MAY THAZINHTOO
Credit – Aunty May
Unicode ,
အရပ်ငါးပေမပြည့်တပြည့် မိန်းကလေးတွေသာ ပိုင်ဆိုင်ထားတဲ့ အားသာချက်(၇)မျိုး…
အရပ်ငါးပေ မပြည့် တပြည့်နဲ့ ကောင်မလေးတွေလောက် ချစ်စရာကောင်းတာ မရှိဘူးလို့ပြောရင် ငြင်းမှာလား…၊ ဘယ်သူတွေ ဘယ်လို ပဲငြင်းငြင်း သူတို့လေးတွေသာ ပိုင်ဆိုင်နိုင်တဲ့ အားသာ ချက်လေးတွေ ကတော့ ဒီလိုလေးတွေ ရှိပါ တယ်။ ဆက်ဖတ်ကြည့်ပေးပါနော် …။
(၁) ရှိရင်းစွဲ အသက်ထက် ပိုနုတယ်”
ရွယ်တူတွေ ကသာ အသက်တွေ ကြီးသွားတာ ကိုယ်တွေ ကတော့ တက်လာ သမျှ ကလေးတွေနဲ့ ယှဉ်လို့ရနေတုန်း ပါပဲ …။
(၂) အဝတ်အစားအတွက် အကုန်အကျ သက်သာတယ်”
အဝတ် အစားဝယ်တဲ့ အခါ small size ကဈေးအနည်း ဆုံးဖြစ်သလို၊ ချုပ်ဝတ်မယ် ဆိုရင်လည်း ပိတ်စတွေအများကြီး မ ကုန်တော့ပါဘူး …။
(၃) ကလေးတွေ ချစ်တာ ပိုခံရတယ်”
ကလေးတွေနဲ့ ကိုယ်တွေနဲ့ သိပ်မကွာသ လိုဖြစ်နေတာကြောင့် သူတို့လေးတွေနဲ့ အမြဲတမ်း တရင်းတနှီး ဖြစ်နေတာမျိုးပါ …။
(၄) လူတွေရဲ့ ကူညီရိုင်းပင်းမှု ကိုပိုရတယ်”
လောရှည်တွေ Bus ပေါ်တက် လာရင် ဘယ်သူမှ လမ်းမ ဖယ်ပေးကြပေမယ့် ကိုယ်တွေ တက်လာရင်တော့ မီမယ့်နေရာ ကိုပေးကြ တယ်လေ …။
(၅) “ချစ်စရာလေး” ဆိုတဲ့စကား အမြဲကြားရတယ်”
အဝတ်အစား အသစ်ဝတ်ထား တဲ့အခါ၊ ပွဲတစ်ခုခုသွားတဲ့ အခါတွေမှာ ချစ်စရာလေး ဆိုတဲ့ စကားကို အမြဲကြားရ တာလည်း ကိုယ်တွေ ပါပဲ …။
(၆) ဖိနပ်အမြင့်တွေ စိတ်ကြိုက် စီးလို့ရတယ်”
ဖိနပ်အမြင့်စီးလို့ တခြားသူတွေ ထက်ရှည်ထွက်ပြီး တစ်ယောက် တည်း မိုးထိုးနေ မှာမျိုး ပူစရာ မလိုဘူး။ ဒေါက်ဖိနပ်တွေ ကြိုက်သလောက်မြင့် ကိုယ်တွေ က စီးလို့ ရပါတယ် …။
(၇) ချစ်သူကောင်လေးထက် အရပ်ရှည်နေမှာ စိတ်မပူရဘူး”
အရပ်ရှည်တဲ့ မိန်းကလေးတွေအတွက် သူတို့ထက်အရပ် ပိုရှည်တဲ့ ဘဲလေးတွေ ရှားပါးနေချိန်မှာ ၊ ကိုယ်တွေလို ငါးပေမပြည့် တပြည့်လေးတွေကတော့ ဒီလိုဒုက္ခတွေ မ ရှိပါဘူးနော် …။ ။
MAY THAZINHTOO
Credit – Aunty May