မုဒြာ အကြောင်းရာ သိကောင်းစရာ
ဗုဒ္ဓဘာသာဝင်တွေသိသင့်တာမို့ မလေ့လာအားသေးရင် ရှဲထားမယ်နော်
စာဖတ်သူ မိတ်ဆွေများ ဗဟုသုတ သိမှတ်ဖွယ်ရာအနေဖြင့် ဘုရားရှင်၏ လက်ဟန် ခြေဟန် သင်္ကေများကို မွတ်သား သိရှိစေရန် အလို်ငွါ ရေးသားမိသည်။မုဒြာဆိုသည်မှာ ပါဠိစကားဖြစ်ပါသည်။အဓိပ္ပါယ်ကား လက်ချောင်းလို မြန်မာပြန်ရသည်။မြတ်စွာဘုရားရှင်၏ လက်တော်အနေထား၊ လက်ဟန်ပုံစံ၊ခြေတော်အနေထား၊ ခြေဟန်ပုံစံတို့ကို“ မုဒြာဟုခေါ်ပါသည်။
၁။ ပဒုမာသန မု်ဒာ
ပဒုမာသန မုဒြာ ဆိုသည်ကား ပဒုမ္မာကြာပန်းကဲ့သို့ ထိုင်နေတော်မူသည့် ပုံစံ ဖြစ်ပါသည်။မြတ်စွာဘုရားရှင်၏ ပုံတော်တွင် ညာဘက်ခြေဖဝါးကို ဘယ်ဘက်ပေါင်ပေါ်၌ တင်လျက်၊ဘယ်ဘက်ခြေဖဝါးကို ညာဘက် ပေါင်ပေါ်၌ တင်ထားပြီး တင်ပလ္လင်ခွေ အေနအထား ပုံသဏ္ဍာန်သည် ပဒုမာသန မုဒြာ၊လက်နှစ်ကိုတော့ လက်ချင်းထပ်ထားပြီးတော့ တင်ပလ္လင်ခွေပေါ်၌ တင်ထားသည့် ဘုရား ပုံသဏ္ဍာန်တော်ကို“ ပဒုမာသန မုဒြာဟု ခေါ်ပါသည်။
၂။ ဓမ္မစကြာ မုဒြာ
ဓမ္မစကြာ မုဒြာဆိုသည်မှာ ပဥ္စဝဂ္ဂီ-၅-ဦးအား သစ္စာလေးပါ၊ မဂ္ဂင်ရှစ်ပါးတရားတို့ကို တစ်ပါးချင်း တစ်ပါးချင်းစီ လက်ချိုးရေတွက်ပြီးသကာလ ဓမ္မစကြားတရားဦး ဟောတော်မူနေသည့် ပုံစံဖြစ်ပါသည်။မြတ်စွာဘုရား၏ လက်တော်နှစ်ဖက်မှာ ရုပ်ပွားတော်၏ ရင်ညွန့်လောက်မှာရှိပါသည်။ လက်ချောင်းအနေထားမှာ ညာဘက္လက္က လက်ညှိုးကလေးကိုကွေးထားပြီး၊ လက်မနှင့် ထိထားသည် ပုံစံဖြစ်ပြီး၊ ဘယ္ဘက္လက္က လက္ခလယ္ကို ထိထားရသည်။ ညာဘက္က လက်မနှင့် လက်ညှိုးသည် ဘယ္ဘက္လက္ခလယ္ကို ထိထားရသည်။အဓိပ္ပါယ်ကား-မြတ်စွာဘုရားရှင်သည် သစ္စာလေးပါး၊ မဂ္ဂင်တရားရှစ်ပါးတို့ကို တစ်ပါးချင်း တစ်ပါးချင်းစီ လက်ချိုးရေတွက်ပြီး ဓမ္မစကြားတရားတော်အား ဟောကြားတော် မူနေသည့် ပုံစံဖြစ်ကြောင့် “ဓမ္မစကြာ မုဒြာဟု ခေါ်ဆိုပါသည်။
၃။ ဘူမိဖဿ မုဒြာ
