အေထြအေထြဗဟုသုတ

အပ်ိဳေဖာ္၀င္စ မိန္းခေလးငယ္ေလးမ်ားကို ဖတ္ေစခ်င္ပါတယ္

အပ်ိဳေဖာ္ဝင္စ လွေသြးႂကြ

အပ်ိဳေဖာ္ဝင္စငယ္ေသြးႂကြလွပ ဆိုေသာစကားသည္ မိန္းခေလးတေယာက္အပ်ိဳစျဖစ္စတြင္လွပမူကိုတင္စားထားျခင္းျဖစ္ပါတယ္။

မိန္းခေလးငယ္တစ္ေယာက္အပ်ိဳစျဖစ္စေသာ ကိုယ္ခႏၶာေျပာင္းလဲမူကို သိထားသင့္ေသာအခ်က္မ်ားကို OnDoctor တြင္ အေမးမ်ားေလ့ရွိပါတယ္။

မိဘမ်ားအေနျဖင့္လည္းမိမိသမီးငယ္ကို ေျပာင္းလဲလာေသာလူေနမူပတ္ဝန္းက်င္စိတ္မခ်မူေၾကာင့္ အပ်ိဳေဖာ္ဝင္သည့္အခ်က္မ်ားကို ေစာစီးစြာသတိထားသိခ်င္ေသာဆႏၵေၾကာင့္ေမးၾကပါတယ္။

(1)အပ်ိဳစျဖစ္ေသာအသက္အရြယ္

မိန္းခေလးတစ္ေယာက္အေနျဖင့္ အသက္ ၈ႏွစ္မွ ၁၃ႏွစ္ၾကားအပ်ိဳစျဖစ္ပါတယ္။

အဝလြန္ေသာမိန္းခေလးမ်ား အပ်ိဳစျဖစ္ေသာအသက္အရြယ္ေစာေလ့ရွိၿပီး ပိန္ေသာမိန္းခေလးမ်ားသည္ ေနာက္က်ေလ့ရွိပါတယ္။

အသက္၁၂ႏွစ္အရြယ္တြင္ ရင္သားဖြံ့ၿဖိဳးမူမရွိဘဲ အသက္၁၅ႏွစ္ထိရာသီလာရန္ေနာက္က်သည့္အခါ ဆရာဝန္ႏွင့္ေသခ်ာစမ္းသပ္ရန္လိုအပ္ပါတယ္။

(2)ေဟာ္မုန္းအေျပာင္းအလဲ

အပ်ိဳစျဖစ္ခ်ိန္အတြင္းကိုယ္ခႏၶာမွ ထြက္ေသာေဟာ္မုန္းေၾကာင့္ သားဥအိမ္မွ အမ်ိဳးသမီးေဟာမုန္းအီစတိုဂ်င္ထြက္ပါတယ္။

အဆိုပါေဟာ္မုန္းေၾကာင့္ တေျဖးေျဖးအပ်ိဳအျဖစ္စတင္ေျပာင္းလဲလာပါတယ္။ေဟာ္မုန္းအတက္အက်ေပၚမူတည္ရ်္လည္း အပ်ိဳစျဖစ္စစိတ္အေျခအေနသည္လည္း အေျပာင္းအလဲျမန္တတ္ပါတယ္

(3)ဖြံ့ၿဖိဳးမူႏွင့္ကိုယ္အေလးခ်ိန္တိုးလာျခင္း

မိန္းခေလးအမ်ားစုရဲ့ဖြံ့ၿဖိဳးသည္ တရွိန္ထိုးတိုးတက္ၿပီး အေစာပိုင္းတြင္ ေယာက်ာၤးေလးမ်ားထက္ပိုမိုျမန္ဆန္ပါတယ္။

ထို႔ေၾကာင့္ အလယ္တန္းေက်ာင္းတြင္ မိန္းခေလးမ်ားသည္ေယာက်ာၤးေလးမ်ားထက္အရပ္ပိုရွည္ပါတယ္။

မိန္းခေလးရဲ့ဖြံၿဖိဳးမူသည္ သိသာစြာေျပာင္းလဲလာသည္မွာ အဆီမ်ား ၈%မွ ၂၁%ထိတိုးလာေသာေၾကာင့္ပါ။

