ေမြးရာပါ ခ်မ္းသာဖို႔ ဇာတာပါတဲ့ ရာသီခြင္မ်ားကုိေျပာရရင္

ေမြးရာပါ ခ်မ္းသာဖို႔ ဇာတာပါတဲ့ ရာသီခြင္မ်ားကုိေျပာရရင္…

တကယ္လို႔ ခင္ဗ်ားဟာ ေလဓာတ္ ရာသီခြင္ (ေမထုန္၊ တူ၊ ကုမ္) မွာ ေမြးဖြားခဲ့တယ္ ဆိုရင္ သူေ႒းႀကီး ျဖစ္ဖို႔ အခြင့္အလမ္း ပိုမ်ားတယ္လို႔ မွတ္ယူ လိုက္ပါ။

ဘာလို႔လဲ ဆိုေတာ့ ႏွစ္စဥ္ ႏွစ္တိုင္း ကမာၻေပၚက အခ်မ္းသာဆုံး ဘီလ်ံနာသူေဌးႀကီးေတြ စာရင္းကို ထုတ္ျပန္ ေပးေနက် Forbes စာေစာင္ရဲ႕ ေဖာ္ျပခ်က္အရ

ဒီႏွစ္ ၂၀၂၀ ရဲ႕ ထိပ္တန္းဘီလ်ံနာ (၁၀၀) စာရင္းမွာ ေလဓာတ္ရာသီဖြားေတြက အမ်ားဆုံး လႊမ္းမိုး ထားလို႔ပါပဲ။

ေလဓာတ္ ရာသီခြင္ဖြားေတြရဲ႕ ေနာက္မွာ ေျမဓာတ္ရာသီဖြား (ၿပိႆ၊ ကန္၊ မကာရ) ေတြက ဒုတိယ အမ်ားဆုံး ျဖစ္ေနၿပီး အဲဒီေနာက္မွာေတာ့

ေရဓာတ္ (ကရကဋ္၊ ၿဗိစာၦ၊ မိန္) နဲ႔ မီးဓာတ္ (မိႆ၊ သိဟ္၊ ဓႏု) ေတြက အစဥ္လိုက္ ရပ္တည္ေနပါတယ္။

ဉာဏ္ရည္သမား ေလဓာတ္ ရာသီဖြား (ေမ ၂၁ မွ ဇြန္ ၂၀ အတြင္း) (စက္တင္ဘာ ၂၃ မွ ေအာက္တိုဘာ ၂၂ အတြင္း) (ဇန္နဝါရီ ၂၀ မွ ေဖေဖာ္ဝါရီ ၁၈ အတြင္း) ေမြးဖြားၾကသူမ်ားျဖစ္ၾကပါတယ္ ။

အခ်မ္းသာဆုံးစာရင္းမွာ အမ်ားဆုံး ပါဝင္လာတဲ့ ေလဓာတ္ရာသီဖြားေတြဟာ မူလသဘာဝဓာတ္ခံအရ တီထြင္ဉာဏ္ ရင့္သန္သူေတြ ျဖစ္ၾကၿပီး

ဘယ္လိုအေျခအေနမ်ိဳးမွာ မဆို လိုက္ေလ်ာညီေထြ ျဖတ္သန္း ရင္ဆိုင္ႏိုင္ၾကတဲ့ အစြမ္း ရွိပါတယ္။

ဒါ့အျပင္ ေခတ္ေပၚနည္းပညာရဲ႕ အေျပာင္းအလဲေတြမွာ လိုက္ပါ စီးေမ်ာ စြန႔္စားႏိုင္သူ ေတြလည္း ျဖစ္ပါတယ္ ေလဓာတ္ရာသီခြင္ (၃) ခု ရွိရာမွာ

တူရာ သီဖြားေတြက လူခ်မ္းသာဦးေရ အမ်ားဆုံးနဲ႔ ေမထုန္ရာသီဖြားေတြက တတိယအမ်ားဆုံး ျဖစ္ေနပါတယ္။

ေလဓာတ္ ရာသီခြင္ေတြထဲမွာ Walmart လက္လီလုပ္ငန္းႀကီးရဲ႕ ပိုင္ရွင္ အပါအဝင္ ဒိတ္ဒိတ္ႀကဲ ဘီလ်ံနာေတြ အမ်ားအျပား ပါဝင္ ေနပါတယ္ ။

သင္ေရာ ေလဓာတ္ရာသီဖြားမ်ား ျဖစ္ေနသလား.. ျဖစ္ေန ရင္ေတာ့ ဂုဏ္ယူ ဝမ္းေျမာက္လိုက္ပါ။ သူမ်ားထက္ ခ်မ္းသာႏိုင္ေျခ ပိုမ်ားလို႔ပါပဲ။

ဇြဲသန္စိတ္ခိုင္တဲ့ ေျမဓာတ္ရာသီဖြား (ဧၿပီ ၂၀ မွ ေမ ၂၀ အတြင္း) (ၾသဂုတ္ ၂၃ မွ စက္တင္ဘာ ၂၂ အတြင္း) (ဒီဇင္ဘာ ၂၂ မွ ဇန္နဝါရီ ၁၉ အတြင္း) ေမြးဖြားၾကသူမ်ားျဖစ္ပါတယ္ ။

