ဗဟုသုတ

ပုရွက်ဆိတ်အမဲ နဲ့ အနီ အကောင် ၁၀၀ ပုလင်းထဲထည့်ပြီး လှုပ်ကြည့်တဲ့အခါ

ပုရွက်ဆိတ် အမဲ အကောင် ၁၀၀ နဲ့ အနီ အကောင် ၁၀၀ ကို ဖန်ပုလင်းတခုထဲ ထည့်ထားလိုက်ရင် ပုရွက်ဆိတ် အမဲ အကောင် ၁၀၀ နဲ့ အနီ အကောင် ၁၀၀ ကို ဖန်ပုလင်း တခု ထဲ ထည့်ရင် ဘာမှ မဖြစ်ပါဘူး။ ဒါပေမဲ့ ခင်ဗျားက ဖန်ပုလင်း ကို ခပ်ကြမ်းကြမ်း လေး လှုပ်ပြီး ပုရွက်ဆိတ်တွေ ကို စားပွဲ ပေါ် လွှတ်ပေး လိုက်တာနဲ့ သည်ကောင်တွေ တကောင်နဲ့ တကောင်တိုက်ခိုက်သတ်ဖြတ်ကြတော့တာပါပဲ။ ပုရွက်ဆိတ် အနီကောင်တွေ က အမဲ ကောင်တွေ ကို ရန်သူလို့ ထင်သွား တဲ့ အချိန်မှာ ပုရွက်ဆိတ် အမဲကောင်တွေက လည်း […]

ဗဟုသုတ

ခေါက်ဆွဲခြောက်စားတာ ကြိုက်တဲ့သူတို့အတွက် ဆင်ခြင်ရအောင်လို့ တင်ပေးလိုက်ပါတယ်

ခေါက်ဆွဲခြောက်စားတာ ကြိုက်တဲ့သူတို့အတွက် ဆင်ခြင်ရအောင်လို့ တင်ပေးလိုက်ပါတယ် အသင့်စား ခေါက်ဆွဲများ များများစားသုံးပါက ခံစားရမယ့် အကျိုးရလာဒ်များ အလုပ်များတဲ့နေ့တွေမှာ အသင့်စား ခေါက်ဆွဲပြုတ်တွေပဲ အမြဲတမ်း လုပ်စားဖြစ်နေပြီလား။ ဒါဆိုရင်တော့ သင့်ရဲ့ကျန်းမာရေးအတွက် သေချာဆန်းစစ်ပေးဖို့ လိုအပ်နေပါပြီ။ တာရှည်ခံ ခေါက်ဆွဲခြောက်တွေကို များများစားသုံးမိပါက ကျန်းမာရေးအတွက် ဘယ်လိုထိခိုက်နိုင်သလဲဆိုတာကို စာဖတ်သူတို့အတွက် ဝေမျှပေးချင်ပါတယ်။ အငန်ဓာတ် လွန်ကဲနေခြင်း အသင့်စား ခေါက်ဆွဲခြောက်မှာ ဗီတာမင်ဓာတ်၊ အမျှင်ဓာတ်၊ သတ္တုဓာတ် စတဲ့ အာဟာရဓာတ်များ လုံးဝမပါဝင်ပါဘူး။ ဒါပေမဲ့ ဆိုဒီယမ်ဓာတ်နှင့် ကာဘိုဟိုက်ဒြိုက်ဓာတ်များ လွန်ကဲစွာပါဝင်ပါတယ်။ ဒါ့ကြောင့် လွန်ကဲစွာ စားသုံးမိမယ်ဆိုရင်တော့ သွေးတိုးရောဂါ၊ အဝလွန်ရောဂါတို့ကို ခံစားရစေနိုင်ပါတယ်။ အစာချေစနစ်ကို နှောင့်နှေးစေခြင်း အသင့်စား ခေါက်ဆွဲများကို ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့အတွက်ကြောင့် စားသုံးပြီးတဲ့နောက်မှာတော့ အစာအိမ်ထဲမှာ အချိန်အကြာကြီး ရှိနေမှာပဲဖြစ်ပါတယ်။ […]

