အကြွေးဆိုပြီး လျှော့မတွက်လေနှင့်…ဆပ်ဖြစ်အောင်ဆပ်ပါ။
ကြွေးယူပြုံးပြုံးတောင်းတော့မုန်း၏။ အကြွေးဆိုတာ မဆပ်ပဲ နေလျှင်တစ်ဘဝပါ။သို့သော် တစ်ဘဝပဲဆိုပြီးတော့ လျော့မတွက်လိုက်ပါနှင့်
မိတ်ဆွေ …
ထို အကြွေးကို ကျေအောင်မဆပ်ခဲ့ရင် ဝဋ်ကြွေး ဖြစ်သွားပါလိမ့်မည်။ဝဋ်ကြွေးဆိုသည်ကတော့ထာဝရဆပ်ရမည်မှာ မလွဲပင် ။ရစရာရှိသောသူများသည် မိမိတို့ ကြပ်တည်းလာတိုင်း ရရန်ရှိသော ငွေကြေးများကိုသာ အားကိုးတကြီး မျှော်လင့်ရသည် ။
ကိုယ့်ဆီက မရသောကြောင့် တစ်ပါးသူ အခက်အခဲပေါင်းများစွာနှင့် စိတ်ဆင်းရဲရလေလေကိုယ်ဆပ်ရမည့် ဝဋ်ကြွေးတန်ဖိုးကြီးမားလေလေဖြစ်မည်ကိုလည်း သိစေလိုပါသည် ။
သင်တို့ ရဟန်း ဝတ်ဖူးပေလိမ့်မည်။သင်တို့အသက်၂၀ပြည့်ပြီးလို့ ဒုလ္လဘရဟန်းအနေနဲ့သာသနာ့ဘောင်ကို ဝင်တော့မယ်ဆိုလျှင်သင်တို့ကိုရဟန်းပြုသိမ်ဝင်ပေးမယ့် ဆရာတော်က
” အသင်တို့ဟာ အမှန်တကယ်ကြွေးမှီများ ကင်းရှင်းသူများဖြစ်ကြပါရဲ့လား ” ဆိုပြီး မေးလာခဲ့သည်ရှိသော် ကြွေးမှီများကင်းပါတယ်ဖြစ်ကြောင်းကိုလိပ်ပြာသန့်သန့်ဖြင့်ဖြေနိုင်ဖို့အရေးကြီးသည် ။
ကြွေးပူများ (မိမိမှမပေးရင် တစ်ဖက်လူဒုက္ခရောက်တာ့မယ့်အနေအထား ) ရှိနေခဲ့သော် မြင့်မြတ်သော ရဟန်းအဖြစ်သို့မြတ်စွာဘုရား၏သာသနာမှ လက်မခံပါ ။
ခြွင်းချက်အနေဖြင့် အကြွေးပင် ရှိနေသော်ငြားလည်း မကျေကျေအောင် ဆပ်မည်ဆိုသူများ သို့မဟုတ် ကြွေးရှင်မှ ကြွေးပူအဖြစ် မသတ်မှတ်ဘဲ အဆင်ပြေသည်အထိ စောင့်ပါမည်ဟု ခွင့်ပြုပေးထားသူများအားရဟန်းအဖြစ်သို့ လက်ခံမည်ဟု ဆိုထားသော်လည်း
ကြွေးမှီများလည်း မကင်းကြ ဆပ်ချင်စိတ်လည်း မရှိသူများအဖို့ကားနည်းလမ်းမရှိနိုင်ပေ။
သူတပါးအားမျက်ရည်ကြီးငယ်ကျစေသောအကုသိုလ်ကံ အကျိုးပေးအဖြစ် မြင့်မြတ်သော ရဟန်းအဖြစ်သို့ရောက်ရမည့် အခွင့်အရေးအားယခုဘဝတွင် လောလောလတ်လတ် ဆုံးရှုံးရမည်ဖြစ်သည် ။
