ဗေဒင်
တစ်လစာ(၇) ရက်သားသမီးများအတွက် ဟောစာတမ်း 1.11.2020မှ 30.11.2020ထိ
တနင်္ဂနွေသားသမီးများအတွက သူတစ်ပါးငွေများကိုင်ခြင်း အာမခံခြင်းများမလုပ်ပါနှင့်ပြသာနာတက်ရတတ်သည်။ အိမ်ထောင်ရေးတွင် အထူးကံကောင်းကျိုးပြုလာမည်။ အချစ်ရေး၌စန်းပွင့်ပြီး လူငယ်လူရွှယ်များအနေဖြင့် နှလုံးသားရေးရာများတွင် အထင်အမြင်လွဲမှားမှုကြောင့်စိတ်မောရတတ်သည်။ ပညာရေး၌ရှေ့ပိုင်းကာလတွင် မရောင်မလည်ဖြစ်နေတတ်သော်လည်း နောက်ပိုင်းမှအဆင်ပြေအောင်မြင်နိုင်ကိန်းရှိသည်။ ကျန်းမာရေးမှာ မတော်တဆထိခိုက်ဒဏ်ရာရရှိတတ်မည်။ လူမှုရေး၌အထူးလူချစ်လူင်ပေါ်များမည်။ မိတ်ဆွေအပေါင်းအသင်းနှင့် ဆက်ဆံရေးမပြေပြစ်စေကာမူ တပည့်လက်သားအလုပ်သမားတို့နှင့် အဆင်ပြေတိုးတက်ကောင်းမွန်နိုင်၏။ စီးပွားရေးလုပ်ငန်းတွင် ဆုံးရှုံးထားသောငွေများ ပြန်လည်အဆင်ပြေလာမည်။ ကား။ကျောက်။များအရောင်းဝယ်ကံကောင်းမည်။ ယတြာ။ ။မိမိမွေးနေ့တွင် ဇော်စိမ်း(၉)ခက်(သို့မဟုတ်) ဇွန်(၉)ညွန့်ဘုရားမှာလှူပေးပါ။ တနင်္လာသားသမီးများအတွက် စီးပွားရေးလုပ်ငန်းတိုးချဲ့ခြင်း/ ဌာနနေရာပြောင်းရခြင်းများ ပြုလုပ်ဖို့ လေသံများထွက်လာတတ်သည်။ ပညာရေးကောင်းမွန်ပြီး အထက်လူကြီးများ၏ ကူညီမှုကိုရတတ်သည်။ စီးပွားရေးကံကောင်းမည်။ အချစ်ရေးတွင် စန်းပွင့်မည်။ ရပ်ဝေးခရီးထွက်ရခြင်း ဘုရားဖူးခရီးထွက်ရခြင်းများ ကြုံတွေ့တတ်သည်။ မောင်နှမသားချင်းများအတွက် စိတ်သောကရောက်တတ်သည်။ ခင်မင်ရင်းနှီးသော မိတ်ဆွေတို့၏လိမ်လည်မှုကိုခံရတတ်သည်။ ငွေချေးငှားခြင်း/ စပ်တူရှယ်ယာလုပ်ခြင်း အထူးရှောင်ရမည်။ အိမ်ထောင်ရေး၌ အပေါင်းအသင်းမိတ်ဆွေတို့၏ နှောင့်ယှက်မှုကြောင့် အိမ်ထောင်ရှင်နှင့် စကားများပြသာနာများပေါ်ပေါက်လာတတ်သည့်ပြန်လည်အဆင်ပြေမည်။ အသက်ကြီးအိုဇာတာရှင်များ ကျန်းမာရေးအညံ့ကြုံတွေ့တတ်သည်။ […]
ဗေဒင်
နာမည်မှာ “သ´´ပါတဲ့သူတွေရဲ့အကြောင်း ဘာတွေပါလဲ သိချင်လား ဖတ်ကြည့်လိုက်
