ဗေဒင်
ရုပ်ပိုင်းဆိုင်ရာအရ ဆွဲဆောင်မှုအရှိဆုံးဆိုတဲ့ ရာသီခွင် (၅) ခု…
Aquarius: ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ရက်နေ့ထိ
penny
——————————
ဒီတစ်ခေါက် ရာသီခွင်တို့ရဲ့ ကဏ္ဍမှာတော့ ရုပ်ပိုင်းဆိုင်ရာအရ တစ်ဖက်သားအပေါ် ဆွဲဆောင်မှုပြင်းတတ်ကြတဲ့ ရာသီခွင်လေးတွေကို ဖော်ပြပေးသွားမှာပါ။ ရာသီခွင်တစ်ခုချင်းစီအလိုက် ဘယ်လိုမတူညီတဲ့ ပုံစံမျိုးတွေနဲ့ ဆွဲဆောင်မှုရှိနေကြသလဲဆိုတာ ကြည့်လိုက်ရအောင်။
Aquarius: ဇန်နဝါရီ ၂၀ မှ ဖေေဖော်ဝါရီ ၁၈ ရက်နေ့ထိ
Aquarius တွေကတော့ တစ်ဖက်သားကို ညှို့အားပြင်းတဲ့သွင်ပြင်တွေနဲ့ ဆွဲဆောင်တတ်ကြပါတယ်တဲ့။ ဒါကြောင့်လည်း ကောင်လေးတွေဆိုရင် သူတို့တွေကိုတွေ့တာနဲ့ တန်းကြွေတတ်ကြတာပေါ့။
Freepik- cookie_studio
Libra: စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ရက်နေ့ထိ
Libra တွေကတော့ fashion အမြင်လည်းရှိတဲ့အပြင် သူတို့မှာ လျှို့ဝှက်ဆန်ပြီး ထူးခြားတဲ့အချက်တစ်ခုရှိနေပါတယ်။ အဲဒါကတော့ Libra မှန်ရင် ရုပ်လှလှ၊ မလှလှ တစ်ဖက်သားကို ဆွဲဆောင်မှန်းမသိ ဆွဲဆောင်နေတာမျိုးပါ။
Virgo: သြဂုတ်လ ၂၃ မှ စက်တင်ဘာ ၂၂ ရက်နေ့ထိ
Virgo လေးတွေကတော့့ သူတို့ရဲ့ ဖြူစင်ရိုးသားလှတဲ့ သွင်ပြင်လေးကြောင့် မြင်မြင်ချင်းမှာတင် သူတို့ကို မေတ္တာရှိသွားတတ်ကြပါတယ်။ မြင်ရသူတိုင်း စိတ်အေးချမ်းစေတဲ့ အလှတရားပိုင်ရှင်လေးတွေပါတဲ့။
Gemini: မေလ ၂၁ မှ ဇွန်လ ၂၀ ရက်နေ့ထိ
သူတို့တွေဟာ နေထိုင်လှုပ်ရှားသွားလာမှုတိုင်းဟာ မိန်းမသားအရမ်းဆန်လွန်းတာကြောင့် ကောင်လေးတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေကြရတာပါ။ ူ
Taurus: ဧပြီလ ၂၀ မှ မေလ ၂၀ ရက်နေ့ထိ
Taurus တွေကတော့ တစ်မျိုး smart ကျပြီး စကားပြောညက်မှုတွေကြောင့် တစ်ဖက်သားက သင်စကားပြောတိုင်း သင့်မျက်နှာလေးကိုကြည့်ပြီးတော့ နစ်မြောသွားတတ်ကြပါတယ်။
Freepik- marymarkevich
penny