နောက်ဘဝများတွင်လည်း ကောင်းသောအကျိုးပေးများ ရရှိနိုင်မည်ဟု ရာနှုန်းပြည့် မျှော်လင့်၍မရနိုင်တော့ပါ ။
ထို့ကြောင့် ကြွေးပေးရန်ရှိသူများအနေနဲ့ မိမိသာတိရစ္ဆာန်ဘဝမျိုးရောက်နေခဲ့လျှင်မည်သို့သောနည်းဖြင့်ကြွေးဆပ်ရမည်ကိုတွေးကြည့်ဖို့လိုသည် ။
အကြွေးများကင်းရှင်းရန်နှင့် ဝဋ်ကြွေးများဆပ်ရန်အကောင်းဆုံးအချိန်အခါဖြစ်သောလူဖြစ်နေတုန်းအခိုက်မှမဆပ်နိုင်ခဲ့လျှင်သံသရာအဆက်ဆက်အထိ မကျေမချင်း ခန္ဓာနဲ့ရင်းပြီး ဆပ်ရန်သာရှိတော့သည် ။
အသင်သာ ဉာဏ်ရည်နိမ့်ပါးသူမဟုတ်ခဲ့လျှင်တိရစ္ဆာန်ဘဝထက်လက်ရှိအချိန်သည်သာအကြွေးဆပ်ရန်အကောင်းဆုံးဆိုသောအဖြေကိုမဆိုင်းမတွ ရရှိပေလိမ့်မည် ။
အပြောချိုချိုဖြင့်ငွေတိုးချေးပြီး ပြန်မဆပ်ချင်သဖြင့်တိုင်ချင်ရာတိုင်ဆိုသည့်သူများ၊လောင်းကစားများလုပ်ပြီးကြွေးမပေးနိုင်သော်ငြားလည်းကြွေးရှင်လာတောင်းသောအခါ ဟိုတိုင်မည်ဒီတိုင်မည်လုပ်ပြီး ကြွေးမရတဲ့သောကအပြင် စိတ်ဒုက္ခပါထပ်ပေးသူများ ၊
အကြွေးဆပ်ရန် တစ်စုံတစ်ရာအားထုတ်ကြိုးစားခြင်း မရှိဘဲပေးပါမည်၊ပေးပါမည်ဟု မျှော်လင့်ချက်ပေး၍လူကြားကောင်းရန်၊အနေအစားချောင်ရန်အသံကောင်းဟစ်ပြီးမှ အမြဲတစေအဆင်မပြေပါဟု ငြီးငြူနေတတ်သူများ ၊
အမွေဆိုင်ပစ္စည်းများကိုအပိုင်စည်းထားပြီးခွဲမပေးချင်သူများ ၊ယုံကြည်မှုကိုအလွဲသုံးစားလုပ်သူများ စသည့် ညစ်ကျယ်ကျယ် အတွေးမျိုးဖြင့် စိတ်ထားယုတ်ညံ့သူများသည်
မည်သည့်အခြေနေမှ လူမွေးမပြောင်နိုင်ပါ .ဒုက္ခပေါင်းစုံဖြင့်သာ ကျင်လည်နေရပေမည် ။
ထိုသို့သော လူ(အချို့) သည် နောင်ဘဝများတွင်လူဖြစ်သော်လည်း အရူး ၊မွေးရာပါဉာဏ်ရည်နိမ့်သူ ၊
ကိုယ်လက်အင်္ဂါချို့တဲ့သူတိရစ္ဆာန်ဖြစ်လျှင်လည်း မစင်ပုံထဲက လောက် ၊မစင်ပဲစားရသည့် ခွေး ၊နေ့မအား ညမအားအခိုင်းခံရသော နွား စသဖြင့်ဝဋ်ကြွေးအတွက်ခန္ဓာကိုယ်ကိုရင်းပြီးဘဝပေါင်းစုံတွင် မကျေမချင်း
