အဆိုတော်အောင်လ ဗုံးပေါက်တယ်ဆိုတဲ့သတင်းအပေါ် ၀ိုင်းစုခိုင်သိန်းမှ ရှင်းပြလာ အဆိုတော်အောင်လ ဗုံးပေါက်တယ်ဆိုတဲ့ သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း အဆိုတော်ဝိုင်းစုခိုင်သိန်းမှ ယခုလို ရှင်းပြထားပါ တယ် … “ကိုအောင်လ ဘာမှမဖြစ်ပါဘူး Covid ဖြစ်နေတာကလွဲရင် အကောင်းကြီးပါ ဗုံးလဲမပေါက်ပါဘူး covid ဖြစ်လို့ရော မဖြစ်ခင်တည်းက အပြင်ကိုမထွက်ဖြစ်တာ ဗုံးပေါက်ရင်လည်း တစ်ရပ်ကွက်လုံး သိမှာ လိမ်လို့ရတဲ့ အရာလည်း မဟုတ်ဘူး သေချာရေရာမသိပဲ တင်ချင်ရာတွေ ခေါင်းစဉ်တပ်ပြီး လျှောက်မတင်ကြပါနဲ့တော့ လာမေးကြတာ ကိုပြန်ဖြေရတာနဲ့တင် မောလွန်းလို့ပါ Please🙏” ဆိုပြီး သတင်းအမှားတွေ မဖြန့်ကြဖို့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရှင်းလင်းဖော်ပြထားပါတယ်….. Source : Wine Su ‘s facebook Photo : credit unicode အဆိုတော်အောင်လ ဗုံးပေါက်တယ်ဆိုတဲ့သတင်းအပေါ် […]
Author: Achawlaymyar
ကိုယ်ဝန် 7 လနဲ့ လူနာဆုံး သွားပါပီ ဗျာ 😭
ရန်ကုန်မြို့ရဲ့ ကိုဗစ်တတိယလှိုင်း ကူးစက်မှုကတော့ လတ်တလောမှာ ဆိုးဆိုးရွားရွား ဖြစ်ပွားလာတာ တွေ့ရပါတယ်။ ဒါ့အပြင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူအရေအတွက်ကလည်း တစ်နေ့တခြား များလာခဲ့ပါတယ်။ ဒါ့အပြင် ယခုရက်ပိုင်းလောက်မှာ မြို့နယ်တွေမှာတော့ နေမကောင်းဖြစ်နေတဲ့သူတွေလည်း အများအပြားရှိလာခဲ့သလို တချို့မှာဆိုရင်လည်း အောက်ဆီဂျင်များ အရေးပေါ်လိုအပ်နေတာဖြစ်ပြီး အလွယ်တကူမရတဲ့ ပြဿနာတွေနဲ့လည်း ရင်ဆိုင် ကြုံတွေ့နေရပါတယ်။ လက်ရှိအခြေအနေက ရန်ကုန်မြို့မှာ အရင်လို အချိန်မရွေး သွားရောက်ကုသလို့ရတဲ့ ကိုဗစ်စင်တာကြီးတွေမရှိတဲ့အပြင် ဆေးရုံတွေမှာ ကျန်းမာရေးစောင့်ရှောက်ပေးမှုတွေကို လုံလုံလောက်လောက် မပေးနိုင်တဲ့ အခြေအနေတွေကြောင့် မိမိတို့နေအိမ်တွေမှာပဲ တတ်နိုင်သလောက် ကုသနေကြရင်း တချို့မှာ သေဆုံးသွားကြတာကို လူမှုကွန်ယက်တွေမှာ စိတ်မကောင်းစွာ ကြားသိနေရပါတယ်။ ယခုမှာလည်း ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ထန်းတပင်အပိုင်၊ ရိုးလေးကျေးရွာက စိတ်မကောင်းစရာ ဖြစ်ရပ်လေးတစ်ခုကို ကြားသိရပါတယ်။ ဒါကတော့ ကိုယ်ဝန်ဆောင်မိခင် တစ်ဦးဟာ ကိုဗစ်ရောဂါ […]
အိုမင်းမစွမ်းဖြစ်နေတဲ့ အဖေအိုကြီးကို သားဖြစ်သူက နာမည်ကြီးစားသောက်ဆိုင်တစ်ခုကို ခေါ်သွားလိုက်သောအခါ..
