က်မၼာေရး ဗဟုသုတ

အိပ်စက်ချိန်မှာ သင့်ဆီကံကောင်းခြင်းတွေ ရောက်ရှိလာစေဖို့ ဒီ (၇)ချက်ကို လိုက်နာလိုက်ပါ

တစ်နေကုန် အလုပ်တွေလုပ်ပြီး အိမ်ပြန်ရောက်တဲ့အခါ ကောင်းကောင်းအနားယူမှ နောက်တစ်နေ့အတွက် အားအင်အပြည့်ရှိပြီး အရာရာမှာ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်မှာပါ။ စိတ်ရော လူပါ အကောင်းဆုံးအနားယူဖို့အတွက် အိပ်စက်တဲ့နေရာက အရမ်းအရေးကြီးပါတယ်။ ခန္ဓာကိုယ် ကောင်းကောင်းအနားရဖို့ ကောင်းမွန်တဲ့အရာတွေဖြစ်လာဖို့အတွက် သင့်အိပ်ခန်း၊ အိပ်ရာနဲ့ပတ်သက်ပြီး ဆောင်ရန် ၊ ရှောင်ရန်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

 

(၁) အိပ်ခန်းဆိုတာ အိပ်စက်အနားယူဖို့ပဲဖြစ်သင့်ပါတယ်

အိပ်ခန်းထဲမှာ တခြားအလုပ်နဲ့ ပတ်သက်တာတွေ၊ မလိုအပ်တဲ့ ပစ္စည်းတွေ မထားတာ အကောင်းဆုံးပါ။ အဝတ်ဗီရိုနဲ့ အဝတ်စင်တွေ ထားတယ်ဆိုရင်တောင် အိပ်ယာနား ကပ်မထားပါနဲ့ နေရာကျဉ်းတယ်ဆိုရင်တောင် အိပ်ယာပေါ်မှာ အဝတ်တွေပုံထားတာမျိုး မလုပ်ဖို့လိုပါတယ်။

(၂) သန့်ရှင်းရေးပုံမှန်လုပ်ပေးပါ

အိပ်ယာက ထလာတာနဲ့ စောင်နဲ့ တခြားအသုံးအဆောင်တွေကို ခေါက်သိမ်းပါ။ အိပ်ယာပေါ်မှာ သန့်ရှင်းနေအောင်ထားပါ။ ပြီးတော့ အိပ်ခန်းသန့်ရှင်းရေးကို တစ်ပတ်တစ်ခါ လုပ်ပေးပါ။

(၃) အိပ်ယာပေါ်မှာ ပစ္စည်းတွေ ရှုပ်ဖွမထားပါနဲ့

တတ်နိုင်ရင် အိပ်ယာပေါ်မှာ ပစ္စည်းတွေ အစုံရောက်နေတာ မကောင်းပါဘူး။ နေရာကျဉ်းရင်ပိုတောင်မထားသင့်ပါဘူး။ အလုပ်နဲ့ပတ်သက်တာတွေ၊ ကျောင်းစာအုပ်တွေ၊ လွယ်အိတ် စတာတွေကို သူ့နေရာနဲ့သူ ပြန်ထားဖြစ်အောင်ထားပါ။

(၄) အိပ်ခန်းထဲကမှန်

အိပ်ခန်းထဲမှာ မှန်ထားမယ်ဆိုရင် မှန်ထဲကို ကြည့်လိုက်ရင် အိပ်ယာမပေါ်တဲ့နေရာမှာ ထားရမှာပါ။ မဟုတ်ရင် သင်အိပ်ပျော်နေချိန်မှန်ထဲမှာ သင့်ပုံရိပ် ပေါ်နေပြီး အဲ့ဒီအချိန်မက်တဲ့ အိပ်မက်တွေက တကယ်ဖြစ်လာနိုင်တယ်လို့ ဆိုကြပါတယ်။ အိပ်မက်ဆိုးတွေ မက်ခဲ့ရင် ဒုက္ခပဲလေနော်။

(၅) အိပ်ခန်းမီးမှိန်မှိန်လေးထွန်းပါ

အိပ်တဲ့အချိန်မှာ မီးလင်းနေတာက မကောင်းသလို၊ အလင်းရောင်မရှိဘဲ လုံးဝမှောင်နေတာကလည်း မကောင်းပါဘူး။ ဒါကြောင့် အိပ်တဲ့အချိန်မှာ အလင်းရောင်ရရုံ မီးမှိန်မှိန်လေးကို ထွန်းထားသင့်ပါတယ်။

(၆) အိပ်ခန်းနဲ့ အိပ်ယာနဲ့ပတ်သက်တဲ့ အသုံးအဆောင်တွေရဲ့အရောင်
အနီရောင်၊ ခရမ်းရောင် စတဲ့အရောင်ရင့်ရင့်တောက်တောက်တွေက အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေတာကြောင့်အိပ်ခန်းနဲ့ အိပ်ယာအသုံးအဆောင်တွေမှာ မသုံးသင့်ပါဘူး။ အဝါရောင်နုနု၊ အပြာနု ၊ ထုံးခြောက်ရောင် စတာတွေက နွေးထွေးမှုကိုဖြစ်စေပြီး အိပ်စက်ခြင်းအတွက်အကူအညီဖြစ်စေလို့ အဲ့ဒီအရောင်တွေကိုသုံးသင့်ပါတယ်။

(၇) အိပ်ယာအထားအသိုရွှေ့ပြောင်းပေးပါ

အိပ်ယာကို တစ်နှစ်ပတ်လုံး တစ်နေရာထဲမှ ာထားတာမျိုးထက် ခြောက်လလောက်မှာ တစ်ခါ အရွှေ့အပြောင်းလုပ်ပေးတာ ပိုကောင်းပါတယ်။ အဲ့ဒီလို အိပ်ယာကို နေရာရွှေ့လိုက်တဲ့အခါ အိပ်ခန်းကိုပါ သန့်ရှင်းရေးလုပ်ပြီးသားဖြစ်သွားပြီး နေရာအသစ်ကို ရောက်လာသလို ခံစားရတာကြောင့် သင့်ရဲ့ငြီးငွေ့နေတဲ့ ခံစားချက်တွေကိုလည်း ပြောင်းလဲပေးနိုင်ပါတယ်။

Credit:Aunty May