အဆိုပါအဆီမ်ားသည္ မ်ိဳးပြားမူအတြက္ႏွင့္ ရာသီစက္ဝန္းအတြက္လည္းလိုအပ္ပါတယ္။

(4)ရင္သားဖြံၿဖိဴးမူ

အပ်ိဳစျဖစ္သည္ႏွင့္ တင္။ရင္သားသိသားစြာစတင္ဖြံ့ၿဖိဳးေျပာင္းလဲလာပါတယ္။

အခ်ိဳ႕အမ်ိဳးသမီးမ်ားသည္ရင္သားမဖြံ့ၿဖိဳးေသာေၾကာင့္စိတ္ပူတတ္ၾကပါတယ္။

အခ်ိဳ႕မူ လ်င္ျမန္စြာႀကီးထြားေသာ္လည္းအခ်ိဳ႕မူ တေျဖးေျဖးသာအခ်ိန္ၾကာႀကီးထြားလာပါတယ္။နို႔သီးေခါင္းအေရာင္ ႏွင့္ဖြံၿဖိဳးမူသိသာလာပါလိမ့္မယ္။

(5)ရာသီစက္ဝန္း

ရင္သားဖြံ့ၿဖိဳ႕မူရွိလာရာမွ ႏွစ္အနည္းငယ္အတြင္းပထမဦးဆုံးရာသီစက္ဝန္းစတင္ျဖစ္ေပၚပါတယ္။

ရာသီလာခ်ိန္သည္ ၂ရက္မွ၈ရက္ထိၾကာျမင့္တတ္ၿပီး ၂၁ရက္မွ၃၅ရက္စက္ဝန္းတပတ္လည္ျဖစ္ေပၚေလ့ရွိပါတယ္။

(6)အျဖဴဆင္းျခင္း

ေဟာ္မုန္းေျပာင္းလဲမူမ်ားေၾကာင့္ အျဖဴဆင္းနိုင္ေသာ္လည္း ပစ္ျခင္း။ယားျခင္း။အနံ့ျပင္းျခင္းစသည္တို႔ခံစားရပါကဆရာဝန္ႏွင့္ျပသရန္လိုအပ္ပါတယ္။

(7)ကိုယ္ခႏၶာအေမႊးမ်ား

အပ်ိဳစျဖစ္သည္ႏွင့္ ခ်ိဳင္းၾကား။မိန္းမကိုယ္တြင္အေမႊးမ်ားေပါက္လာၿပီးအခ်ိဳ႕တြင္အေပၚႏူတ္ခမ္းေပၚတြင္အနည္းငယ္ေပါက္တတ္ပါတယ္။

အေမႊးအမၽွင္မ်ားသည္ တေျဖးေျဖးမ်ားျပားလာနိုင္ပါတယ္။အကယ္ရ်္ မိန္းခေလးမ်ားအေနျဖင့္ ေဟာ္မုန္းမူမမွန္မူေၾကာင့္ ရင္ဘတ္။

ေမးေစ့မ်ားပါ ေပါက္လာပါက ေသခ်ာဆရာဝန္နဲ႔ျပသပါ။

(8)ေခၽြးထြက္မ်ားျခင္း

ေဟာ္မုန္းေျပာင္းလဲမူေၾကာင့္ ကိုယ္ခႏၶာမွေခၽြးထြက္မ်ားရ်္ အနံ့အသက္မေကာင္းျခင္းစသည္တို႔ျဖစ္လာတတ္ပါတယ္။

ခ်ိဳင္းေခၽြးနံ့ေပ်ာက္ေဆးစသည္တို႔ကိုစတင္သုံးစြဲနိုင္ပါတယ္။

(9)ဝက္ၿခံေပါက္ျခင္း

ေဟာ္မုန္းေျပာင္းလဲမူမ်ားေၾကာင့္ မိန္းခေလးမ်ားရဲ့မ်က္ႏွာတြင္ ဝက္ၿခံမ်ိဳးစုံေပါက္နိုင္ပါတယ္။

အလွျပင္ပစၥည္းမ်ားေသခ်ာစြာေရြးခ်ယ္သုံးစြဲသင့္ပါတယ္။မသက္သာပါကအေရျပားအထူးကုဆရာဝန္ႏွင့္ေသခ်ာကုသပါ။