ဗဟုသုတ

ပုံမှန် ဝင်ငွေရှိပြီး လက်ထဲမှာ ပိုက်ဆံ မစုမိသူများ အတွက် ဒါလေးတွေ လုပ်လိုက်ပါ အိုကေသွားလိမ့်မယ်နော်

ပုံမှန် ဝင်ငွေရှိပြီး လက်ထဲမှာ ပိုက်ဆံ မစုမိသူများ အတွက် ဒါလေတွေ လုပ်လိုက်ပါ အိုကေသွားလိမ့်မယ်နော် ပုံမှန် ဝင်ငွေရှိပြီး လက်ထဲမှာ ပိုက်ဆံ မစုမိသူများ အတွက် ပိုက်ဆံ စုတယ် ဆိုတာ ရည်မှန်းချက် တစ်ခု ထားပြီး ရေရှည် တည်ဆောက် ထားသင့်တဲ့ အလေ့အကျင့် တစ်ခုဖြစ်ပါတယ်… ။ ငွေကြေး အောင်မြင်မှုမှာ ပိုက်ဆံ ဘယ်လောက် ဝင်တယ် ဆိုတာထက် ဘယ်လောက် စုနိုင်တယ် ဆိုတာက ပိုအရေးကြီးပါတယ်… ။ လူတွေက မဝင်သေးတဲ့ ပိုက်ဆံကို မျှော်ကိုးပြီး အကြွေး ယူတတ်ကြတယ်… ။ ဒါက အဓိက မှားယွင်းနေတဲ့ အချက်ပဲ… ။ ကျွန်တော်တို့တွေ ပိုက်ဆံစုနေတဲ့အချိန်မှာ ဘယ်လို ဗျူဟာတွေ သုံးရမလဲဆိုတာ […]

ဗဟုသုတ

ဘယ်နေရာရောက်ရောက် သင့်ကို လူချစ်လူခင်တိုးလာစေမယ့် စကားပြောနည်း (၆) မျိူး

စတင်ဆက်ဆံရတဲ့အခါမှာ ဘယ်လိုစကားစပြောရမလဲ ၊ ဘာအကြောင်းအရာကိုပြောရမလဲ စသည်ဖြင့်တွေဝေပြီး ဘယ်သူနဲ့မှမရင်းနှီး မိတ်ဆွေမဖွဲ့မိပဲနေတတ်ကြပါတယ် ။ ဒီလိုဆိုရင်တော့ တစ်ဖက်လူတွေက သင်ဟာ တစ်ကိုယ်ကောင်းဆန်တဲ့သူ ၊ တစ် ယောက်တည်း သီးသန့်နေချင်တဲ့သူအဖြစ်မြင်သွားနိုင်ပါတယ်နော်။ ကျောင်းပြောင်းတာပဲဖြစ်ဖြစ် ၊ အလုပ်ပြောင်းသွားတာပဲဖြစ်ဖြစ် မိတ်ဆွေအသစ် ၊ သူငယ်ချင်းအသစ်တွေနဲ့ထိတွေ့ဆက်ဆံဖို့ခက်နေတဲ့သူတွေအတွက် မိတ်ဆွေကောင်းတွေရစေဖို့ စကားပြောနည်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်…။ (၁)ဘယ်လိုစကားစရမလဲသိပါစေ – လူတစ်ယောက်နဲ့ စကားစမပြောခင်မှာ သူ့ရဲ့အနေအထား ပတ်ဝန်းကျင်ကို အရင်အကဲခတ်ပါ ။ စကားပြောမယ့်သူနဲ့ သက် ဆိုင်တဲ့ အကြောင်းအရာကိုစပြောတာက အကောင်းဆုံးပါပဲ။ ဥပမာ-စာအုပ်ကိုင်ထားတဲ့သူ ၊ ကော်ဖီသောက်နေတဲ့သူတို့ဆိုရင် ဒီကော်ဖီလေးကောင်းလား ၊ ဒီစာအုပ်လေး ဘယ်မှာဝယ်လဲ စသဖြင့် စကားစပြောလို့ရပါတယ်။ (၂)စကားပြောတဲ့အခါ သက်သောင့်သက်သာဖြစ်နေပါစေ – မွေး ရပ်မြေ၊ လက်ရှိနေနေတဲ့နေရာတွေကို အစချီပြီး စကားပြောပေးတာက တစ်ဖက်လူကို […]

