အမျိုးသမီးတွေလျစ်လျူရှုမထားသင့်တဲ့ သားအိမ်ကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာရပ်များ
သားအိမ်ကင်ဆာဟာ အရမ်းကြောက်စရာကောင်းပါတယ်။ အစောဆုံးကာလမှာ သိရှိထားမှ ဆေးဝါးကုသမှု အောင်မြင်အောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် သားအိမ်ကင်ဆာ လက္ခဏာရပ်တွေကို လျစ်လျူမရှုသင့်ပါဘူး။ ဝမ်းဗိုက်ဖောင်းခြင်း နဲ့ လေပွခြင်း နောက်ပိုင်းမှာ အစာစားသုံးဖို့ခက်ခဲလာမှာဖြစ်ပါတယ်။ အစားလည်းသိပ်မစားဘဲ အလွယ်တကူဗိုက်ပြည့်နေတာမျိုး လေပွတာမျိုး နေရာတာ သက်သောင့်သက်သာမရှိတာမျိုးဖြစ်တတ်ပါတယ်။ လေပွလို့ ဘောင်းဘီဆိုဒ်ကြီးတွေ ပြောင်းလဲဝတ်ရတာမျိုးဖြစ်နေပြီဆိုရင် လျစ်လျူမရှုသင့်ပါဘူး။ ဗိုက်နာခြင်း အမျိုးသမီးတွေ ဓမ္မတာပုံမမှန် ဆင်းတာကြောင့် ဗိုက်အလွန်အမင်းနာကျင်တာတွေက သားဥအိမ်ကင်ဆာရဲ့ လက္ခဏာရပ်ပဲဖြစ်ပါတယ်။ အစာမကြေတာမျိုး ဂတ်စ်များတာမျိုးခံစားရပြီး အစာအိမ်နာတာမျိုး ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာကြောင့် ဗိုက်နာတာတွေမျိုး မကြာခဏဆိုသလို ဗိုက်နာတာမျိုးဆိုရင် ဆေးစစ်သင့်ပါတယ်။ မကြာခဏ ပုံမမှန်ဆီးသွားခြင်း မကြာခဏဆိုသလို ပုံမမှန်ဆီးသွားတာမျိုးဖြစ်ရင် သားဥအိမ်ကင်ဆာနဲ့ ဆက်စပ်နေပါတယ်။ ရေအများကြီးသောက်လို့မဟုတ်ဘဲ အမြဲတမ်းလိုလို ဆီးသွားချင်တာ မကြာခဏဆိုသလိုပဲ ဆီးသွားတာမျိုးက မပေါ့သင့်ပါဘူး။ ပုံမှန်ဆိုရင် ဆီးအောင့်လို့ရပေမယ့် … Read more
သွားကိုက်ခြင်းကို ( ၁ ) မိနစ် အတွင်း သက်သာစေမယ့် အိမ်တွင်းနည်းလမ်းများ
သွားကိုက်ခြင်းကို ( ၁ ) မိနစ် အတွင်း သက်သာစေမယ့် အိမ်တွင်းနည်းလမ်းများ (၁)ဆားပြုတ်ရည် ဆားသည် သဘာဝပိုးသတ်ဆေးတစ်လက်ဖြစ်ပြီး သွားကိုက်ခြင်းအတွက် လွယ်ကူပြီးအစွမ်းထက်သော နည်းတစ်မျိုးဖြစ်ပါတယ်။ဆား စားပွဲတင်ဇွန်းတစ်ဝက်ကို ရေနွေးတစ်ခွက်ထဲသို့ထည့်ပါ။ထို့နောက် ပလုတ်ကျင်းဆေးရည်အဖြစ် အသုံးပြုနိုင်ပါပြီ။ သွားကိုက်ခြင်းကိုသက်သာစေပြီး သွားဖုံးယောင်ခြင်းနဲ့ လည်ပင်းနာခြင်းကိုပါ သက်သာစေပါတယ်။ (၂)ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် သွားချေးများကို ပြောင်စေစေပြီး သွားဖုံးသွေးယိုခြင်းကိုပါ သက်သာစေပါတယ်။ ၃%ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် ၅စက်ခန့်ကို ရေ ၅၀ ml တွင်ရောပါ။ထို့နောက် ပလုတ်ကျင်းဆေးရည်အဖြစ်အသုံးပြုနိုင်ပါတယ်။ (၃)လေးညင်းဆီ ရှေးနှစ်ပေါင်းများစွာကပင် လေးညင်းကို သွားကိုက်ခြင်းအတွက် အသုံးပြုခဲ့ကြပါတယ်။ လေးညင်းမှာ eugenol ဆိုတဲ့ သဘာဝပိုးသတ်ဆေးတစ်မျိုးပါဝင်တဲ့အတွက် သွားကိုက်စေသော ပိုးများကို သေစေပါတယ်။လေးညင်းပွင့်အနည်းငယ်ကို ၀ါးစားခြင်း၊လေးညင်းမှုန့်ကို သွားပိုးပေါက်ပေါ်တွင်အုံပေးခြင်း၊လေးညင်းဆီကိုအစက်ချပေးခြင်း ပြုလုပ်နိုင်ပါတယ်။ (၄)ရေခဲကပ်ခြင်း ဘယ်လိုနာကျင်မှုမျိုးအတွက် အသုံးပြုနိုင်ပါတယ်။ရေခဲတုံးများကို ပလတ်စတစ်အိတ်တွင် … Read more
ခန္ဓာကိုယ် မဝလည်း ဗိုက်နားမှာ ရှိနေတတ်တဲ့ ရုပ်ဆိုးဆိုး အဆီပိုများ ဘယ်လို ချမလဲ ?
