ဇနီးေတြရဲ႕စိတ္ကို နားမလည္တဲ့ ခင္ပြန္းမ်ားဖတ္ဖို႔…

ဇနီးေတြရဲ႕စိတ္ကို နားမလည္တဲ့ခင္ပြန္းမ်ားဖတ္ဖို႔

မိန္းမတစ္ေယာက္က ေယာက်ာ္းတစ္ေယာက္ကို အမွန္တကယ္ခ်စ္တဲ့အတြက္သာ ထိုေယာက်ာ္းနဲ႔တစ္ဘဝသာ ျဖတ္သန္းဖို႔အတြက္

လက္ထပ္လိုက္ၾကတာပါ

လက္ထပ္လိုက္တဲ့အခါ သူမအပ်ိဳဘဝက ဝတ္ခဲ့တဲ့ ေဒါက္ျမင့္ဖိနပ္ကိုလည္း ခြၽတ္ခ်သြားႏိုင္ၿပီးဖိနပ္ပါးေလးနဲ႔လည္း လမ္းၾကမ္းၾကမ္းမွာ ေလွ်ာက္ရဲပါတယ္။

မ်က္ႏွာျပင္မွာ မိတ္ကပ္မရွိ ႏႈတ္ခမ္းနီလည္းမရွိပဲအဆီတဝင္းဝင္းနဲ႔ မီးဖိုေခ်ာင္ထဲမွာ တကုပ္ကုပ္အလုပ္ရႈပ္ရင္း သူမရဲ႕ေယာက်ာ္း အိမ္ျပန္လာခ်ိန္ကိုထမင္းဝိုင္းျပင္ၿပီး ေစာင့္ေမွ်ာ္ေနမိပါလိမ့္မယ္။

လက္မထပ္ခင္က အိမ္ကမင္းသမီးတစ္ပါးလို ဖူးဖူးမႈတ္ခံခဲ့ရၿပီး ဘာမွမလုပ္တတ္ခဲ့ရင္ေတာင္ သူမရဲ႕ေယာက်ာ္းကို ခ်စ္တဲ့အတြက္ အိမ္

အလုပ္ေတြကို သင္ယူၿပီး အိမ္ေဖၚတစ္ေယာက္လို က်ိဳးႏြံစြာျပဳစုၾက ပါလိမ့္မယ္။

သူမဟာ ခဝါသည္တစ္ေယာက္ မဟုတ္ေပမဲ့သူမခ်စ္တဲ့ ေယာက်ာ္းရဲ႕အဝတ္စားကိုကိုယ္တိုင္ကိုယ္က်ေလွ်ာ္ဖြတ္မီးပူတိုက္ ျပင္ဆင္ေပးပါလိမ့္မယ္။

အပ်ိဳဘဝက ဝမွာစိုးလို႔ ထိန္းထိန္းသိမ္းသိမ္းျပဳစု ဂ႐ုစိုက္ခဲ့တဲ့ ပိန္သြယ္ေနတဲ့ခႏၶာကိုယ္ကိုေတာင္ ပုံပ်က္သြားမွာကိုလည္း မမႈပဲ သူခ်စ္တဲ့ေယာက်ာ္းအတြက္ သားသမီးရတနာေလးေတြ ေမြးဖြားေပး ပါလိမ့္မယ္။

နာနီတစ္ေယာက္လို လခေတြမရေပမဲ့လည္းသူမခ်စ္တဲ့ ေယာက်ာ္းနဲ႔ေမြးဖြားလားတဲ့ ရင္ေသြးအတြက္ ေန႔မအိပ္ညမအိပ္ ပိုးေမြးသလိုေကြၽးေမြးေစာင့္ေရွာက္ေပးပါလိမ့္မယ္။

သားသမီးေတြကို ထိန္းေက်ာင္းရင္း အလွျပင္ခ်ိန္မရွိေတာ့လို႔ သူမ်ားမိန္းမေတြေလာက္ မလွေတာ့ေပမဲ့ သူမခ်စ္တဲ့ ေယာက်ာ္းနဲ႔ ကေလးေတြအတြက္ ေက်နပ္ေနမိတာက မိန္းမေတြပါ။

မိန္းမေတြဒီလိုအစြန႔္လႊတ္ အနစ္နာခံေပးလိုက္ရတာကသူမတို႔မွာ ေယာက်ာ္းရွားလို႔ မဟုတ္ပါဘူး။သူမခ်စ္တဲ့ ေယာက်ာ္းတစ္ဦးတစ္ေယာက္အတြက္သာဒီလိုမ်ိဳးေဆာင္႐ြက္အနစ္နာ ခံေပးႏိုင္တာပါ။

ဒါကိုမွ ပုံပ်က္လို႔ ၊ မလွေတာ့လို႔ ၊ အိုလာလို႔ ၊တျခားေကာင္မေလးေတြေလာက္ မလွေတာ့လို႔ စိတ္ကုန္သြားမယ္ဆိုရင္ သင္ဟာဘယ္လိုေ