ရောင်းလို့မကုန်ရင် ကလေးတွေကို ဝေဝေပစ်ရတဲ့ ကျပ်တည်းလွန်းတဲ့သနားစရာအဖွားအို
Zawgyi ရောင်းလို့မကုန်ရင် ကလေးတွေကို ဝေဝေပစ်ရတဲ့ ကျပ်တည်းလွန်းတဲ့သနားစရာအဖွားအို ခုOnlineမှာ ပျံ့နေတဲ့ အသက်၇၃နှစ်အရွယ်အမေအိုကြီးရဲ့ပြောင်းဖူးဖုတ်ရောင်းနေတာလေးကို အားပေးလို့ရအောင်ပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်။ “မိန်းထဲမှာ နေပီး ပြောင်းဖူးဖုတ် ကြိုက်တဲ့သူရှိရင်ဒီအမေကြီးဆီ အားပေးလိုက်ကြပါအုံးနော်၊တစ်ခါတစ်လေ ရောင်းမကုန်တဲ့ရက်တွေ ရှိတဲ့အခါရပ်ကွက်ထဲက ကလေးတွေ ဝေပစ်လိုက်ရတာတဲ့၊အရင်တုန်းက ပြောင်းဖူးကို ပြုတ်ပီး လိုက်ရောင်းတာတဲ့၊ အဲ့လိုရောင်းတော့ မောတာရယ်၊ကားလမ်း ကူးရတဲ့ ဒုက္ခတွေရယ်ကြောင့် အခုလို ထိုင်ရောင်းလို့ ရတဲ့ ပြောင်းဖူးဖုတ်ပဲ ရောင်းတာတဲ့၊အသက်က၇၃နှစ်တဲ့၊အမေကြီး ရောင်းရစေချင်လို့ ကျနော်အစားအသောက် Groupထဲ တင်ပေးမယ် ပြောတော့ ကျေးဇူးတင်ပါတယ်တဲ့၊ဗောဓိကုန်း ကျောင်းမြောက်ဘက် အပေါက်မှာ ရောင်းနေတာပါ၊ နီးတဲ့အဆောင်သူလေးတွေ ရှိရင် အမေကြီးဆီက အားပေးလိုက်ကြပါအုံးနော်၊အခုကာလမှာ အိမ်ငှားခပေးဖို့ရော၊စားသောက်ဖို့ရော မလွယ်တာမို့အမေကြီးကို ကူညီပေးတဲ့အနေနဲ့ ပြောင်းဖူးဖုတ်ကိုအားပေးလိုက်ကြပါအုံးနော်လိပ်စာက လမ်း၄၀/၇၁ပါ ရှင့်”ဟူ၍ လူမှုကွန်ယက်အသုံးပြုသူတစ်ဦးကတင်ထားပါတယ်။ Crd,NanYatiLinn Unicode ရောင်းလို့မကုန်ရင် ကလေးတွေကို ဝေဝေပစ်ရတဲ့ […]
နေ့စဉ်တိုင်း ကိုဗစ်လူနာတွေကို ကူညီလုပ်ဆောင်ပေးရတာကြောင့် အရမ်းပင်ပန်းပြီး လမ်းမပေါ်မှာပဲ ခြေပစ်လက်ပစ် အိပ်ကာ အနားယူနေကြတဲ့ ပရဟိတ သူရဲကောင်းများ
ခုလတ်တလော ပြည်သူတွေ ကြုံတွေ့ခံစားနေရတဲ့ ကိုဗစ်ရောဂါတွေနဲ့ ပတ်သက်ပြီး အစစ အရာရာ ထိပ်ဆုံးကနေ ကူညီဆောင်ရွက်ပေးနေသူတွေကတော့ ပရဟိတ အသင်းသားတွေပဲ ဖြစ်ပါတယ် ။ ပရဟိတအလုပ်ဆိုတာ ကိုယ်ကျိုးစွန့်ပြီး လုပ်ဆောင်ရတဲ့ အလုပ်မို့ တော်ရုံ လူတိုင်းမလုပ်နိုင်ပါဘူး ။ ခုလို ကိုဗစ်ရောဂါကူးစက်မှုတွေ များနေချိန်ဆို