. တစ်ခုခုကို ပြန်ပေးလှူတတ်ပါစေ။
၁၃. မျက်စိရှင်ရှင်ထားပြီး လောကကြီးထဲက အသစ်အဆန်းတွေကို နေ့တိုင်းရှာဖွေပါ။
၁၄. တစ်နှစ်ကို စာအုပ် ၁၀ အုပ်ထက်မနည်းဖတ်ပါ။
၁၅. တတ်နိုင်သမျှ ခရီးသွားပါ။
၁၆. တရားထိုင်ကြည့်ပါ။
၁၇. ကိုယ့်ကိုယ်ကို ဂုဏ်ယူတတ်ပါစေ။
၁၈. မှတ်တမ်းတစ်စောင် အမြဲရေးပါ။
၁၉. အိမ်ပိုင်ဆိုင်နိုင်အောင် ကြိုးစားပါ။
၂၀. သူငယ်ချင်းတွေကို ဂရုစိုက်ပါ။
နှစ် ၅၀၊ နှစ် ၁၀၀ အထိ ကျန်းမာပျော်ရွှင်တဲ့ဘဝကို သူငယ်ချင်းအားလုံး ပိုင်ဆိုင်နိုင်ကြပါစေ။
If you reach the age of 30, you should really start doing these jobs.
If you want to be happy at age 50, start doing these things at age 30.
We asked the 50-year-olds what they wish they had done when they were younger….The answers were a lot
Nice and simple. If you reach the age of 30, you should do these jobs..!
1. Don’t smoke. If you have been drinking, stop.
2. Stop eating fast food.
3. parents Have a good relationship with brothers and sisters.
4. Don’t go out in the sun without sunscreen.
5. Exercise regularly
6. Start saving money. How little to collect.
7. Be content with what you have
8. Don’t lose sight of your goals in life and keep trying.
9. go to bed on time wake up.
10. Take care of your teeth.
11. Rather than collecting things, collect small memories.
12. Give something back.
13. Keep your eyes open and discover new things in the world every day.
14. Read at least 10 books a year.
15. Travel as much as possible.
16. Try meditation.
17. Be proud of yourself.
18. Always write a log.
19. Try to own a house.
20. Take care of your friends.
50 years May all friends have a healthy and happy life up to 100 years.