တရားတော်
ခင်ပွွန်းကြီးဆယ်ပါးကန်တော့နည်း
ခင်ပွွန်းကြီးဆယ်ပါးကန်တော့နည်း
ဘုရားတပည့်တော်သည် သံသရာအစမှ စ၍ ယနေ့တိုင်အောင်
၁။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌
၂။ ဂုုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌
၃။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက၊ မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌
၄။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့အပေါ်၌
၅။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိိခင်တို့ အပေါ်၌
၆။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့ အပေါ်၌
၇။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတိို့၏ အပေါ်၌
၈။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက် ရှိကြကုန်သော လူပုဂ္ဂိိုလ်၊ ရဟန်းပုဂ္ဂိုလ်တို့၏ အပေါ်၌
၉။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို့၏ အပေါ်၌
၁၀။ ထမင်းတစ်လုပ်၊ ရေတစ်မှုတ် စသည်ဖြင့် ပေးကမ်းချီးမြှင့် ထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့၏ အပေါ်၌
ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသော ကံတို့ဖြင့် ပြစ်မှားမိခဲ့သည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။
ဤသို့ ရှိခိုးပူဇော် ဖူးမြှော်မာန်လျော့ ကန်တော့ရသော ကောင်းမှုကံစေတနာတို့ကြောင့် အလုံးစုံသောဘေးရောဂါ အန္တရာယ်အပေါင်းတိို့မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော သစ္စာလေးပါး မြတ်တရားကို ကောင်းစွာသိမြင်၍ နိဗ္ဗာန်သို့ ဝင်နိုင်သောကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား။
လောကီမင်္ဂလာ အဖြာဖြာတို့သည်လည်း စိိတ်ကြံတိုင်း တောင့်တတိုင်း လွယ်ကူ လျင်မြန်စွာ ပြည့်စုံ၍ နှလုံးစိိတ်ဝမ်း အေးချမ်းရပါစေသား အရှင်ဘုရား။
ခင်ပွန််းကြီး (၁၀)ပါး ပူဇော်ခြင်း အကျိုး (၁၀)ပါး
၁။အစားအစာ မရှားပါးခြင်း
၂။ရောက်ရာအရပ်၌ လေးစားပူဇော်ခံရခြင်း
၃။ရန်သူမျိုးငါးပါးနှင့် ကင်းဝေးနိုင်ခြင်း
၄။လူချစ်ခင်် ပေါများခြင်း
၅။ပရိသတ်အလယ်၌ တင့်တယ်စွာ နေနိုင်ခြင်း
၆။ကောင်းသတင်းဂုဏ် ကျော်စောခြင်း
၇။အခြွေအရံများခြင်း
၈။စီးပွားဥစ္စာ ဖွံ့ဖြိုးတိုးတက်ခြင်း
၉။ဘေးဒုက္ခကြုံသော် အကူအညီရရှိခြင်း
၁၀။သားကောင်း သမီးကောင်း ရရှိနိုင်ခြင်း
ခင်ပွွန်းကြီး၁ဝပါးပြစ်မှားခြင်းဒဏ်၁ဝပါး
၁။ပြင်းထန်သော ဦးခေါင်းနာ စသည် ဝေဒနာများဖြစ်ခြင်း
၂။ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ ဆုတ်ယုတ်ပျက်စီးခြင်း
၃။လက်,ခြေ ပြတ်ခြင်း၊ ကိုယ်အင်္ဂါ ပျက်စီးခြင်း
၄။ကုသ၍ မရနိုင်သော ကြီးလေးသည့် ရောဂါများဖြစ်ခြင်း
၅။ရူးသွပ်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း
၆။မင်းပြစ် မင်းဒဏ် ခံရခြင်း
၇။မတရားသဖြင့် စွပ်စွဲခံရခြင်း
၈။ဆွေမျိုးကောင်း၊ မိတ်ဆွေကောင်း မရရှိခြင်း
၉။စည်းစိမ်ဥစ္စာ အခြွေအရံများ ပျက်စီးခြင်း
၁၀။နေရာ တိိုက် အိိမ် မီးလောင်ပျက်စီးခြင်း
ပစ္စုပ္ပန်ဘဝ၌ ထိိုဒဏ် (၁၀)ပါး သင့်မည့်အပြင် သေလွန်သောအခါ၌လည်း အပါယ်ငရဲသို့ကျရောက်နိုင်ပါသည်။အားလုံးကျန်းမာကြပါစေ။
ဗုဒ္ဓတရားလိုလားသူ
ခင်ပွန်းကြီးဆယ်ပါးကန်တော့နည်း
၂။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌
၅။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့ အပေါ်၌
၇။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့၏ အပေါ်၌
၈။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက် ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်တို့၏ အပေါ်၌
ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသော ကံတို့ဖြင့် ပြစ်မှားမိခဲ့သည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။
ဤသို့ ရှိခိုးပူဇော် ဖူးမြှော်မာန်လျော့ ကန်တော့ရသော ကောင်းမှုကံစေတနာတို့ကြောင့် အလုံးစုံသောဘေးရောဂါ အန္တရာယ်အပေါင်းတို့မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော သစ္စာလေးပါး မြတ်တရားကို ကောင်းစွာသိမြင်၍ နိဗ္ဗာန်သို့ ဝင်နိုင်သောကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား။
လောကီမင်္ဂလာ အဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်း တောင့်တတိုင်း လွယ်ကူ လျင်မြန်စွာ ပြည့်စုံ၍ နှလုံးစိတ်ဝမ်း အေးချမ်းရပါစေသား အရှင်ဘုရား။
ခင်ပွန်းကြီး (၁၀)ပါး ပူဇော်ခြင်း အကျိုး (၁၀)ပါး
၎။လူချစ်ခင် ပေါများခြင်း
၇။အခြွေအရံများခြင်း
ခင်ပွန်းကြီး၁၀ပါးပြစ်မှားခြင်းဒဏ်၁၀ပါး
၁၀။နေရာ တိုက် အိမ် မီးလောင်ပျက်စီးခြင်း
ဗုဒ္ဓတရားလိုလားသူ