ပိုတောင်ဆိုးပါတယ် ။ Photo Credit : Zin Moe Facebook Account Photo Credit : Zin Moe Facebook Account သူတို့ကိုယ်တိုင် ကူးစက်ခံရမှာကို မစိုးရိမ်ဘဲ အရာရာအစွမ်းကုန်ကူညီပေးနေကြတာပါ ။ မီးသင်္ဂြိုဟ်တဲ့ နေရာတွေဆိုရင်လည်း သေဆုံးသူတွေများလို့ ထမင်းတောင် သုသာန်မှာပဲ အဆင်ပြေသလို စားပြီး နေ့ရော ညရော အလောင်းတွေ အကုန် […]
အရင်းနှီးဆုံးမိတ်ဆွေ ရဲဘော်ရဲဘက်ရဲ့ ရုပ်အလောင်းကို ကိုယ်တိုင်ချုပ်ရတဲ့ ခံစားချက်ကိုရင်ဖွင့်လာတဲ့ ဆရာဝန်မလေး အငြိမ်း(အပြည့်စုံဖတ်ရန်ပုံကိုနှိပ်ပါ)
အရင်းနှီးဆုံးမိတ်ဆွေ ရဲဘော်ရဲဘက်ရဲ့ ရုပ်အလောင်းကို ကိုယ်တိုင်ချုပ်ရတဲ့ ခံစားချက်ကိုရင်ဖွင့်လာတဲ့ ဆရာဝန်မလေး အငြိမ်း အရင်းနှီးဆုံးမိတ်ဆွေ ရဲဘော်ရဲဘက်ရဲ့ ရုပ်အလောင်းကို ကိုယ်တိုင်ချုပ်ရတဲ့ ဆရာဝန်တယောက်ရဲ့ခံစားချက်ကကိုယ့်နှလုံးသားကို အပ်နဲ့ချုပ်နေရသလိုပါပဲ အပ်တချက်ဖောက်တိုင်းမှာ ရင်ဘတ်ထဲကနင့်နေအောင်စူးပါတယ်သူနာများနာနေမလားဆိုပြီး ထုံဆေးထိုးဖို့စဉ်းစားလိုက်သေးတယ်ကျွန်တော်ရူးများရူးသွားတာလား ဒဏ်ရာရကွဲပြဲလို့ ချုပ်ရမယ့် လူနာတယောက်လာတိုင်းမှာ ဒဏ်ရာရတဲ့နေရာပေါ်မူတည်ပြီး အသင့်တော်ဆုံးချုပ်ကြိုးကိုရွေးပြီး အမာရွတ်အနည်းဆုံးဖြစ်အောင် ချုပ်လေ့ရှိတယ်ကျွန်တော်ကအလှကြိူက်တော့ လူတိုင်းကိုလှစေချငိတယ်လေ ဒီနေ့တော့ မျက်နှာတခုလုံးပျက်စီးနေတဲ့ကျွန်တော့်သူငယ်ချင်းသူ့အတွက် ချုပ်ကြိုးကိုသေချာရွေးရင်း တချက်ချင်းသေချာချုပ်ရင်း မျက်ရည်တွေကရုပ်အလောင်းပေါ်ကျတယ်ကျွန်တော်ဘယ်လောက်ကြိုးစားကြိုးစား အရင်မျက်နှာပြန်မရနိုင်တော့ဘူး ညာဘက်လက်ကပြတ်သွားတယ် လက်ဘယ်မှာလဲ မေးတော့ရှာမတွေ့ဘူးတဲ့ဘယ်ဘက်လက်က လက်ချောငိးတချောငိးက မွစာကြဲနေတယ် ပျက်လုပျက်ခင် အဲ့လက်ချောင်းကိုတော့ကျွန်တော်ကြိုးစားပြီးသေချာပြန်ချုပ်တယ်တတ်နိုင်သမျှ ခြေလက်အစုံပြန်ပါစေချင်တာ ဆရာဝန်တယောက်ရဲ့ စေတနာလား မိတ်ဆွေတယောက်ရဲ့ချစ်ခြင်းမေတ္တာလားနောက်ဆုံးအပ်ချက်တွေက