ဗဟုသုတ

တစ်နေ့ကို အလှသုံးမျိူးပြောင်းတဲ့ ရာဇဝင်ထဲက သုံးပန်လှမင်းသမီးလေးရဲ့ ကြေကွဲဖွယ်ဘဝဇာတ်လမ်း

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။ စာဖတ်သူတို့အတွက် ဒီတစ်ခါမှာတော့ ရာဇဝင်ထဲက သုံးပန်လှမင်းသမီးလေးရဲ့သမိုင်းအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ ရာဇဝင်ထဲက သုံးပန်လှမင်းသမီးလေး ရဲ့ နေရပ် ဖြစ်တဲ့ လက်သည်းရေကန် နဲ့ ဟောင်းနွမ်းယိုယွင်းနေပေမဲ့ လှပနေဆဲ သုံးပန်လှကျောင်းတိုက်ရဲ့ ဝမ်းနည်းစရာ ဒဏ္ဍာရီလေး ကို ပြောပြရင်း ယဉ်ကျေးမှုသမိုင်းကြောင်းတွေ ထုံလွှမ်းနေတဲ့ သရေခေတ္တရာ အကြောင်းတွေကတော့ ကျွန်တော်တို့ရဲ့ အိပ်ယာဝင်ပုံပြင်တွေဖြစ်ခဲ့ဘူးတယ်ဆိုရင်လည်းမမှားပါဘူး။ သုံးပန်လှမင်းသမီးလေး ကို ရှင်စောဖြူ ထိပ်ထားလို့လည်း ခေါ်ပါတယ်။ဒီမင်းသမီးလေးကို သုံးပန်လှလို့ အမည်တွင်ရတဲ့အကြောင်းက မင်းသမီးလေးဟာ နေထွက်စမှာ ရွှေအဆင်းရှိသလို မွန်းတည့်ချိန်မှာ ပွင့်လန်းနေတဲ့ ပန်းကလေးရဲ့အလှမျိုးရှိကာဆည်းဆာအချိန်မှာတော့ ကိုယ်ယောင်ကိုယ်ဝါထွန်းလင်းနေသယောင် ထင်မှတ်မှားရတဲ့အထိ ဖြစ်ရတာကြောင့် ပုံစံသုံးမျိုးနဲ့ လှတဲ့ သုံးပန်လှမင်းသမီးလေးရယ်လို့ အမည်တွင်ရတာဖြစ်ပါတယ် ။သူမဟာ သရေခေတ္တရာရဲ့ အနီးအပါးတိုင်းပြည်ငယ်ဖြစ်ခဲ့တဲ့ တောင်ညိုဘုရင်ရဲ့ နှမတော် ဖြစ်ပါတယ် ။ […]