၁။ ခါးပတ်ပတ်လည်မှ အဆီပိုများ ခါးပတ်ပတ်လည်မှာ အလှပျက်စွာ ရှိနေတတ်တဲ့ အဆီအဖုအထစ်တွေ ဖြစ်ပါတယ်။ ဖြစ်ပွားရသည့်အ ကြောင်းရင်းတွေ က တော့ အထိုင်များခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်း၊ အချိုစားလွန်းခြင်းနဲ့ ကစီဓာတ်ပါတဲ့ အစားအစာတွေကို ပိုမိုစားသုံးခြင်းတို့ကြောင့် ဖြစ်ပါ တယ်။ ခါးပတ်ပတ်လည်က အဆီပိုတွေကို ဖယ်ရှားချင်ရင်တော့.. ( ၁ ) အယ်ကိုဟောလ်ပါဝင်တဲ့ ဝိုင်၊ အရက်၊ ဘီယာ တွေကို လျှော့သောက်ပါ။ ( ၂ ) အဆီနည်းပြီး အာဟာရဓာတ်ဖြစ်စေတဲ့ အစားအစာတွေ၊ အသီးအနှံတွေကို စားသောက်ပါ။ ( ၃ ) ဘယ်လောက်ပဲအလုပ်များများ အချိန်တစ်ခုပေးပြီး gym ကစားပါ။ ၂ ။ ဝမ်းဗိုက်အောက်နားလေးက အဆီပြင်ထူများ ဝမ်းဗိုက်အောက်နားလေးမှာ စုနေတတ်တဲ့ အဆီပြင်တွေဖြစ်ပြီး … Read more
သင်မသိသေးသောမတ်တပ်ရပ်ပြီးရေသောက်ခြင်း၏ဆိုးကျိုးများ…
“ရေ” ဆိုသည်မှာ အသက်ရှင်နေထိုင်မှုအတွက် အရေးကြီးဆုံးအရာဖြစ်ကြောင်းကို အားလုံးသိရှိပြီးဖြစ်ပါသည်။ ကျန်းမာရေးအတွက် လုံလောက်သောရေပမာဏကို နေ့စဉ်သောက်ပေးသင့်သည်ကိုလည်း သိထားကြပါသည်။သို့သော် ရေသောက်သည့်အခါ မတ်တပ်ရပ်ပြီးရေသောက်ခြင်းသည် ကျန်းမာရေးအတွက် ဆိုးကျိုးများဖြစ်စေနိုင်ပါသည်။ထိုအချက်ကို အများစုသည် မသိရှိကြသောကြောင့် မည်ကဲ့သို့ဆိုးကျိုးများရှိသည်ကို ဆက်လက်ဖတ်ရှုကြည့်လိုက်ပါနော်။ ၁။ မတ်တပ်ရပ်ပြီးသောက်လိုက်ခြင်းသည် တောက်လျှောက်စီးဝင်သွားသောကြောင့် ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များကို ကူညီပံ့ပိုးပေးသော ကိုယ်တွင်းအင်္ဂါများဆီသို့ ရောက်မသွားတော့ပါ။ထို့ကြောင့် အပြင်ထွက်ရမည့် အညစ်အကြေးများမှာလည်း ကျောက်ကပ်နှင့်ဆီးအိမ်ထဲတွင် သွားရောက်အနည်ထိုင်နေတတ်ကြပါသည်။ ၂။ မတ်တပ်ရပ်ပြီး ရေသောက်ခြင်းသည် သဘာဝစနစ်နဲ့ မကိုက်ညီသလို အာရုံကြောစနစ်များကိုလည်း လှုံ့ဆော်ပေးသည့်အတွက် အန္တရာယ်ဖြစ်စေပါသည်။ ရေ၏အာဟာရဓာတ်များသည် အလဟဿဖြစ်သွားပြီး ခန္ဓာကိုယ်အနေနဲ့ စိတ်ဖိစီးမှုများ၊ ပူပင်ကြောင့်ကြမှုများကို ကြုံတွေ့ရပါသည်။ ၃။ မတ်တပ်ရပ်ပြီး ရေသောက်ခြင်းသည် ရေငတ်မပြေစေပါ။ တိုက်ရိုက်ဝင်သွားသော ရေများဆီမှ အာဟာရဓာတ်နှင့်ဗီတာမင်ဓာတ်များသည် အသည်းနှင့်အစာချေအစိတ်အပိုင်းများဆီသို့လည်း မရောက်နိုင်တော့ပါ။ ထို့အပြင် အဆုတ်၊ နှလုံးနှင့်အောက်ဆီဂျင်ရရှိမှုကိုပါ … Read more
တစ်ညလုံး ပန်ကာဖွင့်အိပ်ပြီး အိပ်စက်ခြင်းဟာ ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေ
