ဒီပုံျမင္ေတာ့ ဒီ႐ြာကို စာသင္ေက်ာင္းဖြင့္ဖို႔ သြားစည္း႐ုံစဥ္က အျဖစ္ပ်က္ကို သြားသတိရမိတယ္။တစ္႐ြာလုံးမွာမွ စာသင္ေက်ာင္းလိုခ်င္တာဆိုလို႔ ႐ြာသူႀကီးပဲရွိတယ္။ က်န္တဲ့႐ြာသားးေတြက စာသင္ေက်ာင္းမွာ ကေလးေတြ စာသင္တာဟာ အပိုအလုပ္လို႔ ထင္ၾကတယ္။
ဒီလိုနဲ႕ ကြၽန္ေတာ္တို႔မွာ အခ်ိန္မရွိတာနဲ႕ ႐ြာသူႀကီးကို မရမကစည္း႐ုံၿပီး စာသင္ေက်ာင္းဖြင့္ဖို႔ေျပာတယ္။ မတတ္နိုင္တဲ့အဆုံးး ႐ြာသူႀကီးကလည္း စည္း႐ုံေပးမယ္ေျပာလိုက္ရရွာတယ္။ ဆိုေတာ့ အဲ႐ြာမွာ ကြၽန္ေတာ္တို႔ ေက်ာင္းဆရာ ၂ဦးခ်ထားေပးခဲ့တယ္။
လားရွိုးကိုလည္း ျပန္ေရာက္ေတာ့ မၾကာေသးး ေက်ာင္းဆရာ၂ေယာက္က ဖုန္းဆက္လာတယ္။႐ြာမွာ ထမင္းမငတ္ေပမယ့္ စားစရာဟင္းငတ္ေနေၾကာင္း ဟင္းေတြကို ႐ြာသားေတြဆီေတာင္းေပမယ့္ လာမေပးေၾကာင္း။
ဆီေတာင္းေသာ္လည္း နည္းနည္းပဲေပးတာေၾကာင့္ ဆီေတာင္ သုံးစရာ မရွိေၾကာင္း ေျပာလာပါတယ္။ ၁ပတ္ေလာက္အထိ ဆိုင္ကေန အေကြၽးယူထားတဲ့ ဆီသြတ္ဗူးနဲ႕သာ ထမင္းကိုေအာင့္အီ စားေနရေၾကာင္း ေျပာလာပါတယ္။
အဆိုးဆုံးက ေက်ာင္းတက္တဲ့ ကေလး ၄ေယာက္ပဲရွိတယ္ဆိုတဲ့အေၾကာင္းပါ။ ကေလးဦးေရ မ်ားျပားလွတဲ့ ဒီ႐ြာမွာ ေက်ာင္းလာတက္တာက ၄ေယာက္တဲ့။ ဒါေတာင္ ၂ေယာက္က ႐ြာသူႀကီးသမီးေတြပါ။
ဆိုေတာ့ ဆရာ၂ေယာက္ ေက်ာင္းသားး ၄ေယာက္ေပါ့။ဆရာ၂ေယာက္ စိတ္ညစ္လြန္းက်လိဳ႕ အခ်ိဳ႕ေနရက္ေတြဆို ငိုၾကရတယ္လို႔ ေျပာၾကပါတယ္။အခုေနာက္ပိုင္းေတာ့ ဒီ႐ြာ အေတာ္ေလးေတာ့ အဆင္ေျပလာပါၿပီ။
ပုံကေတာ့ စာလာသင္ၾကတဲ့ ေက်ာင္းသားေတြျဖစ္ပါတယ္။ပုံျပန္ေတြ႕လို႔ သတိရမိတာေလးေရးမိျခင္း ျဖစ္ပါတယ္။
ယူနီကုဒ် ဖြင့်
ဒီပုံမြင်တော့ ဒီရွာကို စာသင်ကျောင်းဖွင့်ဖို့ သွားစည်းရုံစဉ်က အဖြစ်ပျက်ကို သွားသတိရမိတယ်။တစ်ရွာလုံးမှာမှ စာသင်ကျောင်းလိုချင်တာဆိုလို့ ရွာသူကြီးပဲရှိတယ်။ ကျန်တဲ့ရွာသားးတွေက စာသင်ကျောင်းမှာ ကလေးတွေ စာသင်တာဟာ အပိုအလုပ်လို့ ထင်ကြတယ်။
ဒီလိုနဲ့ ကျွန်တော်တို့မှာ အချိန်မရှိတာနဲ့ ရွာသူကြီးကို မရမကစည်းရုံပြီး စာသင်ကျောင်းဖွင့်ဖို့ပြောတယ်။ မတတ်နိုင်တဲ့အဆုံးး ရွာသူကြီးကလည်း စည်းရုံပေးမယ်ပြောလိုက်ရရှာတယ်။ ဆိုတော့ အဲရွာမှာ ကျွန်တော်တို့ ကျောင်းဆရာ ၂ဦးချထားပေးခဲ့တယ်။
လားရှိုးကိုလည်း ပြန်ရောက်တော့ မကြာသေးး ကျောင်းဆရာ၂ယောက်က ဖုန်းဆက်လာတယ်။ရွာမှာ ထမင်းမငတ်ပေမယ့် စားစရာဟင်းငတ်နေကြောင်း ဟင်းတွေကို ရွာသားတွေဆီတောင်းပေမယ့် လာမပေးကြောင်း။
ဆီတောင်းသော်လည်း နည်းနည်းပဲပေးတာကြောင့် ဆီတောင် သုံးစရာ မရှိကြောင်း ပြောလာပါတယ်။ ၁ပတ်လောက်အထိ ဆိုင်ကနေ အကျွေးယူထားတဲ့ ဆီသွတ်ဗူးနဲ့သာ ထမင်းကိုအောင့်အီ စားနေရကြောင်း ပြောလာပါတယ်။
အဆိုးဆုံးက ကျောင်းတက်တဲ့ ကလေး ၄ယောက်ပဲရှိတယ်ဆိုတဲ့အကြောင်းပါ။ ကလေးဦးရေ များပြားလှတဲ့ ဒီရွာမှာ ကျောင်းလာတက်တာက ၄ယောက်တဲ့။ ဒါတောင် ၂ယောက်က ရွာသူကြီးသမီးတွေပါ။
ဆိုတော့ ဆရာ၂ယောက် ကျောင်းသားး ၄ယောက်ပေါ့။ဆရာ၂ယောက် စိတ်ညစ်လွန်းကျလို့ အချို့နေရက်တွေဆို ငိုကြရတယ်လို့ ပြောကြပါတယ်။အခုနောက်ပိုင်းတော့ ဒီရွာ အတော်လေးတော့ အဆင်ပြေလာပါပြီ။
ပုံကတော့ စာလာသင်ကြတဲ့ ကျောင်းသားတွေဖြစ်ပါတယ်။ပုံပြန်တွေ့လို့ သတိရမိတာလေးရေးမိခြင်း ဖြစ်ပါတယ်