ဗဟုသုတ

သွေးလှူရှင်တောင် အံ့သြလောက်အောင် ခေါင်းထောင်ကြည့်ခဲ့ရသည့် အဖြစ်အပျက်

သွေးလှူရှင်တောင် အံ့သြလောက်အောင် ခေါင်းထောင်ကြည့်ခဲ့ရသည့် အဖြစ်အပျက် ကြည်နူးစရာပုရိပ်တစ်ခု…ဤပုံကိုကြည့်ပါ…..တန်ဖိုးသိသူတိုင်း မြင်နိုင်ပါသည်။ သွေးသည်အသက် အသက်သည်သွေး မိမိအသက်ရှင်ရေးအတွက် လာရောက်လှူဒါန်းပေးသော သွေးလှူရှင်အားလာရောက်ကန်တော့နေသည်မှာ အရွယ်နှင့်မမျှ ကျေးဇူးတရား သိတက်ပုံကိုပြသလိုက်သည်မှာသွေးလှူရှင် အံ့သြလောက် အောင်ခေါင်းထောင်ကြည့်ပြီး ဝမ်းသာပီတိဖြစ်ရမည်မှာ မလွဲဧကန်ပါ… ဆင်းရဲပေမဲ့ကျေးဇူးတရားသိတက်လှပေသည်။သွေးတစက်၏တန်ဖိုးကို သိတက်သည့် လူဆင်းရဲ၏… မိသားစုက ပေါက်ဖွားလာသော သမီးဖြစ် နိုင်ပါသည်။တန်ဖိုးသိမှ တန်ဖိုးရှိနိုင်ပါသည်။ တန်ဖိုးမသိက တန်ဖိုးဆုံရှုးနိုင်ပါသည်။တချို့သောသူများသည် မိမိအခက်အခဲမိမိအတ္တကိုရှေ့တန်းတင်ကြသည်။ တချို့ကငွေဂုဏ်မောက်ပြီး မာန်တက်နေကြသည်။တချို့က မတူသလို မတန်သလိုဆက်ဆံကြသည်။ တချို့က လိုသုံးလုပ်ကြသည်။တချို့က မယုံကြည်သလိုနှင့်မေးခွန်းပေါင်းများစွာ မေးကြသည်။တချို့က ရန်တွေ့ကြသည်။ လူအမျိုးမျိုးရှိကြသည်။ကျေးဇူတင်ရကောင်းမှန်း မသိကြပါ။ဤနေရာ ကျွန်ုပ်သာဆိုလျင် ဝမ်းသာပီတိမျက်ရည်ကျမိမှာ အမှန်ပင်….. ကလေးမိဘများလည်း ဝမ်းသာပီတိမျက်ရည်ကျမိမယ် ထင်ပါသည်။ ဒါဟာ ပရဟိတသမားများနှင့်သွေးလှူ ရှင်တို့ပီတိကိုစားအားရှိပါ၏။သမီးလေးဘယ်မှာနေ၍ ဘယ်ဆေးရုံတက်နေသည်တော့ မသိပါ…. နာမည်လဲ မသိပါ။ဤပုံကိုတွေ့၍ တန်ဖိုးမသိတဲ့သူများ […]

ဗဟုသုတ

သင့်အိမ်မှာ ခြင်တွေ အရမ်းပေါနေလာ.ခြင်မကိုက်စေမယ့် ထူးထူးဆန်းဆန်း နည်းလမ်းတွေ မျှဝေပေးလိုက်ပါတယ်….

သင့်အိမ်မှာ ခြင်တွေ အရမ်းပေါနေလာ ခြင်မကိုက်စေမယ့် ထူးထူးဆန်းဆန်း နည်းလမ်းတွေ မျှဝေပေးလိုက်ပါတယ်ခြင်မကိုက်ရအောင် ခြင်ကိုက်တဲ့အခါ ယားယံတာ၊ ယောင်ရမ်းတာတွေအပြင် များစွာသောရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လွယ်ကူရိုးရှင်းတဲ့ ခြင်မကိုက်စေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ် (၁) ကြက်သွန်ဖြူစားပါ ကြက်သွန်ဖြူအနံ့ကို ခြင်တွေအပြင် တခြားအငး်ဆက်ပိုးမွှားတွေက မခံနိုင်ဘူးလို့ သိရပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူစားပေးခြင်းဖြင့် သင့်ရဲ့ ခံတွင်းမှာ ကျန်နေတဲ့အနံ့ကြောင့် ခြင်တွေက သင့်အနားကို လာတော့မှာ မဟုတ်ပါဘူး (၂) ပန်းသီးရှာလကာ ပန်းသီးရှာလကာရည်ကို ချဉ်တာမကြိုက်လျှင် ပျားရည်အနည်းငယ်ရောပြီး ရေတစ်ဖန်ခွက်နှင့် ဖျော်သောက်လိုက်ရင် သင်သတိမထားမိခင်မှာ သင့်ခန္ဓာကိုယ်ကနေ အဲ့ဒီ့အနံ့ထွက်လာမှာပါ။ သင်ကတော့ အဲ့ဒီ့အနံ့ကိုရမှာမဟုတ်ပေမယ့် ခြင်တွေကတော့ အနံ့ရတဲ့အတွက် သင့်ကိုကိုက်တော့မှာ မဟုတ်ပါဘူး (၃) သံပုရာနှင့်လေးညှင့်ပွင့် သံပုရာကို တစ်ခြမ်းခြမ်းလိုက်ပြီး လေးညှင်းပွင့် (၆) […]