အားစိုက်ပြီးထိုးရတယ်အရေပြားပါးပါးလေးပဲကို ဘာလို့အဲ့လောက်မာနေတာပါလိမ့် တချိန်က သူ့ရှေ့မှာ လူနာချုပ်တော့ကျွန်တော်လူနာဖြစ်ရင်ဆရာမငြိမ်းဆီမှာတော့ အချုပ်မခံချင်ဘူးလို့ပြောဖူးတယ်တကယ်ပဲ အချုပ်မခံချင်တာများလား မရဘူး ငါကတော့ အတ္တကြီးတယ်ငါကလွဲရင် တခြားဆရာဝန်ချုပ်မှာစိုးလို့မလှမပဖြစ်နေတာသိသိရက်နဲ့ လှလှပပဖြစ်စေချင်လို့ကိုယ်တိုင်ချုပ်မယ်ဆိုပြီး အချိန်မှီပြေးလာခဲ့တာ သိချင်လို့ […]
အင်းစိန်ထောင်တွင်း ဆန္ဒပြသူများကို စစ်တပ်က ပစ်ခတ်နှိမ်နင်း၊ အကျဉ်းသား ၂၀ ခန့်သေဆုံး…
အင်းစိန်ထောင်တွင်း ဆန္ဒပြသူများကို စစ်တပ်က ပစ်ခတ်နှိမ်နင်း၊ အကျဉ်းသား ၂၀ ခန့်သေဆုံး… အင်းစိန်ထောင်တွင်း ဆ န္ဒ ပြတဲ့ နိုင်ငံရေး အ ကျ ဉ်း သားတွေကို စ စ် တ ပ် က ဝင်ရောက် အ ကြ မ်း ဖ က် ပ စ် ခ တ် နှိ မ် န င်း ရာမှာ အကျဉ်းသား အယောက် ၂၀ လောက် သေ ဆုံး သွား တယ်လို့ စ စ် တ ပ် ထိ ပ် ပို င်း နဲ့ နီး စ […]
မအူဝဲ တို့အတွက် ဆုတောင်းပေးပါဆိုတဲ့ အကြားအမြင် ဆရာကြီး မြင့်မိုရ်ထွန်း (တိုကျို )
မအူဝဲ တို့အတွက် ဆုတောင်းပေးပါဆိုတဲ့ အကြားအမြင် ဆရာကြီး မြင့်မိုရ်ထွန်း (တိုကျို ) မအူဝဲ တို့အတွက် ဆုတောင်းပေးပါဆိုတဲ့ အကြားအမြင် ဆရာကြီး မြင့်မိုရ်ထွန်း တိုကျို ဆရာ့စာကို အချောပြန်ရေးပါ့မယ်နော် မင့် ဘယ်လမ်းသွားသွား.. မင်းနောက်က လိုက်လို့နေ မယ်လေ..ဆိုတဲ့ သုံးမိနစ်စာ သီချင်းလေးနှင့် ပရိသတ်သန်းချီရခဲ့တဲ့ မင်းသမီး အကယ်ဒမီ ၂ ဆု အကြား ၁၃ နှစ်ကြာ အကြိမ်ကြိမ်လွဲ နေတဲ့ မင်းသမီး ကို 2017 မှာ ကျိန်းသေ အကယ်ဒမီရမယ်လို့ တစ်နှစ်ကြို ပြောခဲ့တယ် ဆုပေးပွဲမတိုင်ခင် တစ်ပတ်အလိုမှာလည်း ဆုရမှာ ကျိန်းသေတယ်လို အတပ်ပြောပြခဲ့တယ်မဂ္ဂဇင်း အယ်ဒီတာ ဦးဝင်းငြိမ်း သက်သေရှိ ဒီရက်ပိုင်း သူတို့ နှစ်ယောက်ကို အာရုံတွေ ရနေတဲ့အတွက် […]
“နောက်(၃)ရက်အတွင်း မိုးကြီးပြီး မြေပြိုခြင်း၊ ရုတ်တရက်ရေကြီးခြင်းတို့ဖြစ်နိုင်တဲ့ ဒေသများ သတိပေးချက်”