သံသရာအဆက်ဆက်ပေးဆပ်ရတတ်သည်။ကျိန်စာတိုက်ခြင်းမဟုတ်ပါ ။
သို့သော် ကိုယ်ပြုသော မကောင်းမှုကံကိုယ့်ထံ ( ကြိမ်းသေ ) ပြန်လာမည်မှာ အမှန်ပင် ။စကားလက်ဆောင်တစ်ခု ပါးလိုပါသည်။အကြွေးဆိုသည်မှာ ဆပ်ချင်စိတ်ရှိရန်သာ လိုအပ်ပေသည် …
ဆပ်ချင်စိတ်သာရှိလျှင် ရပေါက်ရလမ်းများလည်းအလိုလိုပွင့်လာပေလိမ့်မည်။မယုံလျှင် အကြွေးပေးလိုသောစိတ်ရင်းစေတနာအမှန်ဖြင့်အားထုတ်ကြိုးစားကြည့်ကြပါ ။
မိတ်ဆွေ …
အချိန်မနှောင်းသေးပါ ဒီစာကိုဖတ်ပြီးလျှင်သင်ပေးစရာရှိသူထံသွား၍ ကြွေးကျေအောင်ဆပ်ပါမည်ဟူသောကတိနှင့် အတူ အမြန်ဆုံးဆပ်နိုင်ရန် ကြိုးစားမည့် အခွင့် အရေးသင့်ထံတွင်ရှိနေပါသေးသည် ။
လက်ရှိအချိန်ထက်ကောင်းသောအချိန်လည်းမရှိတော့ပါ ..ထို့ကြောင့် အကြွေးဆပ်ပါ .ထို့ကြောင့် ကြွေးကျေအောင်ဆပ်ကြပါ …။
Crd
zawgyi
အေႂကြးဆိုၿပီး ေလွ်ာ့မတြက္ေလႏွင့္…ဆပ္ျဖစ္ေအာင္ဆပ္ပါ။
ေႂကြးယူၿပဳံးၿပဳံးေတာင္းေတာ့မုန္း၏။ အေႂကြးဆိုတာ မဆပ္ပဲ ေနလွ်င္တစ္ဘဝပါ။သို႔ေသာ္ တစ္ဘဝပဲဆိုၿပီးေတာ့ ေလ်ာ့မတြက္လိုက္ပါႏွင့္
မိတ္ေဆြ …
ထို အေႂကြးကို ေက်ေအာင္မဆပ္ခဲ့ရင္ ဝဋ္ေႂကြး ျဖစ္သြားပါလိမ့္မည္။ဝဋ္ေႂကြးဆိုသည္ကေတာ့ထာဝရဆပ္ရမည္မွာ မလြဲပင္ ။ရစရာရွိေသာသူမ်ားသည္ မိမိတို႔ ၾကပ္တည္းလာတိုင္း ရရန္ရွိေသာ ေငြေၾကးမ်ားကိုသာ အားကိုးတႀကီး ေမွ်ာ္လင့္ရသည္ ။
ကိုယ့္ဆီက မရေသာေၾကာင့္ တစ္ပါးသူ အခက္အခဲေပါင္းမ်ားစြာႏွင့္ စိတ္ဆင္းရဲရေလေလကိုယ္ဆပ္ရမည့္ ဝဋ္ေႂကြးတန္ဖိုးႀကီးမားေလေလျဖစ္မည္ကိုလည္း သိေစလိုပါသည္ ။
သင္တို႔ ရဟန္း ဝတ္ဖူးေပလိမ့္မည္။သင္တို႔အသက္၂၀ျပည့္ၿပီးလို႔ ဒုလႅဘရဟန္းအေနနဲ႔သာသနာ့ေဘာင္ကို ဝင္ေတာ့မယ္ဆိုလွ်င္သင္တို႔ကိုရဟန္းျပဳသိမ္ဝင္ေပးမယ့္ ဆရာေတာ္က
