ကျွန်တော် အလုပ်ကပြန်လာတဲ့တစ်နေ့ လမ်းက ဓာတ်တိုင်မှာ စာရွက်အဟောင်းလေး တစ်ရွက်ကပ်ထားတာကိုတွေ့လို့ဖတ်မိလိုက်တယ်။ မသေမသပ် လက်ရေးလေးနဲ့ ခုလိုရေးထားတယ်။ “ကျွန်မ လမ်းသွားရင်း ငွေ ၅၀၀၀ ကျပျောက်သွားလို့ပါ။ တစ်ယောက်ယောက်များတွေ့ခဲ့ရင် ဒီလိပ်စာအတိုင်း ကျေးဇူးပြု၍လာပေးစေလိုပါတယ်။ ကျွန်မက မျက်စိလည်းကောင်းကောင်းမမြင်တဲ့အတွက် ပိုက်ဆံကိုပြန်ရှာဖို့လည်း အဆင်မပြေလို့ပါ။ ကျွန်မကို ကူညီပြီး ပြန်ရှာပေးပါနော်” ဆိုပြီး အောက်နားမှာတော့ လိပ်စာတစ်ခုရေးထားတယ်။ ကျွန်တော်လည်း စိတ်ဝင်စားတာနဲ့ စာထဲကလိပ်စာအတိုင်း သွားကြည့်မိတယ်။ အဲဒီလိပ်စာမှာ အဖွားအိုတစ်ယောက်နေပါတယ်။အဖွားက မျက်စိမမြင်ရပါဘူး။အနားကိုကျွန်တော်ရောက်သွားမှ အဖွားက “ဘယ်သူလဲ” လို့ မေးတယ်။ “ကျွန်တော် အဖွားကျပျောက်သွားတဲ့ ငွေ ၅၀၀၀ ကောက်ရထားလို့ လာပြန်ပေးတာပါ” လို့ ပြောလိုက်တယ်။ ကျွန်တော့်စကားကိုကြားတာနဲ့ အဖွားက မျက်ရည်ကျပါတယ်။ “မင်းနဲ့ဆိုရင် အဖွားကို ငွေ ၅၀၀၀လာပေးတာ အယောက် ၄၀ကျော်သွားပြီ။ဓာတ်တိုင်မှာ […]
အသိပညာ
ဒီပိုစ့်လေးကို ဂရုတွေမှာပဲ ဖြစ်ဖြစ်၊ လိုင်းပေါ်မှာပဲဖြစ်ဖြစ် ရှဲပေးလို့ရမလားခင်ဗျား
ဒီပိုစ့်လေးကို ဂရုတွေမှာပဲ ဖြစ်ဖြစ်၊ လိုင်းပေါ်မှာပဲဖြစ်ဖြစ် ရှဲပေးလို့ရမလားခင်ဗျား ဒီပိုစ့်လေးကို သူငယ်ချင်း၊မိတ်ဆွေသိအောင် ဂရုတွေမှာပဲ ဖြစ်ဖြစ် မက်စင်ဂျာမှာပဲဖြစ်ဖြစ်၊ လိုင်းပေါ်မှာပဲဖြစ်ဖြစ် ရှဲပေးလို့ရမလားခင်ဗျား မကြာခင်မှာ ပဲ သစ်သီးတွေ လိုင်လိုင်ပေါတဲ့ ရာသီကိုရောက်တော့မှာပါ… ဥပမာ သရက်သီး ဒူးရင်းသီး ကနစိုသီး ကြက်မောက်သီး မင်းကွပ်သီး ပိန္နဲသီး အစရှိသဖြင့်ပေါ့…. ကျွန်မ မေတ္တာရပ်ခံချင်တာကတော့…အဲဒီအသီးတွေကို စားပြီးတဲ့အခါ သစ်စေ့လေးတွေကို အမိုက်တွေနဲ့အတူ လွင့်မပစ်ကြပါနဲ့ခင်ဗျာ.. အဲဒီအစ့လေးတွေကို