ၾကားသိရသမွ်

အဆိုတော် မီးမီးခဲ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်ကြောင်း အတည်ပြုပြောကြားလာတဲ့ စံပီး

အဆိုတော် မီးမီးခဲကတော့ သူမရဲ့ မိသားစုနဲ့အတူတူ သြစတေးလျနိုင်ငံမှာ အခြေချနေထိုင်နေရင်း ကင်ဆာရောဂါဝေဒနာကို ကုသမှုခံယူနေတာပဲ ဖြစ်ပါတယ်။ မီးမီးခဲက ပြီးခဲ့တဲ့လပိုင်းကလည်း ကင်ဆာဝေဒနာရဲ့ နောက်ဆက်တွဲဝေဒနာအဖြစ် ညာဘက်ခြေထောက်က လမ်းမလျှောက်နိုင်တော့တဲ့အထိ ဖြစ်ခဲ့ရတာဖြစ်ပါတယ်။ မီးမီးခဲက ကင်ဆာအဆင့် (၄)အထိကို ရောက်ရှိခဲ့ပြီး ဆရာဝန်တွေရဲ့ ဆေးကုသမှုနဲ့ သူမရဲ့ စိတ်ဓာတ်ကြံ့ခိုင်သန်စွမ်းမှုကြောင့် အချိန်တွေ ဆွဲဆန့်ပြီး ကြံ့ကြံ့ခံနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ကင်ဆာရောဂါကို ဆိုးရွားစွာခံစားနေရတဲ့ မီးမီးခဲကတော့ ဒီကနေ့ အောက်တိုဘာလ (၁၆) ရက်နေ့မှာ ဘဝတစ်ပါးသို့ ကူးပြောင်းကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ မီးမီးခဲကွယ်လွန်ခြင်းနဲ့ ပက်သတ်ပြီး မီးမီးခဲရဲ့ ခင်ပွန်းဟောင်းဖြစ်သူ အဆိုတော် ထူးအယ်လင်းက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ထူးအယ်လင်းက ပြန်ဖျက်သွားခဲ့ပေမယ်​​​့ အဆိုတော် စံပီးကတော့ “မဆုံးခင် ဆုတောင်းပေးခွင့်ရခဲ့ပါတယ်” ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။

မီးမီးခဲကတော့ ပြီးခဲ့တဲ့ လပိုင်းတွေက ကွယ်လွန်သွားခဲ့ပြီဆိုပြီး သတင်းမှားတွေ ထွက်ပေါ်ခဲ့သေးတာကြောင့် သူမကိုယ်တိုင် ဖြေရှင်းခဲ့ရတာ ဖြစ်ပြီး ဒီတစ်ခါမှာတော့ သူမကိုယ်တိုင် ပြန်မလာနိုင်တော့တဲ့ ခရီးရှည်ကြီးကို ထွက်ခွာသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ မီးမီးခဲတစ်ယောက် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ညိုးငယ်စွာ ဆုတောင်းပေးလိုက်ရပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Zawgyi,

အဆိုေတာ္ မီးမီးခဲကေတာ့ သူမရဲ႕ မိသားစုနဲ႔အတူတူ ၾသစေတးလ်ႏိုင္ငံမွာ အေျခခ်ေနထိုင္ေနရင္း ကင္ဆာေရာဂါေဝဒနာကို ကုသမႈခံယူေနတာပဲ ျဖစ္ပါတယ္။ မီးမီးခဲက ၿပီးခဲ့တဲ့လပိုင္းကလည္း ကင္ဆာေဝဒနာရဲ႕ ေနာက္ဆက္တြဲေဝဒနာအျဖစ္ ညာဘက္ေျခေထာက္က လမ္းမေလွ်ာက္ႏိုင္ေတာ့တဲ့အထိ ျဖစ္ခဲ့ရတာျဖစ္ပါတယ္။ မီးမီးခဲက ကင္ဆာအဆင့္ (၄)အထိကို ေရာက္ရွိခဲ့ၿပီး ဆရာဝန္ေတြရဲ႕ ေဆးကုသမႈနဲ႔ သူမရဲ႕ စိတ္ဓာတ္ႀကံ့ခိုင္သန္စြမ္းမႈေၾကာင့္ အခ်ိန္ေတြ ဆြဲဆန႔္ၿပီး ႀကံ့ႀကံ့ခံႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။

ကင္ဆာေရာဂါကို ဆိုး႐ြားစြာခံစားေနရတဲ့ မီးမီးခဲကေတာ့ ဒီကေန႔ ေအာက္တိုဘာလ (၁၆) ရက္ေန႔မွာ ဘဝတစ္ပါးသို႔ ကူးေျပာင္းကြယ္လြန္သြားခဲ့ၿပီ ျဖစ္ပါတယ္။ မီးမီးခဲကြယ္လြန္ျခင္းနဲ႔ ပက္သတ္ၿပီး မီးမီးခဲရဲ႕ ခင္ပြန္းေဟာင္းျဖစ္သူ အဆိုေတာ္ ထူးအယ္လင္းက သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာကေနတဆင့္ ပရိသတ္ေတြကို အတည္ျပဳေပးခဲ့တာ ျဖစ္ပါတယ္။ ထူးအယ္လင္းက ျပန္ဖ်က္သြားခဲ့ေပမယ္​​​့ အဆိုေတာ္ စံပီးကေတာ့ “မဆုံးခင္ ဆုေတာင္းေပးခြင့္ရခဲ့ပါတယ္” ဆိုၿပီးတင္ထားတာပဲျဖစ္ပါတယ္။

မီးမီးခဲကေတာ့ ၿပီးခဲ့တဲ့ လပိုင္းေတြက ကြယ္လြန္သြားခဲ့ၿပီဆိုၿပီး သတင္းမွားေတြ ထြက္ေပၚခဲ့ေသးတာေၾကာင့္ သူမကိုယ္တိုင္ ေျဖရွင္းခဲ့ရတာ ျဖစ္ၿပီး ဒီတစ္ခါမွာေတာ့ သူမကိုယ္တိုင္ ျပန္မလာႏိုင္ေတာ့တဲ့ ခရီးရွည္ႀကီးကို ထြက္ခြာသြားခဲ့ၿပီပဲ ျဖစ္ပါတယ္။ မီးမီးခဲတစ္ေယာက္ ေကာင္းရာဘုံဘဝမွာ ေအးခ်မ္းစြာ အနားယူႏိုင္ပါေစလို႔ ညိဳးငယ္စြာ ဆုေတာင္းေပးလိုက္ရပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။