(10)စိတ္လူပ္ရွားျခင္း

အပ်ိဳေဖာ္ဝင္စအခ်ိန္တြင္ စိတ္ခံစားမူသည္ အခ်ိန္ႏွင့္အမၽွေျပာင္းလဲတတ္ၿပီး ဝမ္းနည္းလြယ္ျခင္း။တက္ႂကြျခင္း။

စိတ္ခံစားမူျပင္းထန္ျခင္းျခင္ူစသည့္အေျပာင္းအလဲမ်ားခံစားရနိုင္ပါတယ္။

————————-

အပျိုဖော်ဝင်စ လှသွေးကြွ

အပျိုဖော်ဝင်စငယ်သွေးကြွလှပ ဆိုသောစကားသည် မိန်းခလေးတယောက်အပျိုစဖြစ်စတွင်လှပမူကိုတင်စားထားခြင်းဖြစ်ပါတယ်။

မိန်းခလေးငယ်တစ်ယောက်အပျိုစဖြစ်စသော ကိုယ်ခန္ဓာပြောင်းလဲမူကို သိထားသင့်သောအချက်များကို OnDoctor တွင် အမေးများလေ့ရှိပါတယ်။

မိဘများအနေဖြင့်လည်းမိမိသမီးငယ်ကို ပြောင်းလဲလာသောလူနေမူပတ်ဝန်းကျင်စိတ်မချမူကြောင့် အပျိုဖော်ဝင်သည့်အချက်များကို စောစီးစွာသတိထားသိချင်သောဆန္ဒကြောင့်မေးကြပါတယ်။

(1)အပျိုစဖြစ်သောအသက်အရွယ်

မိန်းခလေးတစ်ယောက်အနေဖြင့် အသက် ၈နှစ်မှ ၁၃နှစ်ကြားအပျိုစဖြစ်ပါတယ်။

အဝလွန်သောမိန်းခလေးများ အပျိုစဖြစ်သောအသက်အရွယ်စောလေ့ရှိပြီး ပိန်သောမိန်းခလေးများသည် နောက်ကျလေ့ရှိပါတယ်။

အသက်၁၂နှစ်အရွယ်တွင် ရင်သားဖွံ့ဖြိုးမူမရှိဘဲ အသက်၁၅နှစ်ထိရာသီလာရန်နောက်ကျသည့်အခါ ဆရာဝန်နှင့်သေချာစမ်းသပ်ရန်လိုအပ်ပါတယ်။

(2)ဟော်မုန်းအပြောင်းအလဲ

အပျိုစဖြစ်ချိန်အတွင်းကိုယ်ခန္ဓာမှ ထွက်သောဟော်မုန်းကြောင့် သားဥအိမ်မှ အမျိုးသမီးဟောမုန်းအီစတိုဂျင်ထွက်ပါတယ်။

အဆိုပါဟော်မုန်းကြောင့် တဖြေးဖြေးအပျိုအဖြစ်စတင်ပြောင်းလဲလာပါတယ်။ဟော်မုန်းအတက်အကျပေါ်မူတည်ရျ်လည်း အပျိုစဖြစ်စစိတ်အခြေအနေသည်လည်း အပြောင်းအလဲမြန်တတ်ပါတယ်။

(3)ဖွံ့ဖြိုးမူနှင့်ကိုယ်အလေးချိန်တိုးလာခြင်း

မိန်းခလေးအများစုရဲ့ဖွံ့ဖြိုးသည် တရှိန်ထိုးတိုးတက်ပြီး အစောပိုင်းတွင် ယောကျာင်္းလေးများထက်ပိုမိုမြန်ဆန်ပါတယ်။

ထို့ကြောင့် အလယ်တန်းကျောင်းတွင် မိန်းခလေးများသည်ယောကျာင်္းလေးများထက်အရပ်ပိုရှည်ပါတယ်။

မိန်းခလေးရဲ့ဖွံဖြိုးမူသည် သိသာစွာပြောင်းလဲလာသည်မှာ အဆီများ ၈%မှ ၂၁%ထိတိုးလာသောကြောင့်ပါ။

