အရင်းနှီးဆုံးမိတ်ဆွေ ရဲဘော်ရဲဘက်ရဲ့ ရုပ်အလောင်းကို ကိုယ်တိုင်ချုပ်ရတဲ့ ခံစားချက်ကိုရင်ဖွင့်လာတဲ့ ဆရာဝန်မလေး အငြိမ်း
အရင်းနှီးဆုံးမိတ်ဆွေ ရဲဘော်ရဲဘက်ရဲ့ ရုပ်အလောင်းကို ကိုယ်တိုင်ချုပ်ရတဲ့ ဆရာဝန်တယောက်ရဲ့ခံစားချက်ကကိုယ့်နှလုံးသားကို အပ်နဲ့ချုပ်နေရသလိုပါပဲ
အပ်တချက်ဖောက်တိုင်းမှာ ရင်ဘတ်ထဲကနင့်နေအောင်စူးပါတယ်သူနာများနာနေမလားဆိုပြီး ထုံဆေးထိုးဖို့စဉ်းစားလိုက်သေးတယ်ကျွန်တော်ရူးများရူးသွားတာလား
ဒဏ်ရာရကွဲပြဲလို့ ချုပ်ရမယ့် လူနာတယောက်လာတိုင်းမှာ ဒဏ်ရာရတဲ့နေရာပေါ်မူတည်ပြီး အသင့်တော်ဆုံးချုပ်ကြိုးကိုရွေးပြီး
အမာရွတ်အနည်းဆုံးဖြစ်အောင် ချုပ်လေ့ရှိတယ်ကျွန်တော်ကအလှကြိူက်တော့ လူတိုင်းကိုလှစေချငိတယ်လေ
ဒီနေ့တော့ မျက်နှာတခုလုံးပျက်စီးနေတဲ့ကျွန်တော့်သူငယ်ချင်းသူ့အတွက် ချုပ်ကြိုးကိုသေချာရွေးရင်း တချက်ချင်းသေချာချုပ်ရင်း
မျက်ရည်တွေကရုပ်အလောင်းပေါ်ကျတယ်ကျွန်တော်ဘယ်လောက်ကြိုးစားကြိုးစား အရင်မျက်နှာပြန်မရနိုင်တော့ဘူး
ညာဘက်လက်ကပြတ်သွားတယ် လက်ဘယ်မှာလဲ မေးတော့ရှာမတွေ့ဘူးတဲ့ဘယ်ဘက်လက်က လက်ချောငိးတချောငိးက မွစာကြဲနေတယ် ပျက်လုပျက်ခင်
အဲ့လက်ချောင်းကိုတော့ကျွန်တော်ကြိုးစားပြီးသေချာပြန်ချုပ်တယ်တတ်နိုင်သမျှ ခြေလက်အစုံပြန်ပါစေချင်တာ ဆရာဝန်တယောက်ရဲ့ စေတနာလား
မိတ်ဆွေတယောက်ရဲ့ချစ်ခြင်းမေတ္တာလားနောက်ဆုံးအပ်ချက်တွေက အားစိုက်ပြီးထိုးရတယ်အရေပြားပါးပါးလေးပဲကို ဘာလို့အဲ့လောက်မာနေတာပါလိမ့်
တချိန်က သူ့ရှေ့မှာ လူနာချုပ်တော့ကျွန်တော်လူနာဖြစ်ရင်ဆရာမငြိမ်းဆီမှာတော့ အချုပ်မခံချင်ဘူးလို့ပြောဖူးတယ်တကယ်ပဲ အချုပ်မခံချင်တာများလား