မူလဓာတ္ခံအရ ဇြဲေကာင္းသူ၊ စိတ္ရွည္သည္းခံႏိုင္သူ၊ ရည္မွန္းခ်က္ စြဲၿမဲခိုင္မာ သူေတြ ျဖစ္တဲ့ ၿပိႆ ရာသီဖြားေတြဟာ လူခ်မ္းသာစာရင္းရဲ႕

ဒုတိယအမ်ားဆုံးေနရာမွာ ရပ္တည္ေနပါတယ္။သူတို႔ထဲမွာ Facebook ပဲ့ကိုင္ရွင္ မတ္ခ္ဇူကာဘတ္ဂ်္နဲ႔ Alibaba သူေ႒းႀကီး ဂ်က္မားလို ဒိတ္ဒိတ္ႀကဲ ေတြလည္း ပါဝင္ ေနပါတယ္။

မႏွစ္တုန္းက ေျမဓာတ္ ရာသီခြင္ထဲက မကာရရာသီဖြားေတြဟာ အခ်မ္းသာဆုံး ဘီလ်ံနာ (၁၀၀) စာရင္းမွာ ထိပ္ဆုံးက ဦးေဆာင္ ခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ ေလဓာတ္ရာသီခြင္ေတြကို ဖယ္ေပးခဲ့ရပါတယ္။

ဒါေပမဲ့ ေျမဓာတ္ရာသီခြင္ ၿပိႆဟာ အခ်မ္းသာဆုံးစာရင္းမွာ ဒုတိယ အမ်ားဆုံး ပါဝင္ႏိုင္ခဲ့တဲ့အတြက္ မဆိုးဘူးလို႔ ဆိုရပါမယ္ ခင္ဗ်ားလည္း

ေျမဓာတ္ရာသီခြင္တစ္ခုမွာ ေမြးဖြားတယ္ ဆိုရင္ ခ်မ္းသာႂကြယ္ဝဖို႔ အလားအလာ မ်ားတယ္လို႔ ေျပာခ်င္ပါတယ္။က်န္တဲ့ ေရဓာတ္နဲ႔ မီးဓာတ္

(ကရကဋ္၊ ၿဗိစာၦ၊ မိန္၊ မိႆ၊ သိဟ္၊ ဓႏု) ရာသီဖြားေတြက ေနာက္ဆုံးမွာ ဆိုေပမယ့္ ဒီရာသီခြင္ေတြထဲမွာလည္း ။

Dell ကြန္ပ်ဴတာ လုပ္ငန္းရွင္ Michael Dell ၊ SpaceX တည္ေထာင္သူ Elon Musk ၊ Google ပူးတြဲ ပိုင္ရွင္ Sergey Brin တို႔လို

နာမည္ေက်ာ္ ဘီလ်ံနာႀကီးေတြ ပါဝင္ေနတာမို႔ ႀကိဳးစားခြင့္ ၊ ႀကီးပြားခြင့္ေတြ လူတိုင္းမွာ ရွိတယ္လို႔ ဆိုပါရေစ။

Credit

Unicode Version

မွေးရာပါ ချမ်းသာဖို့ ဇာတာပါတဲ့ ရာသီခွင်များကိုပြောရရင်…

တကယ်လို့ ခင်ဗျားဟာ လေဓာတ် ရာသီခွင် (မေထုန်၊ တူ၊ ကုမ်) မှာ မွေးဖွားခဲ့တယ် ဆိုရင် သူဋ္ဌေးကြီး ဖြစ်ဖို့ အခွင့်အလမ်း ပိုများတယ်လို့ မှတ်ယူ လိုက်ပါ။

ဘာလို့လဲ ဆိုတော့ နှစ်စဉ် နှစ်တိုင်း ကမ္ဘာပေါ်က အချမ်းသာဆုံး ဘီလျံနာသူဌေးကြီးတွေ စာရင်းကို ထုတ်ပြန် ပေးနေကျ Forbes စာစောင်ရဲ့ ဖော်ပြချက်အရ

ဒီနှစ် ၂၀၂၀ ရဲ့ ထိပ်တန်းဘီလျံနာ (၁၀၀) စာရင်းမှာ လေဓာတ်ရာသီဖွားတွေက အများဆုံး လွှမ်းမိုး ထားလို့ပါပဲ။

လေဓာတ် ရာသီခွင်ဖွားတွေရဲ့ နောက်မှာ မြေဓာတ်ရာသီဖွား (ပြိဿ၊ ကန်၊ မကာရ) တွေက ဒုတိယ အများဆုံး ဖြစ်နေပြီး အဲဒီနောက်မှာတော့

ရေဓာတ် (ကရကဋ်၊ ဗြိစ္ဆာ၊ မိန်) နဲ့ မီးဓာတ် (မိဿ၊ သိဟ်၊ ဓနု) တွေက အစဉ်လိုက် ရပ်တည်နေပါတယ်။

