ဟာသ

သရဲ​ခြောက်သည်ဟု​နာမည်​ကြီးသော သင်္ချိုင်းထဲမှ စက်ဘီးဖြတ်စီးမိသူတစ်ယောက်ရဲ့ အဖြစ်

စက်​ဘီး ချိန်းကျသွားပြီ ။ ဒီသင်္ချိုင်းက သရဲ​ခြောက်သည်ဟု​နာမည်​ကြီး ။ မလွဲသာ၍ ဒီသင်္ချိုင်း ကိုဖြတ်​သည့်​လမ်းက သွားရ​တာ။ကြောက်​ကြောက်​နှင့်​တတ်​သမျှဘုရားစာ ရွတ်​ပြီး​ခြေသွက်​သွက်​နင်းလာကာမှ ချိန်းက ကျရ​လေခြင်း ။ ဆက်​နင်း၍မရ ဆင်းတွန်း​ပြေးရ​အောင်​လည်း အဆင်​မ​ပြေ ။ မတတ်​နိုင်​ချိန်းပြန်​တင်​ရ​တော့မည်​။ လပြည့်​ညမို့ ထိန်​ထိန်​သာ​နေသည့်​လမင်းအလင်း​ရောင်​ကြောင့်​ပတ်​၀န်းကျင်​ကိုအထင်းသားမြင်​နေရသည်​။ ထိုမြင်​နေရခြင်းသည်​ကိုပင်​သူ့အတွက်​ကျော့စိမ့်​စရာ ။ အုတ်​ဂူဖြူဖြူ​တွေ​မြေစာပုံ​တွေ ချုံ​တွေကို မကြည့်​မိ​စေရန်​ထိန်းရင်း ချိန်းပြန်​တင်​ဖို့ တုတ်​တို​လေး နှစ်​ချောင်းရှာ​နေမိသည်​။ခွေးအူသံကြား​သော်​လည်း လှမ်းမကြည့်​ရဲ ငှက်​အော်​သံကြား​သော်​လည်း​မော့မကြည့်​ဝံ့ သစ်​ရွက်​လူပ်​သစ်​ကိုင်းရိုက်​သံတို့ကိုလည်း ဂရုမပြုရဲ​ပေ ။ တုတ်​တို​လေး နှစ်​ချောင်း ရပြီမို့ ချိန်းပြန်​တင်​ရန်​လုပ်​သည်​။ ယခင့်​ယခင်​က အလွယ်​တကူပြန်​တင်​၍ရ​သော်​လည်း ယခုတခါခက်​နေသည်​။ချော်​လိုက်​ပြုတ်​လိုက်​ကျလိုက်​နှင့်​အ​တော်​ဂရုစိုက်​တင်​နေသည့်​တိုင်​အဆင်​မ​ပြေ​သေး။ ” ဘာဖြစ်​တာလဲ ” တုတ်​တို​နှစ်​ချောင်းလုံး လွတ်​ကျသွားသည်​။ နှလုံးခုန်​သံတို့သည်​နားစည်​၀တွင်​လာ​စောင့်​သည့်​အလားကျယ်​လောင်​စွာကြား​နေရသည်​။ တကိုယ်​လုံး​ချွေး​စေးပြန်​၍ အသက်​ရူပင်​မ၀ ဖြစ်လာသည်​။ ရဲစိတ်​တင်​ပြီး အသံလာရာန​ဘေးဘက်​ကို ကြည့်လိုက်​သည်​။အသက်​လေးဆယ်​ကျော်​ခန့်ဦး​လေးကြီးတဦး ရပ်​နေသည်​။ ” […]

ဟာသ

” နင့်စကပ်ကို အပေါ်နည်းနည်းတင်ပေးရင် ပိုက်ဆံ တစ်သောင်းပေးမယ် ” ဆိုတဲ့ လူပျိုကြီး ကို ပညာပေးလိုက်တဲ့ ကောင်မလေး…

ကားပေါ်မှာ လူပျိုကြီးနဲ့ကောင်မလေး အတူတူဆုံတော့ ကောင်မလေးက သူ့ခြေသလုံးဝင်းဝင်းလေးကို မမြင် မြင်အောင်ပြတယ်။ အဲဒီမှာ လူပျိုကြီးက အတင့်ရဲပြီး … ” နင့်စကပ်ကို အပေါ်နည်းနည်းတင်ပေးရင် ပိုက်ဆံ တစ်သောင်းပေးမယ် ” ဆိုတော့ …. ကောင်မလေးက ပိုက်ဆံကို တခါတည်းတောင်းပြီးစကပ်ကို အပေါ်တင်ပေးတယ်။ နောက် …ညု တုတုနဲ့ကြည့်ပြီး ကောင်မလေးက ….” ရှင် နောက်ထပ်တစ်သောင်းထပ်ပေးရင် … ရှင့်ကို ကလေးမွေးတဲ့နေရာ ပြမယ် “” ဟာ ” …. လူပျိုကြီး တံတွေးသီးသွားပြီး ပိုက်ဆံ တစ်သောင်းကိုလည်း လျှောလျှောလျူ လျူ ထုတ်ပေးလိုက်တယ်။ ကောင်မလေးက ကားရဲ့ ညာဘက်ခြမ်းကို လက်ညိုးထိုးပြလိုက်တယ်။ ” တွေ့လား… ရန်ကုန်အမျိုးသမီး ဆေးရုံကြီး ” […]