ရေပြောင်အောင်ဆေးပြီး အခြောက်ခံပေးထားပါ.. ကောင်းစွာ ခြောက်သွေ့သွားတဲ့အချိန် သတင်းစာ စက္ကူလေးနဲ့ ထုပ်ပြီး မိတ်ဆွေတို့ရဲ့ ကားထဲမှာ သိမ်းထားပေးပါခင်ဗျ…. ခရီးသွားရင်းနဲ့ပဲ ဖြစ်ဖြစ် မြို့အပြင်ရောက်တဲ့အခါမှာ ဖြစ်ဖြစ်…. ကျေးလက်လမ်းတွေမှာပဲဖြစ်ဖြစ်… ကားလမ်းဘေးက မြေကွက်လပ်တွေမှာပဲဖြစ်ဖြစ်…. အဲဒီနေရာတွေကို ရောက်တဲ့အခါမှာ… သင်သိမ်းထားတဲ့ သစ်စေ့လေးတွေကို လွင့်ပစ်ပေးပါ…. အဲဒီစေ့လေးတွေဟာ […]
အကြွေးဆိုပြီး လျှော့မတွက်လေနှင့်…ဆပ်ဖြစ်အောင်ဆပ်ပါ။ ကြွေးယူပြုံးပြုံးတောင်းတော့မုန်း၏။ အကြွေးဆိုတာ မဆပ်ပဲ နေလျှင်တစ်ဘဝပါ။သို့သော် တစ်ဘဝပဲဆိုပြီးတော့ လျော့မတွက်လိုက်ပါနှင့် မိတ်ဆွေ … ထို အကြွေးကို ကျေအောင်မဆပ်ခဲ့ရင် ဝဋ်ကြွေး ဖြစ်သွားပါလိမ့်မည်။ဝဋ်ကြွေးဆိုသည်ကတော့ထာဝရဆပ်ရမည်မှာ မလွဲပင် ။ရစရာရှိသောသူများသည် မိမိတို့ ကြပ်တည်းလာတိုင်း ရရန်ရှိသော ငွေကြေးများကိုသာ အားကိုးတကြီး မျှော်လင့်ရသည် ။ ကိုယ့်ဆီက မရသောကြောင့် တစ်ပါးသူ အခက်အခဲပေါင်းများစွာနှင့် စိတ်ဆင်းရဲရလေလေကိုယ်ဆပ်ရမည့် ဝဋ်ကြွေးတန်ဖိုးကြီးမားလေလေဖြစ်မည်ကိုလည်း သိစေလိုပါသည် ။ သင်တို့ ရဟန်း ဝတ်ဖူးပေလိမ့်မည်။သင်တို့အသက်၂၀ပြည့်ပြီးလို့ ဒုလ္လဘရဟန်းအနေနဲ့သာသနာ့ဘောင်ကို ဝင်တော့မယ်ဆိုလျှင်သင်တို့ကိုရဟန်းပြုသိမ်ဝင်ပေးမယ့် ဆရာတော်က ” အသင်တို့ဟာ အမှန်တကယ်ကြွေးမှီများ ကင်းရှင်းသူများဖြစ်ကြပါရဲ့လား ” ဆိုပြီး မေးလာခဲ့သည်ရှိသော် ကြွေးမှီများကင်းပါတယ်ဖြစ်ကြောင်းကိုလိပ်ပြာသန့်သန့်ဖြင့်ဖြေနိုင်ဖို့အရေးကြီးသည် ။ ကြွေးပူများ (မိမိမှမပေးရင် တစ်ဖက်လူဒုက္ခရောက်တာ့မယ့်အနေအထား ) ရှိနေခဲ့သော် မြင့်မြတ်သော ရဟန်းအဖြစ်သို့မြတ်စွာဘုရား၏သာသနာမှ လက်မခံပါ […]
မိသားစု ဆိုတာ ဝါး႐ုံလိုပါပဲ…..