ရာသီဥတုပူပြင်းလာတာနဲ့အမျှ သာမန်လူတန်းစားတွေအဖို့ ပန်ကာတွေဟာ အသုံးတည့်လာပါတယ်။ ညဘက်တွေမှာ အပူဒဏ်သက်သာစွာနဲ့ အိပ်ပျော်အောင်လို့ဆိုပြီး ပန်ကာတွေကို ဖွင့်ကြပါတယ်။ ဒါပေမယ့် ညဘက်မှာ ပန်ကာဖွင့်ပြီး အိပ်တာဟာ ကျန်းမာရေးအတွက် ဆိုးကျိုးအများကြီး ဖြစ်စေနိုင်ပါတယ်။ ပန်ကာလေဟာ အခန်းတွင်းမှာပဲ လှည့်ပတ်ပြီး တိုက်နေတာကြောင့် ဖုန့်မှုန့်တွေဟာ နှာခေါင်းထဲကနေတဆင့် ၀င်ရောက်နိုင်ပါတယ်။ ဒါကြောင့် ရင်ကြပ်ပန်းနာသည်တွေနဲ့ အလာဂျီဖြစ်တဲ့သူတွေဟာ ပန်ကာနဲ့ လုံးဝမတည့်ပါဘူး။ တဖန် ပန်ကာတွေဟာ လေအေးတွေ ပြန်လည်မှုတ်ထုတ်ပေးရတာကြောင့် အချိန်ကြာလာတဲ့အခါ အသားအရည် ခြောက်သွေ့မှုကို ဖြစ်ပွားစေပါတယ်။ တကယ်လို့ မျက်လုံးကို တစ်ဝက်တစ်ဝက်ဖွင့်ပြီး အိပ်ပျော်သွားရင်တောင် ပန်ကာလေကြောင့် မျက်လုံးဟာ ခြောက်သွေ့ယားယံလာနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ နှာခေါင်းပေါက်နဲ့ ဆက်သွယ်ထားတဲ့ ဦးခေါင်းခွံတွင်းမှာရှိတဲ့ လေလမ်းကြောင်းဟာ ကျိန်းစပ်လာနိုင်ပါတယ်။ ဒါကြောင့် ရလဒ်အနေနဲ့ နှာခေါင်းပိတ်တာ၊ ခေါင်းခဲ ခေါင်းကိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။ … Read more
သံပုရာသီး အစွမ်း အံမခန်း…(မိန်းကလေးများ ဖတ်သင့်သည်)
ကျန်းမာရေး* သံပုရာသီးဟာ သွားကို ဖြူစေ ပါတယ်။ သံပုရာသီး အခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေ ရုံတင် မကဘူး။ တောက်ပစေ ပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေ ပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးလိုက်ပါ …။ *နှုတ်ခမ်းကွဲခြင်း* မျက်နှာလိမ်းခရင်မ် တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာထင်ရှားစွာ ပျောက်ကင်း သွားပါလိမ့်မယ် …။ *ဆံပင်ကျွတ်ခြင်း* အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်းစေ ပါတယ် ။ *ဦးရေပြားယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်* ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) … Read more
ရေနွေး ထဲ ဂျင်းထည့်ပြီး အိပ် ခါနီးတိုင်းသောက်ပေးရင် ရရှိလာမယ့် အံ့မခန်းအကျိုးကျေးဇူးများ