နာမည်မှာ “သ´´ပါတဲ့သူတွေရဲ့အကြောင်း နာမည်မှာ “သ´´ ပါတဲ့သူတွေက စိတ်ကြီးတယ်ေ ဒါသဖြစ်လာရင် ဘယ်သူကိုမှဘယ်အရာကိုမှ ထည့်မစဉ်းစားဘူးထည့်လဲ မတွက်တတ်ဘူးဒါပေမယ့် ပြောပီး လုပ်ပီးသွားလို့သူမှားနေတဲ့ကိစ္စကိုလဲပြန်တောင်းပန်ဖို့ဝန်မလေးတတ်ကြဘူး စိတ်နာအောင်တော့ လာမလုပ်နဲ့သေတဲ့အထိ မှတ်ထားတတ်တယ်အငြိုးအတေးလဲ ကြီးတယ် အပေါ်ယံခင်မင်တာ မလိုလားဘူးသူငယ်ချင်း အစစ်ပဲ လိုချင်ကြတယ်ယောင်လို့တောင်နာမည်မှာ`သ´ပါတဲ့သူကိုအရွဲ့မတိုက်မိစေနဲ့သူများတွေ ရွဲ့တာထက်အဆပေါင်းများစွာ ပြန်ရွဲ့တတ်တယ်သနားအောင်ပြောလာရင်အိတ်ထဲရှိတဲ့ ပိုက်ဆံကိုယ် မသုံးရရင် နေပါစေပေးပြစ်တတ်တယ်’မပေးချင်ဘူး ကြည့်မရဘူးဆိုရင်အဲ့လူဘာဖြစ်နေပါစေလှည့်ကို မကြည့်တော့ဘူး လိမ်တာ ညာတာ အရမ်းမုန်းတယ်ဒါပေမဲ့ သူငယ်ချင်းများ အပေါ်မှာတော့ ဟာသတွေ ရယ်စရာတွေပြောပြီးစနောက်တတ်ကြတယ်အနေအေးတယ်တခြားသူတွေကိုဆို ပြုံးပြဖို့ မပြောနဲ့မျက်နှာထားက ခပ်တည်တည်နဲ့တေလာကလုံးသူ့လုပ်စာ စားနေကြတဲ့အတိုင်းပဲဘာပဲလုပ်လုပ်အများအတွက်ပဲ ကြည့်တတ်တယ်တစ်ကိုယ်ကောင်း မဆန်တတ်ကြဘူးဒါပေမဲ့ မထင်ရင် မထင်သလိုလည်းပြောတတ်တဲ့ အကျင့်ကလည်း ရှိသေးပြောရမယ်ဆိုနာမည်မှာ`သ´ပါတဲ့သူတွေဟာမဟုတ်မခံ ပေါင်းရသင်းရခက်ပြီးစိတ်သဘောထားကောင်းတဲ့လူ့ဂွစာကြီးတွေပေါ့ဗျာ မှန်နေတယ်ဆိုရင် ရှယ်သွားလိုက်ကြနော် credit unicode နာမည်မှာ “သ´´ပါတဲ့သူတွေရဲ့အကြောင်း နာမည်မှာ “သ´´ ပါတဲ့သူတွေက စိတ်ကြီးတယ်ေ […]
ဗေဒင်
အဘဦးဖိုးနီပြောတဲ့ လက်ဖဝါးပေါ်မှာ လျှို့ဝှက်ဆန်းကြယ် ဂမ္ဘီရကြက်ခြေ ပါသူများအကြောင်း…
ဒီမနက်လဲ နံနက် (၁-၀၀)လောက်မှာနိုးလာပါတယ်။ခါတိုင်းဆို ဘုရားကန်တော့သစ္စာပြုပြီး စာဖတ်၊ပြီးရင် တရားထိုင်ပြီးက ရေးခြင်တဲ့စာရေးတင်ပါတယ်။ပြီးရင်ပြန်လှဲပါတယ်။ ဒီမနက်ကတော့ စာမဖတ်အားဘဲ ရေးခြင်ဖော်ပြခြင်နေတဲ့ကိစ္စ ရပ်လေး တစ်ခု ရှိနေပါတယ်။ ဒါကတော့ ငါးပါးသီလ လုံစွာနေထိုင်နေပေမဲ့ လောကဓံဒါဏ်ကို ခံနေရတဲ့ မိတ်ဆွေများအတွက်ပါ။ မနေ့ကတော့ ဘုရားစာတွေရွတ်ပေမဲ့ ဘဝမတိုးတက်သူတွေ အနှောင့်အရှက်ခံနေရသူတွေကို ပရိကံလိုအပ်ချက်ဖြန့်ဝေပေး ခဲ့ပြီးပါပြီ။ ဒီနေ့ကတော့ ငါးပါးသီလ လုံပါလျက် မပြည့်မစုံဖြစ်နေကြရသော မိတ်တွေအတွက်ပါ။စာတွေလိုက်ဖတ်တဲ့အခါမှာ ဂမ္ဘီရ ကြက်ခြေ ပါရင် အရာရာပြည့်စုံမယ် ကြီးပွားမယ်လို့ ရေးထားတာတွေ ဖတ်ရပါတယ်။ သုတေသနအရ တဝက်မှန်တဝက်မှားပါတယ်လို့ကျွန်တော် အခိုင်အမာပြောပါ မယ်။ ဘာကြောင့်ပြောနိုင်သလဲဆိုရင်လက်ခဏာပညာရပ်ကို(၁၃)နှစ်သားကစတင်ရင်းနှီးပြီး ယနေ့အချိန်အထိ အဆက်မပြတ်သုတေ သနလုပ်ခဲ့လို့ပါဘဲ။လက္ခဏာပညာရဲ့အားသာချက်က တွက်ချက်နေစရာဘာပစ္စည်းဘာအထောက်အကူမှမလိုဘဲလက်ကိုယူကြည့်တာနဲ့ ခြုံငုံပြော နိုင်ပါတယ်။မွေးနှစ် မွေးလ ရက်နေ့ဘာမှမလိုပါ။ လက်ခဏာနဲ့ အသေးစိတ်ကတော့ အတိုင်းအထွာ လိုပါတယ်။ဒါပေမဲဗေဒင် ပညာလောက်အနုမစိတ်နိုင်ပါဘူး။သယ်ဆောင်ရတဲ့ပစ္စည်း […]
ဗေဒင်
မွေးရာပါ ချမ်းသာဖို့ ဇာတာပါတဲ့ ရာသီခွင်များကိုပြောရရင်
မွေးရာပါ ချမ်းသာဖို့ ဇာတာပါတဲ့ ရာသီခွင်များကိုပြောရရင်… တကယ်လို့ ခင်ဗျားဟာ လေဓာတ် ရာသီခွင် (မေထုန်၊ တူ၊ ကုမ်) မှာ မွေးဖွားခဲ့တယ် ဆိုရင် သူဋ္ဌေးကြီး ဖြစ်ဖို့ အခွင့်အလမ်း ပိုများတယ်လို့ မှတ်ယူ လိုက်ပါ။ ဘာလို့လဲ ဆိုတော့ နှစ်စဉ် နှစ်တိုင်း ကမ္ဘာပေါ်က အချမ်းသာဆုံး ဘီလျံနာသူဌေးကြီးတွေ စာရင်းကို ထုတ်ပြန် ပေးနေကျ Forbes စာစောင်ရဲ့ ဖော်ပြချက်အရ ဒီနှစ် ၂၀၂၀ ရဲ့ ထိပ်တန်းဘီလျံနာ (၁၀၀) စာရင်းမှာ လေဓာတ်ရာသီဖွားတွေက အများဆုံး လွှမ်းမိုး ထားလို့ပါပဲ။ လေဓာတ် ရာသီခွင်ဖွားတွေရဲ့ နောက်မှာ မြေဓာတ်ရာသီဖွား (ပြိဿ၊ ကန်၊ မကာရ) တွေက ဒုတိယ အများဆုံး ဖြစ်နေပြီး အဲဒီနောက်မှာတော့ […]
ဗေဒင်
လူသိနည်းသော နိမိတ်အဟောများ
လူသိနည်းသော နိမိတ်များ ၁။ အိမ်ထဲ ဖားခုန်ဝင်မူ ငွေရအံ့။ ၂။ အိမ်ထဲ ပိတုန်းဝင်မူ ဧည့်သည်လာအံ့။ ၃။ အိမ်ထဲ ဓါးခုတ်ကောင်ဝင်မူ ပေးကမ်းမည့် ဧည့်သည်လာအံ့ ၄။ အလံတင်ရမူ ရည်မှန်းချက် အောင်မြင်အံ့။ ၅။ တင်လိုက်သည့်အလံ ပြန်လျှောကျမူ ဘေးတွေ့အံ့။ ၆။ ခွေးလက်ဆောင်ရမူ၊ အိမ်တွင် ခွေးလာနေမူ မိတ်ဆွေကောင်းရအံ့။ ၇။ ခွေးမဲလာ‌မူ ဥစ္စာပေးမည့် မိတ်ဆွေရအံ့..= ၈။ ခွေးဝါလာမူ ပျော်ရွှင်စေမည့် မိတ်ဆွေရအံ့။ ၆။ ခွေးဖြူလာနေမူ ချစ်ခင်ဖွယ် မိတ်ဆွေရအံ့။ ၇။ ခရီးသွားစဉ် နွားနှင့်တိုးမူ အလုပ်ကိစ္စ အဆင်ပြေအံ့။ ၈။ အင်္ကျီ ပြောင်းပြန်ဝတ်မိမူ မထင်မှတ်ပဲ ငွေအမြောက်အမြား ရအံ့ ၉။ အိမ်တွင် ကြောင်မဲလာနေမူ မိတ်ဆွေသစ္စာဖောက်အံ့။ […]
ဗေဒင်