ဉာဏ်ရည်သမား လေဓာတ် ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အတွင်း) (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်း) (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်း) မွေးဖွားကြသူများဖြစ်ကြပါတယ် ။

အချမ်းသာဆုံးစာရင်းမှာ အများဆုံး ပါဝင်လာတဲ့ လေဓာတ်ရာသီဖွားတွေဟာ မူလသဘာဝဓာတ်ခံအရ တီထွင်ဉာဏ် ရင့်သန်သူတွေ ဖြစ်ကြပြီး

ဘယ်လိုအခြေအနေမျိုးမှာ မဆို လိုက်လျောညီထွေ ဖြတ်သန်း ရင်ဆိုင်နိုင်ကြတဲ့ အစွမ်း ရှိပါတယ်။

ဒါ့အပြင် ခေတ်ပေါ်နည်းပညာရဲ့ အပြောင်းအလဲတွေမှာ လိုက်ပါ စီးမျော စွန့်စားနိုင်သူ တွေလည်း ဖြစ်ပါတယ် လေဓာတ်ရာသီခွင် (၃) ခု ရှိရာမှာ

တူရာ သီဖွားတွေက လူချမ်းသာဦးရေ အများဆုံးနဲ့ မေထုန်ရာသီဖွားတွေက တတိယအများဆုံး ဖြစ်နေပါတယ်။

လေဓာတ် ရာသီခွင်တွေထဲမှာ Walmart လက်လီလုပ်ငန်းကြီးရဲ့ ပိုင်ရှင် အပါအဝင် ဒိတ်ဒိတ်ကြဲ ဘီလျံနာတွေ အများအပြား ပါဝင် နေပါတယ် ။

သင်ရော လေဓာတ်ရာသီဖွားများ ဖြစ်နေသလား.. ဖြစ်နေ ရင်တော့ ဂုဏ်ယူ ဝမ်းမြောက်လိုက်ပါ။ သူများထက် ချမ်းသာနိုင်ခြေ ပိုများလို့ပါပဲ။

ဇွဲသန်စိတ်ခိုင်တဲ့ မြေဓာတ်ရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အတွင်း) (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်း) (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်း) မွေးဖွားကြသူများဖြစ်ပါတယ် ။

မူလဓာတ်ခံအရ ဇွဲကောင်းသူ၊ စိတ်ရှည်သည်းခံနိုင်သူ၊ ရည်မှန်းချက် စွဲမြဲခိုင်မာ သူတွေ ဖြစ်တဲ့ ပြိဿ ရာသီဖွားတွေဟာ လူချမ်းသာစာရင်းရဲ့

ဒုတိယအများဆုံးနေရာမှာ ရပ်တည်နေပါတယ်။သူတို့ထဲမှာ Facebook ပဲ့ကိုင်ရှင် မတ်ခ်ဇူကာဘတ်ဂျ်နဲ့ Alibaba သူဋ္ဌေးကြီး ဂျက်မားလို ဒိတ်ဒိတ်ကြဲ တွေလည်း ပါဝင် နေပါတယ်။

မနှစ်တုန်းက မြေဓာတ် ရာသီခွင်ထဲက မကာရရာသီဖွားတွေဟာ အချမ်းသာဆုံး ဘီလျံနာ (၁၀၀) စာရင်းမှာ ထိပ်ဆုံးက ဦးဆောင် ခဲ့ပေမယ့် ဒီနှစ်မှာတော့ လေဓာတ်ရာသီခွင်တွေကို ဖယ်ပေးခဲ့ရပါတယ်။

ဒါပေမဲ့ မြေဓာတ်ရာသီခွင် ပြိဿဟာ အချမ်းသာဆုံးစာရင်းမှာ ဒုတိယ အများဆုံး ပါဝင်နိုင်ခဲ့တဲ့အတွက် မဆိုးဘူးလို့ ဆိုရပါမယ် ခင်ဗျားလည်း

မြေဓာတ်ရာသီခွင်တစ်ခုမှာ မွေးဖွားတယ် ဆိုရင် ချမ်းသာကြွယ်ဝဖို့ အလားအလာ များတယ်လို့ ပြောချင်ပါတယ်။ကျန်တဲ့ ရေဓာတ်နဲ့ မီးဓာတ်

(ကရကဋ်၊ ဗြိစ္ဆာ၊ မိန်၊ မိဿ၊ သိဟ်၊ ဓနု) ရာသီဖွားတွေက နောက်ဆုံးမှာ ဆိုပေမယ့် ဒီရာသီခွင်တွေထဲမှာလည်း ။

Dell ကွန်ပျူတာ လုပ်ငန်းရှင် Michael Dell ၊ SpaceX တည်ထောင်သူ Elon Musk ၊ Google ပူးတွဲ ပိုင်ရှင် Sergey Brin တို့လို

နာမည်ကျော် ဘီလျံနာကြီးတွေ ပါဝင်နေတာမို့ ကြိုးစားခွင့် ၊ ကြီးပွားခွင့်တွေ လူတိုင်းမှာ ရှိတယ်လို့ ဆိုပါရစေ။

Credit