မရဘူး ငါကတော့ အတ္တကြီးတယ်ငါကလွဲရင် တခြားဆရာဝန်ချုပ်မှာစိုးလို့မလှမပဖြစ်နေတာသိသိရက်နဲ့ လှလှပပဖြစ်စေချင်လို့ကိုယ်တိုင်ချုပ်မယ်ဆိုပြီး အချိန်မှီပြေးလာခဲ့တာ
သိချင်လို့ ဝင်လာတဲ့သူတွေကို ဝင်မလာနဲ့ လို့ပြောပြီးတံခါးပိတ်တယ်ချုပ်လို့ပြီးစီးသွားတဲ့မျက်နှာကို ပတ်တီးအပြည့်စည်းတယ်
သူ့မျက်နှာကို တခြားဘယ်သူမှထပ်မမြင်စေချင်တော့ဘူးဓာတ်ပုံလည်းမရိုက်စေချင်ဘူးလူတွေရဲ့စိတ်ထဲမှာ ယောကျာ်းပီပီသသချောမောခဲ့တဲ့သူ့မျက်နှာကိုပဲစွဲကျန်နေစေချငိတယ်
အကျီ် ပုဆိုးငါကိုယ်တိုင်ဝတ်ပေးတယ်သွေးတွေကိုယ်တိုင်သုတ်ပေးတယ်သူရဲကောင်းရေ
မာန်းရေ နင်ကတော့ ကောင်းကင်ရောက်သွားပြီဝဠ်ကြွေးကြီးလွန်းလှတဲ့ငါတို့တွေပဲကျန်တော့တယ်
Dr A Nyein
ကျဆုံးသွားသော ရဲဘော်ရဲဘက်များအားလုံး ကောင်းရာသုကတိရောက်ပါစေလို့ ပေါ်ပင်ဇုံမှ ဆုတောင်းပေးလိုက်ပါတယ်ဗျာ
Credit
zawgyi
အရင္းႏွီးဆုံးမိတ္ေဆြ ရဲေဘာ္ရဲဘက္ရဲ႕ ႐ုပ္အေလာင္းကို ကိုယ္တိုင္ခ်ဳပ္ရတဲ့ ခံစားခ်က္ကိုရင္ဖြင့္လာတဲ့ ဆရာဝန္မေလး အၿငိမ္း
အရင္းႏွီးဆုံးမိတ္ေဆြ ရဲေဘာ္ရဲဘက္ရဲ႕ ႐ုပ္အေလာင္းကို ကိုယ္တိုင္ခ်ဳပ္ရတဲ့ ဆရာဝန္တေယာက္ရဲ႕ခံစားခ်က္ကကိုယ့္ႏွလုံးသားကို အပ္နဲ႔ခ်ဳပ္ေနရသလိုပါပဲ
အပ္တခ်က္ေဖာက္တိုင္းမွာ ရင္ဘတ္ထဲကနင့္ေနေအာင္စူးပါတယ္သူနာမ်ားနာေနမလားဆိုၿပီး ထုံေဆးထိုးဖို႔စဥ္းစားလိုက္ေသးတယ္ကြၽန္ေတာ္႐ူးမ်ား႐ူးသြားတာလား
ဒဏ္ရာရကြဲၿပဲလို႔ ခ်ဳပ္ရမယ့္ လူနာတေယာက္လာတိုင္းမွာ ဒဏ္ရာရတဲ့ေနရာေပၚမူတည္ၿပီး အသင့္ေတာ္ဆုံးခ်ဳပ္ႀကိဳးကိုေ႐ြးၿပီး
အမာ႐ြတ္အနည္းဆုံးျဖစ္ေအာင္ ခ်ဳပ္ေလ့ရွိတယ္ကြၽန္ေတာ္ကအလွႀကိဴက္ေတာ့ လူတိုင္းကိုလွေစခ်ငိတယ္ေလ
ဒီေန႔ေတာ့ မ်က္ႏွာတခုလုံးပ်က္စီးေနတဲ့ကြၽန္ေတာ့္သူငယ္ခ်င္းသူ႔အတြက္ ခ်ဳပ္ႀကိဳးကိုေသခ်ာေ႐ြးရင္း တခ်က္ခ်င္းေသခ်ာခ်ဳပ္ရင္း