” အသင္တို႔ဟာ အမွန္တကယ္ေႂကြးမွီမ်ား ကင္းရွင္းသူမ်ားျဖစ္ၾကပါရဲ႕လား ” ဆိုၿပီး ေမးလာခဲ့သည္ရွိေသာ္ ေႂကြးမွီမ်ားကင္းပါတယ္ျဖစ္ေၾကာင္းကိုလိပ္ျပာသန႔္သန႔္ျဖင့္ေျဖႏိုင္ဖို႔အေရးႀကီးသည္ ။
ေႂကြးပူမ်ား (မိမိမွမေပးရင္ တစ္ဖက္လူဒုကၡေရာက္တာ့မယ့္အေနအထား ) ရွိေနခဲ့ေသာ္ ျမင့္ျမတ္ေသာ ရဟန္းအျဖစ္သို႔ျမတ္စြာဘုရား၏သာသနာမွ လက္မခံပါ ။
ႁခြင္းခ်က္အေနျဖင့္ အေႂကြးပင္ ရွိေနေသာ္ျငားလည္း မေက်ေက်ေအာင္ ဆပ္မည္ဆိုသူမ်ား သို႔မဟုတ္ ေႂကြးရွင္မွ ေႂကြးပူအျဖစ္ မသတ္မွတ္ဘဲ အဆင္ေျပသည္အထိ ေစာင့္ပါမည္ဟု ခြင့္ျပဳေပးထားသူမ်ားအားရဟန္းအျဖစ္သို႔ လက္ခံမည္ဟု ဆိုထားေသာ္လည္း
ေႂကြးမွီမ်ားလည္း မကင္းၾက ဆပ္ခ်င္စိတ္လည္း မရွိသူမ်ားအဖို႔ကားနည္းလမ္းမရွိႏိုင္ေပ။
သူတပါးအားမ်က္ရည္ႀကီးငယ္က်ေစေသာအကုသိုလ္ကံ အက်ိဳးေပးအျဖစ္ ျမင့္ျမတ္ေသာ ရဟန္းအျဖစ္သို႔ေရာက္ရမည့္ အခြင့္အေရးအားယခုဘဝတြင္ ေလာေလာလတ္လတ္ ဆုံးရႈံးရမည္ျဖစ္သည္ ။
ေနာက္ဘဝမ်ားတြင္လည္း ေကာင္းေသာအက်ိဳးေပးမ်ား ရရွိႏိုင္မည္ဟု ရာႏႈန္းျပည့္ ေမွ်ာ္လင့္၍မရႏိုင္ေတာ့ပါ ။
ထို႔ေၾကာင့္ ေႂကြးေပးရန္ရွိသူမ်ားအေနနဲ႔ မိမိသာတိရစာၦန္ဘဝမ်ိဳးေရာက္ေနခဲ့လွ်င္မည္သို႔ေသာနည္းျဖင့္ေႂကြးဆပ္ရမည္ကိုေတြးၾကည့္ဖို႔လိုသည္ ။
အေႂကြးမ်ားကင္းရွင္းရန္ႏွင့္ ဝဋ္ေႂကြးမ်ားဆပ္ရန္အေကာင္းဆုံးအခ်ိန္အခါျဖစ္ေသာလူျဖစ္ေနတုန္းအခိုက္မွမဆပ္ႏိုင္ခဲ့လွ်င္သံသရာအဆက္ဆက္အထိ မေက်မခ်င္း ခႏၶာနဲ႔ရင္းၿပီး ဆပ္ရန္သာရွိေတာ့သည္ ။
အသင္သာ ဉာဏ္ရည္နိမ့္ပါးသူမဟုတ္ခဲ့လွ်င္တိရစာၦန္ဘဝထက္လက္ရွိအခ်ိန္သည္သာအေႂကြးဆပ္ရန္အေကာင္းဆုံးဆိုေသာအေျဖကိုမဆိုင္းမတြ ရရွိေပလိမ့္မည္ ။
အေျပာခ်ိဳခ်ိဳျဖင့္ေငြတိုးေခ်းၿပီး ျပန္မဆပ္ခ်င္သျဖင့္တိုင္ခ်င္ရာတိုင္ဆိုသည့္သူမ်ား၊ေလာင္းကစားမ်ားလုပ္ၿပီးေႂကြးမေပးႏိုင္ေသာ္ျငားလည္းေႂကြးရွင္လာေတာင္းေသာအခါ ဟိုတိုင္မည္ဒီတိုင္မည္လုပ္ၿပီး ေႂကြးမရတဲ့ေသာကအျပင္ စိတ္ဒုကၡပါထပ္ေပးသူမ်ား ၊