ယာက္်ားမ်ိဳးျဖစ္သြားမလဲဆိုတာ ကိုယ္တိုင္သာေတြးၾကည့္လိုက္ပါ။

Nan Thuzar

Unicode

ဇနီးတွေရဲ့စိတ်ကို နားမလည်တဲ့ခင်ပွန်းများဖတ်ဖို့

မိန်းမတစ်ယောက်က ယောကျာ်းတစ်ယောက်ကို အမှန်တကယ်ချစ်တဲ့အတွက်သာ ထိုယောကျာ်းနဲ့တစ်ဘဝသာ ဖြတ်သန်းဖို့အတွက် လက်ထပ်လိုက်ကြတာပါ။

လက်ထပ်လိုက်တဲ့အခါ သူမအပျိုဘဝက ဝတ်ခဲ့တဲ့ ဒေါက်မြင့်ဖိနပ်ကိုလည်း ချွတ်ချသွားနိုင်ပြီးဖိနပ်ပါးလေးနဲ့လည်း လမ်းကြမ်းကြမ်းမှာ လျှောက်ရဲပါတယ်။

မျက်နှာပြင်မှာ မိတ်ကပ်မရှိ နှုတ်ခမ်းနီလည်းမရှိပဲအဆီတဝင်းဝင်းနဲ့ မီးဖိုချောင်ထဲမှာ တကုပ်ကုပ်အလုပ်ရှုပ်ရင်း သူမရဲ့ယောကျာ်း အိမ်ပြန်လာချိန်ကိုထမင်းဝိုင်းပြင်ပြီး စောင့်မျှော်နေမိပါလိမ့်မယ်။

လက်မထပ်ခင်က အိမ်ကမင်းသမီးတစ်ပါးလို ဖူးဖူးမှုတ်ခံခဲ့ရပြီး ဘာမှမလုပ်တတ်ခဲ့ရင်တောင် သူမရဲ့ယောကျာ်းကို ချစ်တဲ့အတွက် အိမ်အလုပ်တွေကို သင်ယူပြီး အိမ်ဖေါ်တစ်ယောက်လို ကျိုးနွံစွာပြုစုကြ ပါလိမ့်မယ်။

သူမဟာ ခဝါသည်တစ်ယောက် မဟုတ်ပေမဲ့သူမချစ်တဲ့ ယောကျာ်းရဲ့အဝတ်စားကိုကိုယ်တိုင်ကိုယ်ကျလျှော်ဖွတ်မီးပူတိုက် ပြင်ဆင်ပေးပါလိမ့်မယ်။

အပျိုဘဝက ဝမှာစိုးလို့ ထိန်းထိန်းသိမ်းသိမ်းပြုစု ဂရုစိုက်ခဲ့တဲ့ ပိန်သွယ်နေတဲ့ခန္ဓာကိုယ်ကိုတောင် ပုံပျက်သွားမှာကိုလည်း မမှုပဲ သူချစ်တဲ့ယောကျာ်းအတွက် သားသမီးရတနာလေးတွေ မွေးဖွားပေး ပါလိမ့်မယ်။

နာနီတစ်ယောက်လို လခတွေမရပေမဲ့လည်းသူမချစ်တဲ့ ယောကျာ်းနဲ့မွေးဖွားလားတဲ့ ရင်သွေးအတွက် နေ့မအိပ်ညမအိပ် ပိုးမွေးသလိုကျွေးမွေးစောင့်ရှောက်ပေးပါလိမ့်မယ်။

သားသမီးတွေကို ထိန်းကျောင်းရင်း အလှပြင်ချိန်မရှိတော့လို့ သူများမိန်းမတွေလောက် မလှတော့ပေမဲ့ သူမချစ်တဲ့ ယောကျာ်းနဲ့ ကလေးတွေအတွက် ကျေနပ်နေမိတာက မိန်းမတွေပါ။

မိန်းမတွေဒီလိုအစွန့်လွှတ် အနစ်နာခံပေးလိုက်ရတာကသူမတို့မှာ ယောကျာ်းရှားလို့ မဟုတ်ပါဘူး။သူမချစ်တဲ့ ယောကျာ်းတစ်ဦးတစ်ယောက်အတွက်သာဒီလိုမျိုးဆောင်ရွက်အနစ်နာ ခံပေးနိုင်တာပါ။

ဒါကိုမှ ပုံပျက်လို့ ၊ မလှတော့လို့ ၊ အိုလာလို့ ၊တခြားကောင်မလေးတွေလောက် မလှတော့လို့ စိတ်ကုန်သွားမယ်ဆိုရင် သင်ဟာဘယ်လိုယောက်ျားမျိုးဖြစ်သွားမလဲဆိုတာ ကိုယ်တိုင်သာတွေးကြည့်လိုက်ပါ။

Nan Thuzar

Leave a Comment