ဘူမိဖဿမုဒြာ ဆိုသည်မှာ မဟာပထဝီမြေကြီးကို သက်သေညွှန်ပြီးတော့ မာရ္နတ်သားကို အောင်မြင်တော်မူသည့် တင်ပလ္လင်ခွေ ထိုင်နေတော်မူသည့် ပုံစံကို “ဘူမိဖဿ မုဒြာဟု ခေါ်ပါသည်။ဘူမိဖဿ မုဒြာသည် ဘယ္ဘက္လက္ဖဝါးကို လှန်ပြီး၊တင်ပလ္လင်ခွေပေါ်၌ ထားရှိပြီး၊ ညာဘက် လက်ဖဝါးကိုတော့ ညာဘက်ဒူးပေါ်၌ မှောက်လျှက်တင်ထားရသည်။လက်ချောင်းတော်အနေထားကား အောက်သို့ စိုက်နေသည့် ပုံစုံဖြစ်ပြီး၊ဘယ်ဘက်လက်ကတော့ အထက်သို့ လှန်ထားသည်။ မဟာပထဝီမြေကြီးကို သက်သေတည်ပြီး မာရ္နတ်သားကို အောင်မြင်သည့် ပုံစံကို“ဘူမိဖဿ မုဒြာဟုခေါ်ဆိုပါသည်။
၄။ စ်ာန မုဒြာ
စျာနမုဒြာ ဆိုသည်မှာ မြတ်စွာဘုရား စျာန်သမာပတ်ဝင်စားနေသည့် ပုံစံပင်ဖြစ်သည်။အေနထားမွာ မြတ်စွာဘုရားရှင်သည် ထိုင်နေပြီးသကာလ မ်က္လုံးအစုံကို မှိတ်ထားနေသည့် ပုံစံဖြစ်ပါသည်။ ညာဘက္လက္ဖဝါး၊ ဘယ္ဘက္လက္ဖဝါး နှစ်ဖက်တို့ကို လှန်ထားပြီး တင်ပလ္လင်ခွေပေါ် တင်ထား၍ အချင်းချင်းထပ်ထားသည့်ပုံစံ ဖြစ်ပါသည်။ တင်ပလ္လင်ခွေထိုင်မေပြီး မ်က္လုံးအစုံမွိတ္ထားကာ လက်ဖဝါးနှစ်ဖက်တို့ကို လှန်၍ အချင်းချင်း ထပ်ထားပြီး စျာန်သမာပတ် ဝင်စားနေသည့် ပုံဏ္ဍာန်ကို “စ်ာန မုဒြာဟုခေါ်ပါသည်။
၅။ အဘယ မုဒြာ
အဘယ မုဒြာဆိုသည်မှာ ဘေးကင်းပါစေ၊ ရန်ကင်းပါစေ၊ချမ်းသာပါစေလို့ ဆုတောင်းပေးနေသည့် ပုံစံကို “အဘ မုဒြာဟုခေါ်ဆိုပါသည်။အဘယ မုဒြာပုံတော်ဟာ မတ်တတ်ရပ်နေတဲ့ ပုံတော်ဖြစ်ပါသည်။လက်တော်အနေထားက ညာဘက်လက်တော်မှလက္ဖဝါးကို ပခုံးတော်နှင့်ညီအောင် တံတောင်ဆစ်မှကွေးထားရပါတယ်။ လက္ဖဝါးကို ရှေ့ဘက်လှည့်ထားပြီး၊ ဘယ်ဘက်လက်တော်ကို မှောက်ထားကာအောက်ဘက်ဆီသို့ ဆန့်တန်းထားရသည်။အဲဒီလို ပုံသဏ္ဍန်ကို “အဘယ မုဒြာဟုခေါ်ပါသည်။[တနည်း “ဝရ မုဒြာဟုလည်း ခေါ်ကြသည်။
၆။ ပိဏ္ဍ မုဒြာ
ပိဏ္ဍ မုဒြာဆိုသည်မှာ သပိတ္ကို ပိုက်ပြီး ဆွမ်းခံကြွနေသည့် ပုံသဏ္ဍာန်ကို ခေါ်ပါသည်။ပုံစံမွာ လက်နှစ်ဖက်ဖြင့် သပိတ္ကို ပိုက်ထားပြီး မတ်တတ်ရပ်အနေထားဖြင့် ဆွမ်းခံကြွနေသည့် ပုံသဏ္ဍာန်ကို “ပိဏ္ဍ မုဒြာဟု ခေါ်ပါသည်။