ဗဟုသုတ

မောင်းနေရင်း ရုတ်တရက်ကားဘရိတ်ပေါက်သွားခဲ့ရင် အရေးပေါ်လုပ်သင့်တဲ့အချက် (၅) ချက်

Unicode အရေးပေါ်ကားဘရိတ်ပေါက်သွားရင် ဘာလုပ်သင့်လဲ? ကားစတီယာရင်ကိုကိုင်နေတဲ့ လူတိုင်းသိထားသင့်တဲ့ အချက်လေးတွေ ဖြစ်လို့ ပြန်လည်မျှဝေပေးချင်ပါတယ်။ အခြေခံအားဖြင့်တော့ ကားမှာပုံမှန်ဘီးလေးဘီး စလုံးအလုပ်လုပ်တဲ့ a- Hydraulic Brake – ဘရိတ်ဆီ Fluid Pressure နဲ့ ကားဘီးလေးဘီးကို ထိန်းချူပ်ပါတယ်။ b- Electromagnetic Brake – Electric Motor နဲ့ ကားကို ထိန်းချူပ်ပါတယ်။ အထူးသဖြင့် Fuel + Battery Hybrid Car တွေမှာပါပါတယ်။ c- Servo Brake – Vacuum Pressure နဲ့ ကားဘီးလေးဘီးကို ထိန်းချူပ်ပါတယ်။ အစရှိတဲ့ ဘရိတ်စနစ်တွေထဲက တစ်ခုခုပါပါတယ်။ တကယ်လို့များ တခုခုချွတ်ယွင်းသွားလို့ ဘရိတ်ပေါက်သွားခဲ့ရင် အခုပြောပြပေးမဲ့ SOP အရေးပေါ်လုပ်ဆောင်ချက်တွေကို […]

ဗဟုသုတ

အလွတ်ကျက် ပညာရေးစနစ်ရဲ့ အားနည်းချက်ကို ထောက်ပြလိုက်တဲ့ မူလတန်း ကျောင်းသားလေး (တသက်လုံး အလွတ်ကျက်လာတာ ဒီလို မစဉ်းစားမိဘူး)…

“ကုဋေရှစ်ဆယ်သူဌေးသားက သိပ်သနားဖို့ကောင်းတယ်နော်ဆရာမ” မျက်ထောက်နီနဲ့ကြည့်တဲ့အကြည့် ကျွန်တော်သိတယ်။ “နင်ကဘာသနားတာလဲ” “နင်သာလူမိုက် ဒုစရိုက်တဲ့လားဆရာမရယ် သူက ဘာမဟုတ်တာလုပ်လို့လဲ” ဆရာမ မျက်လုံးပြူးပြီးကြည့်တယ် ဘာမှမပြောသေးဘူး “ သူ့ရှိတဲ့ ပိုက်ဆံလည်းအခိုးခံရတယ် လူတွေကကျေးဇူးတရား နားမလည်ကြဘူးနော်” “သူကပညာမှမတတ်တာ” “ပညာမတတ်ရင် နှလုံးသားမဲ့ရောလားဆရာမ သူ့ပစ္စည်းတွေ အခိုးခံရတာတောင် ပြန်ပြီး မခိုးရကောင်းမှန်းသိလို့ မလုရကောင်းမှန်း သိလို့တောင်းစားတာလေ ဘာလို့ဝိုင်း-ိုက်တာလဲ” “အဲ့ဒါ” “သားကတော့ အဲ့ဒိလူ့ပါတ်ဝန်းကျင်ကိုပဲ အမြင်ကတ်တာ… သူတို့လည်းပညာမဲ့လောက်တယ် . .ပညာတင်မကဘူး နှလုံးသားလည်းမဲ့လောက်တယ်” “ဘာ” “သားမေးပါရစေ အဲ့ဒီကဗျာကသူဋ္ဌေးသားကို အကောင်းပြောတာလား မကောင်းပြောတာလား” “ဟို…မကောင်းပြောတာလေသားရဲ့” “ဒါဆို သူ့ဝိုင်း-ိုက်တဲ့သူတွေကကောင်းတယ်ပေါ့” “ကဗျာက ပညာမဲ့တာကို မကောင်းပြောတာလေ” “နှလုံးသားမဲ့တာကျတော့ရော၊ စာနာစိတ်မဲ့တာကျတော့ရော၊ မြေနိမ့်ရာလှံစိုက်တာကျတော့ရော၊ ကူညီရကောင်းမှန်းမသိတာကျတော့ရော” “ကဗျာရဲ့ဆိုလိုရင်းကို သားသိအောင်ကြိုးစား” “ဆရာမ ဒီမှာကြည့်” “နင် […]