မိသားစု ဆိုတာ ဝါးရုံလိုပါပဲ….. ဘယ်နေ့ ဘယ်သူက ဘယ်အလုံးခွဲထွက်ရမယ်ဆိုတာအချိန် အကန့်သတ်မရှိပါဘူး.. အိုမင်းရင့်ရော်တဲ့အထိ အတူတူဆိုတာမဖြစ်နိုင်ပါဘူး.. အချိန်တန်တော့ ဝါးတွေလည်း သူ့မိသားစုကိုခွဲခွာကြရတယ်.. အချို့ အလုံးက ခေါင်မိုးမှာရောက်ချင်ရောက်မယ်အချို့အလုံးကလည်း အဝတ်ကြိုးတန်း အချို့အလုံးကလည်း စည်းရိုး၊အချို့အလုံးကလည်း ဖြာ၊အချို့အလုံးကလည်း နှီး၊အချို့ အလုံးက လည်း တံတား၊အလိုလိုနဲ့ သူ့နေရာနဲ့ သူ ရောက်ကုန်ကြရသလိုပေါ့.. မိသားစုတွေလည်း ဒီလိုပါပဲအချိန်တန် အရွယ်ရောက်လာတော့တစ်နေရာဆီ ရောက်ကြရမှာသဘာဝ ပါ.. အဲ့တာ ကြောင့်အတူရှိနေတုန်းက မမုန်းကြနဲ့ မဆဲကြနဲ့ မရှိတော့မှ ဝေးသွားကြမှချစ်တော့ ဘာထူးလဲ.. တနေရာဆီ မရောက်ခင်ချစ်ကြပါမေတ္တာ ထားပါ မုန်းကြပါနဲ့..မိသားစုဆိုတာ ကံကောင်းလွန်းလို့ မိသားစုဖြစ်ရတာပါ.. အချို့တွေကဝေးသွားမှ တမ်းတ မရှိတော့မှ တန်ဖိုးနားလည်တတ်လို့ပါ..အချိန်တန်ရင် မခွဲချင်လည်းခွဲကြရတာမို့တန်ဖိုးထားပါ နော်…. ပျော်ရွင်သောမိသားစုတွေ ဖြစ်ကြပါစေ…။ credit Zawgyi မိသားစု […]
စိတ်ဆန္ဒကို ဦးစားပေးခဲ့မိတဲ့ အိမ်ထောင်သည် အစ်မကြီးတစ်ယောက်ရဲ့ တောင်းဆိုချက်အရ တင်ပေးလိုက်ပါပြီ
စိတ်ဆန္ဒကို ဦးစားပေးခဲ့မိတဲ့ အိမ်ထောင်သည် အစ်မကြီးတစ်ယောက်ရဲ့ တောင်းဆိုချက်အရ တင်ပေးလိုက်ပါပြီ နောက်အိမ်ထောင်ပြုတဲ့ ဖခင် ၊မိခင်တိုင်း လိုလို အများစု ဘဝဇာတ်သိမ်း မကောင်းကြပါဘူး …။ ကျန်ရစ်ခဲ့တဲ့ အမေ့ အဖေ့ကို အသနားပိုပြီး သားသမီးများက ပိုချစ်ကြတယ် …။ အသိစိတ်က အဖေ အမေ ဆိုပေမယ့် မသိစိတ်ကကြည်ညိုလို့ မရတဲ့ ဖခင်၊မိခင် ဖြစ်နေတာပါ …။ အသိစိတ်က သွေးသား တော်စပ်ပေမယ့် မသိစိတ်က သူစိမ်းတစ်ယောက် လိုဘာ ခံစားချက်မှမရှိသလောက် ဖြစ်နေတော့တာပါ …။ အသက် အရွယ်ကြီးလာတာနဲ့အမျှ သားရင်း သမီးရင်းဆိုတာ အနားမှာ ကပ်ကြမှာ မဟုတ်တော့ပါဘူး …။ ကိုယ့်ကိုပစ်ထားခဲ့တဲ့ နာကြည်းချက် အနာဟောင်းက ပြန်ကုစားလို့ မရနိုင်တော့လို့ပါ။ ” အဖေ အမေ […]
