အခ်စ္နွင့္ဘဝ
















Credit

Unicode,

ချစ်သူအပေါ် အရမ်းသိတတ်လွန်းတဲ့လူမျိုးတွေက ဘယ်တော့မှ တန်ဖိုးထားမခံရဘူး…

ချစ်သူအပေါ် အရမ်းသိတတ်လွန်းတဲ့လူမျိုးတွေက ဘယ်တော့မှ တန်ဖိုးမထားမခံရဘူး…

ချစ်သူအပေါ်အရမ်းသိတတ်လွန်းတဲ့သူတွေအားနာတတ်လွန်းတဲ့သူတွေ သိပ်ချစ်လွန်းတဲ့သူ …၊

အနစ်နာခံတတ်တဲ့သူ တွေမှာ အပင်ပန်းရဆုံး အချိန်က ဘာမှမဖြစ်သလို ဟန်ဆောင်ပြုံးပြ ရတဲ့အချိန်ပဲ

ကိုယ်နာကျင်နေပေမယ့် ကိုယ့်ကိုယ်နာကျင်အောင် လုပ်တဲ့သူကို ပြန်နာကျင်အောင်လုပ်ဖို့ မပြောနဲ့ …၊

ကိုယ်နာကျင်နေတာတောင် သူသိမှာစိုးလို့ ဟန်ဆောင်ပြုံးပြတတ်တဲ့ သူမျိုးတွေ …၊

သိပ်အလိုက်သိ သိပ်ကို မျက်နှာရိပ်မျက်နှာကဲ ကြည့်တတ်တဲ့သူတွေ ဖြစ်ပေမယ့် သူတို့ ဘာဖြစ်နေတယ်တော့ ဘယ်သူမှ မသိစေရဘူး …။

နာကျင်လေလေ ရယ်စရာတွေပြော ဟာသတွေ လျောက်လုပ်နဲ့ ကိုယ်မပျော်တာတောင် သူများပျော်အောင် လုပ်ပေးတတ်တဲ့သူမျိုးတွေ …။

I’m okay ဆိုတဲ့ စကားကို အမြဲပြောတတ်ပေမယ့် အမြဲပြုံးနေတတ်ပေမယ့် …၊

သူတို့ကတစ်ကယ်တော့ အရမ်းပင်ပန်းပါတယ် အရမ်းနာကျင်ရပါတယ် …။ တစ်ခါလောက်လေးတော့ I’m fine ဆိုတဲ့ စကားနောက်ကွယ်က အဆင်မပြေမှုတွေကိုမြင်ပြီး နှစ်သိမ့်တာမျိုး လိုချင်မိတယ် …။

မပြောပဲ သူတို့အဆင်မပြေတာ နာကျင်တာတွေကိုမြင်ပြီး တစ်ခါလောက် ထွေးပွေ့ထားတာ ခံချင်ကြတာပဲ ….

ဒါပေမယ့် သူတို့က မိသားစုအပေါ်မှာဖြစ်စေ ချစ်သူအပေါ်မှာဖြစ်စေ အဆင်မပြေလည်း ပျော်နေတယ်

ထင်ရအောင် ဟန်ဆောင် တတ်ကြတယ်။ ဒီတော့ ကိုယ် ဟန်ဆောင်နေသလို အဆင်ပြေနေတယ်ပဲ သူတို့တွေ ထင်ကြတယ် …။

သိပ် ရယ်ရတဲ့ အချက်က ဘာလည်းသိလား…အဲ့လိုလူမျိုးတွေက ဘယ်တော့မှ တန်ဖိုးမထား မခံရဘူး …

Credit