“နောက်(၃)ရက်အတွင်း မိုးကြီးပြီး မြေပြိုခြင်း၊ ရုတ်တရက်ရေကြီးခြင်းတို့ဖြစ်နိုင်တဲ့ ဒေသများ သတိပေးချက်” (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ (၂၅.၇.၂၀၂၁)မှ (၂၈.၇.၂၀၂၁) ရက်နေ့အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းခြင်းကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာ ပြီး၊ ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ (ခ) ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၄)နာရီအတွင်း မိုးရေချိန် (၃)လက်မ (၇၇-မီလီမီတာ)နှင့်အထက်ရွာသွန်းနိုင်ပါသည်။ အကြံပြုချက် ၂။ သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ ရုတ်တရက်ရေကြီးခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် […]
CNG အိုး အားအောက်ဆီဂျင်အိုးဟုလိမ်ရောင်သူ ချက်ခြင်းကိုဝဠ်လည်ပြီ
CNG အိုး အားအောက်ဆီဂျင်အိုးဟု လိမ်ရောင်သူ ချက်ခြင်းကိုဝဠ်လည်ပြီ CNG အိုး အားအောက်ဆီဂျင်အိုးဟု လိမ်ရောင်သူအား ဝယ်ယူမိသူမှ ဓားဖြင့်လေးချက်ထိုးသတ် (ချက်ချင်း ဝဋ်လည်ပီ) ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ်နေ မောင်…၏ မိခင်မှာ အောက်ဆီဂျင်လို အပ်နေ၍ ရောင်းပေးပါရန် Onlineပေါ်အကူ ညီတောင်းခံရာ မြောက်ဥက္ကလာပမြို့နယ် ကို…မှ 40Lပါ CNG အိုးအား အောက်ဆီဂျင်အိုးဟု လိမ်လည်ရောင်းချခဲ့ရာ မောင်….၏မိခင်မှာ အောက်ဆီဂျင်ဟု ထင်မှတ်သော…အား သုံးစွဲပြီးသုံမိနစ်ခန့်တွင်သေဆုံသွားပြီး နားလည်သူများနှင့် စစ်ဆေးကြည့်ရာ မသန့်ရှင်းသောအိုးအတွင်း အောက်ဆီဂျင်နှင့် ဂတ်စ်အချို့ ရောနှောပါဝင်မှု့ကြောင့် အဆိပ်သင့်သေဆုံးခဲ့ကြောင်းအတည်ပြု သတင်းရရှိခဲ့ပါတယ် ထိုနောက် မောင်…မှ အမည်လွှဲ့ဖြင့် မင်္ဂလာဒုံမြို့နယ် အလယ်ပေါက်မှတ်တိုင်အနီးတွင် အောက်ဆီဂျင်အိုးလိုအပ်သည်ဟု ထပ်မံချိန်းဆိုပြီး ဓားဟုယူဆသော ချွန်ထက်သော လက်နက်ဖြင့် လက်ယာနံပါးတစ်ချက် လည်ပင်းနှင့် ဝဲဘက်ရင်အုံများ စိုက်သွင်းဒဏ်ရာများဖြင့် […]