အကယ်၍ ကျွန်မယောက်ျားသာ အငယ်အနှောင်း တွေ့နေခဲ့ရင်
အကယ်၍ ကျွန်မယောက်ျားသာ အငယ်အနှောင်း တွေ့နေခဲ့ရင် ဟိုမယားငယ်မလဲ ပါးမရိုက်ဘူး။ ကိုယ့်ယောက်ျားလဲ ဘာမှမလုပ်ဘူး။ ကိုယ့်ခွန်အားကို သူတို့ ကို ရိုက်နှက် မသုံးတော့ဘူး။ တခုလတ်မ ဘဝနဲ့ မနက်ဖြန်တွေကို ကျော်ဖြတ်ဖို့ ခွန်အား ချန်ထားလိုက်တော့မယ်။ ကွာရှင်းခွင့်ပဲ တောင်းလိုက်မယ်။ အပျော်အပါးမယားပဲ ရှုပ်ရှုပ်.. သာယာလို့ နောက်မယားပဲ တွေ့တွေ့ ။ အဓိကက ကာယကံရှင် ကိုယ့်ယောကျာ်းက တရားခံပဲ။ အဲမိန်းကလေးကရော လက်ခံရက်လို့ လက်ခံရင် သူ့ဘဝနဲ့သူ သွားလိမ့်မယ်။ ကျွန်မ budhabartharwin တယောက်အနေနဲ့ ဝဋ်ဆိုတာ လက်ခံတယ်။ တောင်းပန်ပါတယ် နောက်မလုပ်ပါဘူး ဆိုပီး ပြန်လာပြောလဲ ကျွန်မတို့ မိန်းမတွေသာ မှားခဲ့ရင် ရှင်တို့ ယောက်ျား လက်ခံနိုင်မလားပဲ မေးချင်တယ်။ ကိုယ်တွေမိန်းမ ရွံတာထက် သူတို့ယောကျာ်း […]
နောင်တချိန် ငါ့သမီးလေးကို ပြောပြရမယ် (သမီးရှိတဲ့ မိဘများ ဖတ်ဖြစ်အောင် ဖတ်သွားပါ)
တချိန် ငါ့သမီးလေးကို ပြောပြရမယ် ထမင်းစားဖို့ လင်ယူစရာမလိုတဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ တချိန် သမီးလေး သိဖို့”ကိစ္စမရှိဘူး ငါတို့က အချိန်တန်ယောက်ျားယူမှာ ယောက်ျားက ရှာကျွေးလိမ့်မယ်”တဲ့ဘာရယ်မဟုတ် ပြုံးတော့ပြုံးမိသား….😃 ၁၆နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့အတွေးက သိပ်ရိုးရှင်းတယ်လို့ တွေးရင်တွေးလို့ရသလို အန္တရာယ်များလိုက်တာလို့ တွေးရင်လည်းတွေးလို့ရနိုင်တာကိုး…. သမီးတို့အနေနဲ့ ယောက်ျားနောက်လိုက်သွားရုံနဲ့ အရာရာ အဆင်ပြေသွားမယ်လို့ ထင်နေကြတာတွေ ထမင်းစားဖို့အတွက် ယောက်ျားယူလိုက်မယ်လို့ ခပ်လွယ်လွယ်တွေးလိုက်တာတွေ သိပ်များနေပြီလားလို့လည်းတွေးမိပါ့…ခုခေတ် ယောက်ျားတွေ(အများစု)က အတွေးအမြင်တွေ ပြောင်းကုန်ကြတာသမီးတို့မသိသေးတာလား? ယောက်ျားတွေက အလုပ်ရှိတဲ့မိန်းကလေး ကိုယ်က သိပ်ရုန်းပေးစရာမလိုတဲ့ မိန်းကလေးကို ပိုသဘောကျကြတယ်ဆိုတာ.. .