ဗဟုသုတ

သွွားဆရာဝန်ဆီကို အပျိုကြီးတစ်ယောက် သွားနှုတ်ဖို့ရောက်လာသောအခါ …

သွားဆရာဝန်ဆီကို အပျိုကြီးတစ်ယောက် သွားနုတ်ဖို့ရောက်လာတယ်။ သူမကိုကြည့်ရတာ ကြောက်နေပုံရတာနဲ့ ဆရာဝန်က ဟာသတစ်ခုလောက်ပြောဖို့ ဆုံးဖြတ်လိုက်တယ်။ စင်ပေါ်က ရာဘာလက်အိတ်ကို ယူဝတ်ရင်း မေးလိုက်တယ်။ဒီလက်အိတ်တွေဘယ်လိုထုတ်လုပ်သလဲ သိလားဗျ … “ဟင့်အင်း မသိဘူးဆရာ …” ဒီလိုဗျ စက်ရုံမှာ ကြက်ပေါင်စေးတွေကျိုထားတဲ့ စည်ကြီးတွေရှိတယ်။ အလုပ်သမားတွေက သူတို့လက်တွေကိုစည်ထဲနှစ်လိုက်ရတယ်ဗျ။ ပြီးမှလက်ကိုအခြောက်ခံပြီး ခြောက်သွားတဲ့အခါ အရေခွံခွာသလိုဖြည်းဖြည်းချင်း ဆွဲချွတ်ကြရတယ်… ပြီးရင်တော့ ကြီးငယ်လတ် အဆင့်ခွဲထားတဲ့ သေတ္တာတွေထဲပစ်ထည့်လိုက်ကြတာပေါ့ဗျာ” စကားဆုံးတော့ အပျိုကြီး ရယ်ဖို့ဝေးလို့ ပြုံးတောင်မှမပြုံးဘူး။အေးလေ ဘယ်တတ်နိုင်မလဲ။ ငါလည်း သူစိတ်ကြည်အောင် ကြိုးစားခဲ့သားပဲဒါနဲ့ ဆရာဝန်ကသွားနုတ်ဖို့ဆက်လုပ်တယ်။ သွားနုတ်ခါနီးအရေးကြီးဆုံးအချိန်ရောက်မှ အပျိုကြီးက ဗြဲခနဲ ထရယ်တယ်။ ခွက်ထိုးခွက်လန်ကို ရယ်တာပါ။ “ဟ ဘာဖြစ်တာတုန်းဗျ” “ကျမ စဉ်းစားမိသွားလို့ပါဆရာ”ဘာကို စဉ်းစားမိတာတုန်း…!!!!! ကွန်ဒုံးတွေဘယ်လိုထုတ်လုပ်သလဲ ဆိုတာကိုလေ ဟီးဟီး တော်တော်ပူမှာ…. […]