တခါတလေတော့ စကားပြောရင် တဖက်လူ နားညီးအောင် ပြောတတ်တဲ့ သောကြာသားသမီးလေးတွေအကြောင်း
သောကြာ သားသမီးလေး တွေကတော့ အရိုးသားဆုံး သူလေးတွေပါ… သူတို့ဟာ အရာရာကို အလေးအနက် ထားတတ်ကြတယ်.. အပျင်း မကြီးတတ်ဘူး… အစား မမက်ဘူး.. တခါတလေတော့ စကားပြောရင် တဖက်လူ နားညီးအောင် ပြောတတ်ကြတယ်.. မိသားစုအပေါ် အမြဲ အနစ်နာခံ တတ်တဲ့ သူတွေပါ….. သူတို့ဟာ ဘဝကို ရဲရဲဝင့်ဝင့် ရင်ဆိုင်ရဲ ကြတယ်.. စိတ်တို လွယ်သလို စိတ်ပြေလည်း လွယ်တယ်…. ဒေါသမကြီးပေမဲ့ အငြိုးအတေး ကြီးတတ်ကြတယ်… တစ်ခုခုဆို ခံစား လွန်းတတ်တယ်.. မျက်ရည်လွယ်တယ်….. ကိုယ် ခံစားရတာတွေကို ဘယ်သူ့မှ ပြောမပြဘဲ တစ်ယောက်ထဲ ကျိတ်ခံစားတတ်တဲ့ သူမျိုး…. သိုသို သိပ်သိပ် နေတတ်ကြတယ်… လောဘမကြီးဘူး အချစ်ကြီးသလောက် အချစ်ရေးမှာ ကံမကောင်းဘူး…. ကိုယ်ချစ်တဲ့သူက… ကိုယ့်ကို […]
ဗေဒင်
မျက်နှာပုံစံ အနေအထားက ပြောပြနေတဲ့ သင့်ရဲ့ စိတ်ခံစားချက်နဲ့ ပင်ကိုယ်အကျင့်စရိုက်များ…..
လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာပုံစံတွေ မတူညီကြပါဘူး။ ဒီလို မျက်နှာပုံစံ ပြောင်းလဲမှုတွေကိုလိုက်ပြီး လူတွေရဲ့ personality တွေဟာ ပြောင်းလဲ သွားတတ်တာကို တွေ့ရပါတယ်။ ဒီတော့ ကိုယ့်မျက်နှာပုံစံကိုလိုက်ပြီး ကိုယ့်ဆီမှာ ဘယ်လိုအချက်တွေရှိနေလဲဆိုတာကို တစ်ချက်ဖတ်ကြည့်လိုက်နော်။ ဘဲဥပုံ မျက်နှာ ဘဲဥပုံ မျက်နှာပုံစံဟာ လူကြိုက်များပြီး လှပတဲ့ မျက်နှာပုံစံတစ်ခုအဖြစ် လူအများက သတ်မှတ်ထားကြပါတယ်။ သူတို့တွေက သူတို့နဲ့အတူ ရှိနေတဲ့သူတွေကို သက်တောင့်သက်သာ ဖြစ်တဲ့ ခံစားချက်ကို ပေးနိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ အရမ်းကို သတိရှိတတ်ကြပြီး တစ်ခြားသူတွေ သူတို့အပေါ်ထားတဲ့ ခံစားချက်တွေကို ဂရုစိုက်တတ်ကြတဲ့ သူတွေဖြစ်ပါတယ်။ စိန်ပုံ မျက်နှာ မေးရိုးအနည်းငယ်ကားပြီး ပါးနဲ့ နဖူးနေရာ အနည်းငယ်ကျဉ်းတဲ့ ဒီမျက်နှာပိုင်ရှင်တွေကို စိန်ပုံမျက်နှာပိုင်ရှင်အဖြစ် သတ်မှတ်ပါတယ်။ သူတို့တွေက ဆရာလုပ်ရတာကို […]
ဗေဒင်
ငွေကြေးအခက်အခဲ အဆင်ပြေလိုလျှင် သောကြာနေ့ကျ ဒါလေးလုပ်ပါ…..
ဗေဒင်
သွေးအမျိုး အစားကနေ ပြောပြနေတဲ့ သင့်ရဲ့စိတ်နေ သဘောထားတွေက ဘာတွေလဲ ?