၇။ ပရိနိဗ္ဗာန မုဒြာ
လျောင်းတော်မူပြီး ပရိနိဗ္ဗာန်စံနေတော်မူသည့် ပုံစံကို “ပရိနိဗ္ဗာန မုဒြာဟု ခေါ်ခြင်းဖြစ်သည်။အေနထားမွာ မြောက်ဘက်အရပ်သို့ ဦးခေါင်းပြုထားပြီး၊အနောက်ဘက်အရပ်သို မျက်နှာမူလျက် မျက်လုံးတော်အစုံမှာ မှိတ်ထားသည့် ပရိနိဗ္ဗာန် စံနေတော်မူသည့် ပုံသဏ္ဍာန်ကို “ပရိနိဗ္ဗာန မုဒြာဟုခေါ်သည်။
မှတ်ချက်။အရှေ့သာလျောင်း၊တောင်ပေါင်းလောင်း၊ အနောက်နေရဗာန်၊ မြောက်ပရိနိဗ္ဗာန်ဆိုသည့်အတိုင်း –
အရှေ့သာလျောင်းဆိုသည်က လဲလျောင်းနေသည့် ပုံတော်သည်အရှေ့ဘက်ကို ဦးခေါင်းတော်ထားတယ်ဆိုလျင် ရွှေသာလျောင်း ပုံတော်ဟု ခေါ်ပါသည်။
တောင်ပေါင်းလောင်းဆိုသည်ကလဲလျောင်းနေသည့် ပုံတော်သည် တောင်ဘက်သို့ ဦးခေါင်တော် ပြုထားတယ်ဆိုလျင် ပေါင်းလောင်းပုံတော်ဟု ခေါ်ပါသည်။
အနောက်နေရဗာန်ဆိုဆိုသည်ကအေနာက္ဘက္ကို ဦးခေါင်းတော်ထားသည့် လဲလျောင်းနေသည့် ပုံတော်သည် နေရဗာန်ပုံတော်ဟု ခေါ်ပါသည်။
မြောက်ပရိနိဗ္ဗာန်ဆိုသည်ကမြောက်ဘက်သို့ ဦးခေါင်းထားပြီး လဲလျောင်းနေသည့်ပုံစံသည် ပရိနိဗ္ဗာန်စံသည့် လဲလျောင်းနေသည့် ပရိနိဗ္ဗာနပုံတော်ဟု ခေါ်ဆိုပါသည်။
ဥတ္တရဗောဓိမုဒြာ
လက်ဝဲလက်ညိုးနှင့်လက်မ လက်ယာလက်ညိုးနှင့်လက်မတို့ကိုထိထား၍ ရင်ဘတ်ကိုထိလုနီးပါ ထောင်ပြထားသော လက်ဟန်အနေအထားကို ဥတ္တရမုဒြာ ဟုခေါ်သည်။ဓမ္မစကြာ မုဒြာပုံနှင့်ဆင်တူရိုးမှာဖြစ်သည်။ပါရမီ ၁၀ ပါး ပြီးပြည့်စုံခြင်းကိုပြတော်မူသောသဘောရှိသည်။ အရိယသစ္စာနဒဿနမင်္ဂလာနှင့် နိဗ္ဗာန်နကစ္ဆိကိရိယမင်္ဂလာကိုသရူပ်ဆောင်ထားခြင်းကြောင့်ဝိမုတ္တိရသနှင့် သန္တရသတို့ကိုပေါ်လင်ထင်ရှားစေပါသည်။ဥတ္တရဗောဓိမုဒြာပါသောဘုရားကို ကိုးကွယ်သူသည် ဉာဏ်ပညာကောင်းခြင်း စာမေးပွဲ စာပြန်ပွဲတို့၌ လွယ်ကူစွာအောင်မြင်ခြင်းအကျိုးကျေးဇူးများရရှိနိင်သည်ဟုတန္တရာယာန ကျမ်းများ၌ဖော်ပြပါရှိပါသည်ဟူ၍မှတ်သားမိပါသည်။
မူရင်းရေးသားသူအားလေးစားစွာ credit ပေးပါသည်