မ်က္ရည္ေတြက႐ုပ္အေလာင္းေပၚက်တယ္ကြၽန္ေတာ္ဘယ္ေလာက္ႀကိဳးစားႀကိဳးစား အရင္မ်က္ႏွာျပန္မရႏိုင္ေတာ့ဘူး
ညာဘက္လက္ကျပတ္သြားတယ္ လက္ဘယ္မွာလဲ ေမးေတာ့ရွာမေတြ႕ဘူးတဲ့ဘယ္ဘက္လက္က လက္ေခ်ာငိးတေခ်ာငိးက မြစာႀကဲေနတယ္ ပ်က္လုပ်က္ခင္
အဲ့လက္ေခ်ာင္းကိုေတာ့ကြၽန္ေတာ္ႀကိဳးစားၿပီးေသခ်ာျပန္ခ်ဳပ္တယ္တတ္ႏိုင္သမွ် ေျခလက္အစုံျပန္ပါေစခ်င္တာ ဆရာဝန္တေယာက္ရဲ႕ ေစတနာလား
မိတ္ေဆြတေယာက္ရဲ႕ခ်စ္ျခင္းေမတၱာလားေနာက္ဆုံးအပ္ခ်က္ေတြက အားစိုက္ၿပီးထိုးရတယ္အေရျပားပါးပါးေလးပဲကို ဘာလို႔အဲ့ေလာက္မာေနတာပါလိမ့္
တခ်ိန္က သူ႔ေရွ႕မွာ လူနာခ်ဳပ္ေတာ့ကြၽန္ေတာ္လူနာျဖစ္ရင္ဆရာမၿငိမ္းဆီမွာေတာ့ အခ်ဳပ္မခံခ်င္ဘူးလို႔ေျပာဖူးတယ္တကယ္ပဲ အခ်ဳပ္မခံခ်င္တာမ်ားလား
မရဘူး ငါကေတာ့ အတၱႀကီးတယ္ငါကလြဲရင္ တျခားဆရာဝန္ခ်ဳပ္မွာစိုးလို႔မလွမပျဖစ္ေနတာသိသိရက္နဲ႔ လွလွပပျဖစ္ေစခ်င္လို႔ကိုယ္တိုင္ခ်ဳပ္မယ္ဆိုၿပီး အခ်ိန္မွီေျပးလာခဲ့တာ
သိခ်င္လို႔ ဝင္လာတဲ့သူေတြကို ဝင္မလာနဲ႔ လို႔ေျပာၿပီးတံခါးပိတ္တယ္ခ်ဳပ္လို႔ၿပီးစီးသြားတဲ့မ်က္ႏွာကို ပတ္တီးအျပည့္စည္းတယ္
သူ႔မ်က္ႏွာကို တျခားဘယ္သူမွထပ္မျမင္ေစခ်င္ေတာ့ဘူးဓာတ္ပုံလည္းမ႐ိုက္ေစခ်င္ဘူးလူေတြရဲ႕စိတ္ထဲမွာ ေယာက်ာ္းပီပီသသေခ်ာေမာခဲ့တဲ့သူ႔မ်က္ႏွာကိုပဲစြဲက်န္ေနေစခ်ငိတယ္
အက်ီ္ ပုဆိုးငါကိုယ္တိုင္ဝတ္ေပးတယ္ေသြးေတြကိုယ္တိုင္သုတ္ေပးတယ္သူရဲေကာင္းေရ
မာန္းေရ နင္ကေတာ့ ေကာင္းကင္ေရာက္သြားၿပီဝဠ္ေႂကြးႀကီးလြန္းလွတဲ့ငါတို႔ေတြပဲက်န္ေတာ့တယ္
Dr A Nyein
က်ဆုံးသြားေသာ ရဲေဘာ္ရဲဘက္မ်ားအားလုံး ေကာင္းရာသုကတိေရာက္ပါေစလို႔ ေပၚပင္ဇုံမွ ဆုေတာင္းေပးလိုက္ပါတယ္ဗ်ာ
Credit