သွေးအမျိုး အစားကနေ ပြောပြနေတဲ့ သင့်ရဲ့စိတ် သဘောထားက ဘာတွေလဲ ဝင်ကြည့်လိုက် “လူအမျိုးမျိုး စိတ်အထွေထွေ” ဆိုတဲ့ ရှေးလူကြီးတွေရဲ့ ဆိုရိုးစကားအတိုင်း ဒီကမ္ဘာကြီးပေါ်မှာ ရှိတဲ့လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်နေသဘောထားတွေ တူနိုင်ကြမှာ မဟုတ်ပါဘူး။သို့ပေမယ့် တူညီတဲ့အချက်တစ်ချို့ကို ဘုံထုတ်ပြီး သွေးအမျိုးအစားအလိုက် ခွဲခြမ်းစိတ်ဖြာထားတဲ့ စစ်တမ်းတစ်ရပ်ကို စာဖတ်ပရိသတ်တွေ သိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ “A” သွေး ပိုင်ရှင်များ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ လေးဆယ်ရာခိုင်နှုန်းလောက်က “A”သွေးပိုင်ရှင်တွေ ဖြစ်ပါတယ်။ ဒီသွေး အမျိုးအစားပိုင်ရှင်တွေဟာ ကျိုးကြောင်းဆီလျော်အောင် တွေးခေါ်ပေးတတ်ပြီး နားလည်ပေးနိုင်စွမ်းရှိသူတွေလည်း ဖြစ်ပါတယ်။ဒါ့အပြင် အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ရာမှာလည်း အေးအေးဆေးဆေး တည်ငြိမ်လေ့ရှိသူတွေပါ။ ဒါပေမယ့် သူတို့ဟာ ဘဝကို ကိုယ့်ဘာသာ စိတ်ကြိုက်ရွေးချယ်တည်ဆောက်လေ့ရှိပြီး စိတ်ခံစားမှုတွေကို ဦးစားပေးတတ်သူတွေ မဟုတ်ပါဘူး။ ရင်ထဲက စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်စွမ်းရှိပေမယ့် […]
ဗေဒင်
လာမယ့်တစ်လအတွင်း ဘယ်လိုအပြောင်းအလဲတွေ ဖြစ်မလဲသိရဖို့ ကတ်တစ်ခုကို ရွေးလိုက်ပါ
လာမယ့်တစ်လအတွင်း ဘယ်လိုအပြောင်းအလဲတွေ ဖြစ်မလဲသိရဖို့ ကတ်တစ်ခုကို ရွေးလိုက်ပါ Tarot card လေးတွေက သင့်ရဲ့ ကံကြမ္မာကို မသတ်မှတ်နိုင်ပါဘူး။ ဒါပေမယ့် သင်ကြုံတွေ့ရမယ့် ကံကြမ္မာနဲ့ပတ်သက်ပြီး အရိပ်အမြွက်တော့ ပြောပြနိုင်ပါတယ်။ ဒီတော့ လာမယ့်တစ်လအတွင်းမှာ ဘယ်လိုအရာတွေဖြစ်လာမလဲဆိုတာ သိရဖို့ သေချာအာရုံစိုက်ပြီး ဒီကတ်တွေထဲက တစ်ခုကိုရွေးပြီးဖတ်ကြည့်လိုက်နော်။ (၁) Knight of Swords ဒီကတ်လေးကိုရွေးလိုက်တယ်ဆိုရင်တော့ လာမယ့်တစ်လအတွင်းမှာ ကိုယ်ဖြစ်ချင်တဲ့အရာတွေ၊ ကိုယ်တွေးထားတဲ့အရာတွေနဲ့ ပတ်သက်လို့ မြန်မြန်ဆန်ဆန်ပြောင်းလဲလာတာမျိုးဖြစ်လာနိုင်ပါတယ်။ ကိုယ်ဖြစ်ချင်တာတစ်ခုကိုပဲ အာရုံစိုက်နေတော့ သင့်အတွက်ကောင်းမွန်တဲ့ တခြားအခွင့်အရေးတွေကို သတိမပြုမိလိုက်တာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဖြစ်ချင်တာတွေအတွက် ကြိုးစားနေဆဲမှာပဲ တခြားအခွင့်အလမ်းတွေအတွက်လည်း နားစွင့်ထားမယ်ဆိုရင် ပိုအဆင်ပြေနိုင်ပါတယ်။ (၂) 7 of Cups ဘာကိုမှ စိတ်မဝင်စား၊ ဘာကိုမှမလုပ်ချင်လောက်အောင် ဖြစ်နေပါလိမ့်မယ်။ ကိုယ့်အတွက် အခွင့်အရေးကောင်းတွေ အများကြီးရလာနိုင်ပေမယ့် […]