အေႂကြးဆပ္ရန္ တစ္စုံတစ္ရာအားထုတ္ႀကိဳးစားျခင္း မရွိဘဲေပးပါမည္၊ေပးပါမည္ဟု ေမွ်ာ္လင့္ခ်က္ေပး၍လူၾကားေကာင္းရန္၊အေနအစားေခ်ာင္ရန္အသံေကာင္းဟစ္ၿပီးမွ အၿမဲတေစအဆင္မေျပပါဟု ၿငီးျငဴေနတတ္သူမ်ား ၊
အေမြဆိုင္ပစၥည္းမ်ားကိုအပိုင္စည္းထားၿပီးခြဲမေပးခ်င္သူမ်ား ၊ယုံၾကည္မႈကိုအလြဲသုံးစားလုပ္သူမ်ား စသည့္ ညစ္က်ယ္က်ယ္ အေတြးမ်ိဳးျဖင့္ စိတ္ထားယုတ္ညံ့သူမ်ားသည္
မည္သည့္အေျခေနမွ လူေမြးမေျပာင္ႏိုင္ပါ .ဒုကၡေပါင္းစုံျဖင့္သာ က်င္လည္ေနရေပမည္ ။
ထိုသို႔ေသာ လူ(အခ်ိဳ႕) သည္ ေနာင္ဘဝမ်ားတြင္လူျဖစ္ေသာ္လည္း အ႐ူး ၊ေမြးရာပါဉာဏ္ရည္နိမ့္သူ ၊
ကိုယ္လက္အဂၤါခ်ိဳ႕တဲ့သူတိရစာၦန္ျဖစ္လွ်င္လည္း မစင္ပုံထဲက ေလာက္ ၊မစင္ပဲစားရသည့္ ေခြး ၊ေန႔မအား ညမအားအခိုင္းခံရေသာ ႏြား စသျဖင့္ဝဋ္ေႂကြးအတြက္ခႏၶာကိုယ္ကိုရင္းၿပီးဘဝေပါင္းစုံတြင္ မေက်မခ်င္း
သံသရာအဆက္ဆက္ေပးဆပ္ရတတ္သည္။က်ိန္စာတိုက္ျခင္းမဟုတ္ပါ ။
သို႔ေသာ္ ကိုယ္ျပဳေသာ မေကာင္းမႈကံကိုယ့္ထံ ( ႀကိမ္းေသ ) ျပန္လာမည္မွာ အမွန္ပင္ ။စကားလက္ေဆာင္တစ္ခု ပါးလိုပါသည္။အေႂကြးဆိုသည္မွာ ဆပ္ခ်င္စိတ္ရွိရန္သာ လိုအပ္ေပသည္ …
ဆပ္ခ်င္စိတ္သာရွိလွ်င္ ရေပါက္ရလမ္းမ်ားလည္းအလိုလိုပြင့္လာေပလိမ့္မည္။မယုံလွ်င္ အေႂကြးေပးလိုေသာစိတ္ရင္းေစတနာအမွန္ျဖင့္အားထုတ္ႀကိဳးစားၾကည့္ၾကပါ ။
မိတ္ေဆြ …
အခ်ိန္မေႏွာင္းေသးပါ ဒီစာကိုဖတ္ၿပီးလွ်င္သင္ေပးစရာရွိသူထံသြား၍ ေႂကြးေက်ေအာင္ဆပ္ပါမည္ဟူေသာကတိႏွင့္ အတူ အျမန္ဆုံးဆပ္ႏိုင္ရန္ ႀကိဳးစားမည့္ အခြင့္ အေရးသင့္ထံတြင္ရွိေနပါေသးသည္ ။
လက္ရွိအခ်ိန္ထက္ေကာင္းေသာအခ်ိန္လည္းမရွိေတာ့ပါ ..ထို႔ေၾကာင့္ အေႂကြးဆပ္ပါ .ထို႔ေၾကာင့္ ေႂကြးေက်ေအာင္ဆပ္ၾကပါ …။
Crd