ရေနွေး ထဲ ဂျင်းထည့်ပြီး အိပ် ခါနီးတိုင်း သောက်ပေး ရင် ရရှိလာ မယ့် အံ့မခန်း အကျိုးကျေးဇူးများ… ဂျင်းမှာ သတ္တုဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ပိုတက်ဆီမယ်၊ မဂ္ဂနီဆီယမ်၊ ကော့ပါးသတ္တုတွေ ပါဝင်တာကြောင့် နေ့စဉ် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်စာတစ်ခုလည်း ဖြစ်ပါတယ်။ ည အိပ်ရာဝင်ခါနီးတိုင်း ရေနွေးထဲ ဂျင်းထည့်ပြီး သောက်ပေးလိုက်ရင် ရရှိလာမယ့် အံ့မခန်း အကျိုးကျေးဇူးတွေကို ဖော်ပြ ပေးလိုက်ပါတယ်နော်…. (၁) မူးမော်ခြင်း ကင်းဝေးစေမယ် သတ္တုဓာတ်နဲ့ ဗီတာမင်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် မူးမော်ခြင်းတွေ၊ ခေါင်းနောက်တာတွေကို ကင်းဝေးစေပါတယ်။ ဂျင်းကို ဆေးအဖြစ်နဲ့ သုံးစွဲလာတဲ့ ခေတ်အဆက်ဆက် မှတ်တမ်းတွေအရ ခေါင်းမူးတာတွေ၊ အန်ချင်တာတွေကို သက်သာ ပျောက်ကင်းစေတာပြီး ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တတ်တဲ့ ပျို့အန်တာတွေကို … Read more
ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်စေတတ်တဲ့ အဓိက အကြောင်းအရင်း ၄ ချက်
ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်စေတတ်တဲ့ အဓိက အကြောင်းအရင်း ၄ ချက် ခံတွင်းနံ့ဆိုးတာက အတော့်ကို ကသိကအောက် ဖြစ်စေပါတယ်။ ခံတွင်းနံ့ဆိုးနေတဲ့အခါမှာ ကိုယ်တိုင်က သတိမထားမိရင် တခြားသူတွေကို စိတ်အနှောင့်အယှက် ဖြစ်နေတတ်ပြီး ကိုယ်တိုင် သတိထားမိတဲ့အခါမှာလည်း ကိုယ့်ကိုယ်ကို မလုံမလဲဖြစ်တာနဲ့ စကားပြောဖို့ အခက်အအခဲ ဖြစ်တာ စတာတွေကို ရင်ဆိုင်ရမှာပါ။ ဒီလိုမျိုး ခံတွင်းနံ့ဆိုးရတဲ့ အကြောင်းအရင်းတွေကတော့ ဒီမှာပါ။ (၁) သွားမတိုက်လို့ တစ်နေ့ကို သွားက မနက် တစ်ကြိမ် ညအိပ်ရာဝင်ခါနီးရင် တစ်ကြိမ် နှစ်ကြိမ်တိုက်ရမယ်ဆိုတာ လူတိုင်း သိကြတာပါပဲ။ ဒီလို ပုံမှန်တိုက်ရမှာကိုတောင် ပျင်းရိပြီး မတိုက်မိရင်တော့ သွားတွေက ညစ်ပတ်နေပြီး ခံတွင်း အနံ့ဆိုးနေမှာပါ။ (၂) သွားကျောက်တည်နေလို့ သွားတွေမှာ ကျောက်တွေ တည်နေတတ်ပါတယ်။ ဒီလို ကျောက်တည်နေတဲ့ … Read more
မသိသူကျော်သွား သိသူဖော်စား ၁ ဂရန်ကို ဒေါ်လာ ၁၀၀ တန်တဲ့ ဗန်ဒါရွက်ရဲ့တန်ဖိုး
သဘာဝကပေးတဲ့ ဆေး မသိသူ ကျော် သွား သိသူ ဖော် စား ဆိုတဲ့ စကားဟာ စကားပုံမဟုတ်ပါဘူး ဒီ နေ့မိသားစုတို့ကို ပြောပြချင် တဲ့ ဆေးနည်းက ဗန်ဒါရွက် အစွမ်းထက်ပုံအကြောင်းပါ ဗန် ဒါ(ဗာဒံ)ရွက် ဗာဒံသီးဟာ မြေပြန့်ဒေသ ပူအိုက်တဲ့ရာသီဥတုအတွက်တော့ မြန်မြန်နဲ့လွယ်လွယ် အရိပ် ရလို့တချို့ကမိမိအိမ် ခြံဝင်းမှာ အရိပ် ရ အောင် စိုက် ကြတယ် နေရာတိုင်းမှာလည်း အ လေ့ကျ ပေါက် ပါတယ် သို့ သော် ဗန် ဒါပင် ရဲ့အစွမ်းကို တော့ သိသူနည်းပါးပါတယ်။ဗန် ဒါ ရွက် (ယခုပုံ)မှာပြထားတဲ့အတိုင်း ဗန် ဒါရွက် … Read more