အဆိုပါအဆီများသည် မျိုးပွားမူအတွက်နှင့် ရာသီစက်ဝန်းအတွက်လည်းလိုအပ်ပါတယ်။

(4)ရင်သားဖွံဖြိူးမူ

အပျိုစဖြစ်သည်နှင့် တင်။ရင်သားသိသားစွာစတင်ဖွံ့ဖြိုးပြောင်းလဲလာပါတယ်။

အချို့အမျိုးသမီးများသည်ရင်သားမဖွံ့ဖြိုးသောကြောင့်စိတ်ပူတတ်ကြပါတယ်။

အချို့မူ လျင်မြန်စွာကြီးထွားသော်လည်းအချို့မူ တဖြေးဖြေးသာအချိန်ကြာကြီးထွားလာပါတယ်။နို့သီးခေါင်းအရောင် နှင့်ဖွံဖြိုးမူသိသာလာပါလိမ့်မယ်။

(5)ရာသီစက်ဝန်း

ရင်သားဖွံ့ဖြို့မူရှိလာရာမှ နှစ်အနည်းငယ်အတွင်းပထမဦးဆုံးရာသီစက်ဝန်းစတင်ဖြစ်ပေါ်ပါတယ်။

ရာသီလာချိန်သည် ၂ရက်မှ၈ရက်ထိကြာမြင့်တတ်ပြီး ၂၁ရက်မှ၃၅ရက်စက်ဝန်းတပတ်လည်ဖြစ်ပေါ်လေ့ရှိပါတယ်။

(6)အဖြူဆင်းခြင်း

ဟော်မုန်းပြောင်းလဲမူများကြောင့် အဖြူဆင်းနိုင်သော်လည်း ပစ်ခြင်း။ယားခြင်း။အနံ့ပြင်းခြင်းစသည်တို့ခံစားရပါကဆရာဝန်နှင့်ပြသရန်လိုအပ်ပါတယ်။

(7)ကိုယ်ခန္ဓာအမွှေးများ

အပျိုစဖြစ်သည်နှင့် ချိုင်းကြား။မိန်းမကိုယ်တွင်အမွှေးများပေါက်လာပြီးအချို့တွင်အပေါ်နူတ်ခမ်းပေါ်တွင်အနည်းငယ်ပေါက်တတ်ပါတယ်။

အမွှေးအမျှင်များသည် တဖြေးဖြေးများပြားလာနိုင်ပါတယ်။အကယ်ရျ် မိန်းခလေးများအနေဖြင့် ဟော်မုန်းမူမမှန်မူကြောင့် ရင်ဘတ်။

မေးစေ့များပါ ပေါက်လာပါက သေချာဆရာဝန်နဲ့ပြသပါ။

(8)ချွေးထွက်များခြင်း

ဟော်မုန်းပြောင်းလဲမူကြောင့် ကိုယ်ခန္ဓာမှချွေးထွက်များရျ် အနံ့အသက်မကောင်းခြင်းစသည်တို့ဖြစ်လာတတ်ပါတယ်။

ချိုင်းချွေးနံ့ပျောက်ဆေးစသည်တို့ကိုစတင်သုံးစွဲနိုင်ပါတယ်။

(9)ဝက်ခြံပေါက်ခြင်း

ဟော်မုန်းပြောင်းလဲမူများကြောင့် မိန်းခလေးများရဲ့မျက်နှာတွင် ဝက်ခြံမျိုးစုံပေါက်နိုင်ပါတယ်။

အလှပြင်ပစ္စည်းများသေချာစွာရွေးချယ်သုံးစွဲသင့်ပါတယ်။မသက်သာပါကအရေပြားအထူးကုဆရာဝန်နှင့်သေချာကုသပါ။

(10)စိတ်လူပ်ရှားခြင်း

အပျိုဖော်ဝင်စအချိန်တွင် စိတ်ခံစားမူသည် အချိန်နှင့်အမျှပြောင်းလဲတတ်ပြီး ဝမ်းနည်းလွယ်ခြင်း။တက်ကြွခြင်း။

စိတ်ခံစားမူပြင်းထန်ခြင်းခြင်ူစသည့်အပြောင်းအလဲများခံစားရနိုင်ပါတယ်