ငွေရှိရင်ရှိ မရှိရင်ပညာတတ်ရာထူးရှိမှ ပိုသဘောကျကြတယ်ဆိုတာ…အလုပ်လုပ်တတ် စီးပွားရှာတတ် အမြင်ကျယ်တဲ့ မိန်းကလေးကိုမှ ပိုတွဲချင်ကြတယ်ဆိုတာ.. သူတို့ကိုအစစအရာရာ သိပ်မမှီခိုတဲ့ အရည်အချင်းရှိတဲ့ မိန်းကလေးကိုမှ တန်ဖိုးပိုထားကြတယ်ဆိုတာ…ငါ့သမီးတို့သိအောင်ပြောပြချင်ပါဘိ… ယောက်ျားလုပ်စာလက်ဖြန့်တောင်းပြီး အိမ်မှာပဲ ထမင်းချက် […]
” သူတစ်ပါး အိမ်ထောင်ကို ဖြိုခွဲခဲ့တဲ့သူ (သို့) မယားငယ်တွေ ခံစားရမယ့် ပူလောင်ခြင်းဝဋ် (၅) မျိုး “ …
” သူတစ်ပါး အိမ်ထောင်ကို ဖြိုခွဲခဲ့တဲ့သူ (သို့) မယားငယ်တွေ ခံစားရမယ့် ပူလောင်ခြင်းဝဋ် (၅) မျိုး “ … လောကမှာ ကြောက်စရာအကောင်းဆုံးနဲ့ အယုတ်ညံ့ ဆုံးလုပ်ရပ်တွေထဲမှာသူတစ်ပါး အိမ်ထောင်ကိုဖြိုခွဲတာ လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီလိုလူတွေက ယာယီတော့ ပျော်ရွှင်ရမယ်.. ဒါပေမယ့် ဘယ်တော့မှ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုကိုရရှိမှာ မဟုတ်ပါဘူး သူတစ်ပါးမိသားစုကို ဖြိုခွဲတဲ့သူတွေ၊ ဖောက်ပြန်တဲ့သူ တွေခံစားရမယ့် အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ အားလုံးလည်း သတိထားဆင်ခြင်နိုင်ကြပါစေ… (၁) ပူလောင်ခြင်း … သူတစ်ပါး အိမ်ထောင်ကို ဖြိုခွဲတဲ့သူတွေနဲ့ ဖောက်ပြန်တဲ့ သူတွေ အမြဲတမ်းခံစားနေရမယ့် အရာကတော့ ပူလောင် ခြင်းပါပဲ သူတို့ရင်ထဲမှာ နောင်တရသလိုလို၊ ကျေနပ်သလိုလို မှားနေသလိုလို၊ မှန်နေပြန်သလိုလို မသေချာမရေရာ တဲ့ခံစားချက်တွေ အမျိုးမျိုးဖြစ်နေပြီး […]
ဘယ်သားသမီးကိုမှ မပြောချင်ခဲ့တဲ့ ဖခင်တို့ရဲ့ ရင်တွင်းစကားများ
အဖေတွေရဲ့ ရင်ထဲမှာ ရှိနေပေမယ့် သားသမီး တွေကိုပြောမထွက်တဲ့ စကားများ ဘယ်သားသမီးကိုမှ မပြောချင်ခဲ့တဲ့ ဖခင်တို့ရဲ့ ရင်တွင်းစကားများ သားသမီးဆိုတာ ရေချိုးပေးတဲ့ အမေ့ကိုသာချစ်တတ်ကြတာ။ စဥ့်အိုးထဲကို ရေအပြည့် ထမ်းထည့်ပေးထားတဲ့ ကျုပ်တို့ဖခင်တွေကိုတော့ ချစ်ရကောင်းမှန်းမသိကြဘူး ။ သူတို့အမေကလည်း သင်မပေးဘူး ။သားသမီးတွေရဲ့ ပါးစပ်ထဲကို ထမင်းတွေခွံကျွေးတဲ့ အမေ ၊ထမင်းပန်းကန်ထဲကို ထမင်းခူးပေးတဲ့အမေ ၊ မီးဖိုချောင်ထဲက တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေတဲ့အမေ ။ သူတို့အမေကိုတော့ သူတို့ကချစ်လိုက်ကြတာ။ ချစ်ကြမှာပေါ့..သူတို့အမေအလုပ်လုပ်နေတာကို မြင်တွေ့နေရတာကိုးး။ အဲ့ဒိထမင်းတွေဖြစ်လာဖို့ ကျုပ်တို့ ဘယ်လောက်အထိ သူတို့ကွယ်ရာမှာ အလုပ်လုပ်နေရတယ်ဆိုတာ သူတို့မတွေးမိဘူး.. သားသမီးဆိုတာ သူတို့အမေရဲ့ နို့ဖိုးကိုသာ မြင်လွယ်ကြတာပါဗျာ ။ ကျုပ်တို့လို ဖခင်တွေရဲ့ ချွေးဖိုးကိုတော့ တန်ဖိုးထားရကောင်းမှန်း မသိကြပါဘူး ။ တသက်လုံးစို့နေတဲ့ ချွေးကို […]
အဖေ့ရဲ့လက်ဝါး (အရမ်းကောင်းလို့ အချိန်ခဏပေးပြီးဖတ်ကြည့်ပါ)
တခါကကုမ္ပဏီကြီးတစ်ခုတွင် မန်နေဂျာရာထူးအတွက် လူတွေ့စစ်ဆေးပွဲကို ကျင်းပပြုလုပ်နေသည်၊၊ လူငယ်လေးတစ်ယောက်ကို ဒါရိုက်တာအဖွဲ့က နောက်ဆုံးအဆင့်အနေဖြင့် အင်တာဗျူးရန် ခေါ်တွေ့သည် ၊၊ ဒါရိုက်တာတစ်ဦးက လူငယ်လေး၏ စီဗွီဖောင်အားဖတ်လိုက်ပြီး သဘောကျသွားသည် ထိုလူငယ်လေး၏ ပညာအရည်အချင်းနဲ့ ကြိုးစားအားထုတ်ခဲ့မှုများမှာ ဘာမှအပြစ်ပြောစရာမရှိ အလယ်တန်းအဆင့်မှသည် ဘွဲ့ရပြီးသည့်တိုင် သူ၏ပညာအရည်အချင်းက ထိပ်တန်းအဆင့်တွင် ရှိနေခဲ့သည်၊၊ ဒါရိုက်တာကြီးတစ်ဦးက ဒါနဲ့မောင်ရင်က ပညာတော်တော့ ပညာသင်ဆုတွေဘာတွေများ ရခဲ့ဖူးလား ထောက်ပံ့ကြေးတွေ ဘာတွေရခဲ့ဖူးလား မင်းတင်ပြထားတဲ့အချက်တွေထဲမှာ အဲဒါတွေ မပါလို့ ကျနော်ထောက်ပံ့ကြေးတွေ တစ်ခါမှမရခဲ့ဖူးပါဘူးခင်ဗျာ ဒါဆိုမင်းအဖေက ချမ်းသာလို့လား ဒီမှာတော့အလုပ်သမားလို့ပဲတွေ့တယ်၊၊ သူကဘာလုပ်လဲ ဘွဲ့ရပြီးတဲ့အထိ သူကပဲ မင်းကို ထောက်ပံ့ခဲ့တာပေါ့ ဟုတ်ပါတယ်ဗျ အမေဆုံးသွားပြီးကတည်းက အဖေကပဲ ထောက်ပံ့ပြီး ကျောင်းထားခဲ့တာပါ မင်းအဖေကဘာလုပ်သလဲ ပန်းရံဆရာတစ်ယောက်ပါ ထိုစဉ်ဒါရိုက်တာ တစ်ဦးက ဒီရှေ့ကိုခဏလောက်လာပါအုံး ဟုပြောလိုက်သည်၊၊ လူငယ်လေးက […]









