ရန္ကုန္ၿမိဳ႕ရဲ့ ကိုဗစ္တတိယလွိုင္း ကူးစက္မႈကေတာ့ လတ္တေလာမွာ ဆိုးဆိုးရြားရြား ျဖစ္ပြားလာတာ ေတြ႕ရပါတယ္။
ဒါ့အျပင္ ကိုဗစ္ေရာဂါေၾကာင့္ ေသဆုံးသူအေရအတြက္ကလည္း တစ္ေန႔တျခား မ်ားလာခဲ့ပါတယ္။
ဒါ့အျပင္ ယခုရက္ပိုင္းေလာက္မွာ ၿမိဳ႕နယ္ေတြမွာေတာ့ ေနမေကာင္းျဖစ္ေနတဲ့သူေတြလည္း အမ်ားအျပားရွိလာခဲ့သလို တခ်ိဳ႕မွာဆိုရင္လည္း ေအာက္ဆီဂ်င္မ်ား အေရးေပၚလိုအပ္ေနတာျဖစ္ၿပီး အလြယ္တကူမရတဲ့ ျပႆနာေတြနဲ႔လည္း ရင္ဆိုင္ ၾကဳံေတြ႕ေနရပါတယ္။
လက္ရွိအေျခအေနက ရန္ကုန္ၿမိဳ႕မွာ အရင္လို အခ်ိန္မေရြး သြားေရာက္ကုသလို႔ရတဲ့ ကိုဗစ္စင္တာႀကီးေတြမရွိတဲ့အျပင္ ေဆး႐ုံေတြမွာ က်န္းမာေရးေစာင့္ေရွာက္ေပးမႈေတြကို လုံလုံေလာက္ေလာက္ မေပးနိုင္တဲ့ အေျခအေနေတြေၾကာင့္ မိမိတို႔ေနအိမ္ေတြမွာပဲ တတ္နိုင္သေလာက္ ကုသေနၾကရင္း တခ်ိဳ႕မွာ ေသဆုံးသြားၾကတာကို လူမႈကြန္ယက္ေတြမွာ စိတ္မေကာင္းစြာ ၾကားသိေနရပါတယ္။
ယခုမွာလည္း ရန္ကုန္တိုင္း၊ လွိုင္သာယာၿမိဳ႕နယ္၊ ထန္းတပင္အပိုင္၊ ရိုးေလးေက်းရြာက စိတ္မေကာင္းစရာ ျဖစ္ရပ္ေလးတစ္ခုကို ၾကားသိရပါတယ္။
ဒါကေတာ့ ကိုယ္ဝန္ေဆာင္မိခင္ တစ္ဦးဟာ ကိုဗစ္ေရာဂါ ကူးစက္ခံရၿပီး ေအာက္ဆီဂ်င္ထိုးက်ခဲ့တာေၾကာင့္ ဇူလိုင္လ (၂၅)ရက္ေန႔က လူမႈကြန္ယက္မွာ ေအာက္ဆီဂ်င္ရဖို႔အတြက္ အကူအညီေတာင္းခံခဲ့ပါတယ္။
ေနာက္တစ္ေန႔ ဇူလိုင္လ(၂၆)ရက္ေန႔မွာေတာ့ စိတ္မေကာင္းစြာနဲ႔ဘဲ ေအာက္ဆီဂ်င္ထိုးက်ၿပီး မိခင္ေရာ ကေလးပါ ေသဆုံးသြားခဲ့ပါတယ္။
အဆိုပါ ကိုယ္ဝန္ေဆာင္မိခင္ဟာ ကိုယ္ဝန္(၇)လရွိၿပီလို႔လည္း သိရပါတယ္။
ဒီအေၾကာင္းေလးကို ၾကားသိရတဲ့ ျပည္သူေတြကလည္း မ်ားစြာစိတ္မေကာင္းျဖစ္ရပါတယ္။
credit
unicode
ရန်ကုန်မြို့ရဲ့ ကိုဗစ်တတိယလှိုင်း ကူးစက်မှုကတော့ လတ်တလောမှာ ဆိုးဆိုးရွားရွား ဖြစ်ပွားလာတာ တွေ့ရပါတယ်။
ဒါ့အပြင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူအရေအတွက်ကလည်း တစ်နေ့တခြား များလာခဲ့ပါတယ်။
ဒါ့အပြင် ယခုရက်ပိုင်းလောက်မှာ မြို့နယ်တွေမှာတော့ နေမကောင်းဖြစ်နေတဲ့သူတွေလည်း အများအပြားရှိလာခဲ့သလို တချို့မှာဆိုရင်လည်း အောက်ဆီဂျင်များ အရေးပေါ်လိုအပ်နေတာဖြစ်ပြီး အလွယ်တကူမရတဲ့ ပြဿနာတွေနဲ့လည်း ရင်ဆိုင် ကြုံတွေ့နေရပါတယ်။
လက်ရှိအခြေအနေက ရန်ကုန်မြို့မှာ အရင်လို အချိန်မရွေး သွားရောက်ကုသလို့ရတဲ့ ကိုဗစ်စင်တာကြီးတွေမရှိတဲ့အပြင် ဆေးရုံတွေမှာ ကျန်းမာရေးစောင့်ရှောက်ပေးမှုတွေကို လုံလုံလောက်လောက် မပေးနိုင်တဲ့ အခြေအနေတွေကြောင့် မိမိတို့နေအိမ်တွေမှာပဲ တတ်နိုင်သလောက် ကုသနေကြရင်း တချို့မှာ သေဆုံးသွားကြတာကို လူမှုကွန်ယက်တွေမှာ စိတ်မကောင်းစွာ ကြားသိနေရပါတယ်။
ယခုမှာလည်း ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ထန်းတပင်အပိုင်၊ ရိုးလေးကျေးရွာက စိတ်မကောင်းစရာ ဖြစ်ရပ်လေးတစ်ခုကို ကြားသိရပါတယ်။
ဒါကတော့ ကိုယ်ဝန်ဆောင်မိခင် တစ်ဦးဟာ ကိုဗစ်ရောဂါ ကူးစက်ခံရပြီး အောက်ဆီဂျင်ထိုးကျခဲ့တာကြောင့် ဇူလိုင်လ (၂၅)ရက်နေ့က လူမှုကွန်ယက်မှာ အောက်ဆီဂျင်ရဖို့အတွက် အကူအညီတောင်းခံခဲ့ပါတယ်။
နောက်တစ်နေ့ ဇူလိုင်လ(၂၆)ရက်နေ့မှာတော့ စိတ်မကောင်းစွာနဲ့ဘဲ အောက်ဆီဂျင်ထိုးကျပြီး မိခင်ရော ကလေးပါ သေဆုံးသွားခဲ့ပါတယ်။
အဆိုပါ ကိုယ်ဝန်ဆောင်မိခင်ဟာ ကိုယ်ဝန်(၇)လရှိပြီလို့လည်း သိရပါတယ်
ဒီအကြောင်းလေးကို ကြားသိရတဲ့ ပြည်သူတွေကလည်း များစွာစိတ်မကောင်းဖြစ်ရပါတယ်။
credit