ငယ္ခ်စ္ဦးနဲ႔လြဲခဲ့သူမ်ား မဖတ္ရ …..
ကေလးဘဝကိုျပန္လြမ္းမယ္ဆိုၿပီး စဥ္းစားေတာ့ အခ်စ္ဦးကိုတန္းျပန္သတိရတာပါပဲ။ ကၽြန္ေတာ္တို႔ေတြဟာ ဘာေကာင္ႀကီးေတြမွမဟုတ္ပဲ အခ်စ္ဦးအတြက္ဆို သူရဲေကာင္းႀကီးအျဖစ္ရွိခ်င္ခဲ့ၾကတယ္။
ကေလးဘဝကိုျပန္သြားတာနဲ႔အခ်စ္ဦးဆိုတာကလည္း ဇာတ္လမ္းတစ္ပုဒ္ရဲ့ ဇာတ္ဝင္ခန္းတစ္ခုလိုပါပဲ။ အခ်စ္ဦးလို႔သုံးတာက Crush ဆိုတဲ့စကားကိုကေလးဘဝကမသိခဲ့ေသးတာေရာ Crush တယ္ဆိုတာထက္ၿပီးျမတ္နိုးခဲ့မိတာၾကာင့္ေရာပါ။
ကၽြန္ေတာ္တို႔အားလုံးႏွစ္သက္ၿပီး ျပန္တမ္းတၾကတဲ့အျဖဴစိမ္းေက်ာင္းသားဘဝမွာဆို မနက္မိုးလင္းလို႔ေက်ာင္းေရာက္တာနဲ႔ ကိုယ့္အဖြဲ႕ေလးနဲ႔ကိုယ္ ကေလးတို႔သဘာဝေဆာ့မယ္ ကစားမယဒီလိုနဲ႔အခ်ိန္ကုန္တတ္ခဲ့ၾကပါတယ္။
ဒါေပမယ့္အခ်စ္ဦးဆိုတဲ့ေကာင္မေလးက စိန္ေျပးတမ္းကစားေနသလား ႀကိဳးခုန္ေနသလား ဇယ္ခုပ္ေနသလားဆိုတာကိုလည္း စိတ္ဝင္တစားလိုက္ၾကည့္ခဲ့ၾကဖူးမွာပါ။ အခါအခြင့္သင့္တာနဲ႔ သူကစားေနတဲ့ ဝိုင္းထဲမွာ ကိုယ္ပါဝင္ခြင့္ရဖို႔အသင့္ရွိေနခဲ့ၾကဖူးတယ္မလား
ကၽြန္ေတာ့္အခ်စ္ဦးဆို သူတအားေဆာ့တာက အဝတ္ကိုမ်က္လုံးမွာစည္းၿပီး လက္နဲ႔လိုက္ပုတ္တဲ့ကစားနည္း။ အဝတ္စည္းထားတဲ့သူရဲ့ လက္နဲ႔ထိမိသူက သူ႔ေနရာကိုဝင္ယူၿပီး ေနာက္တစ္ေယာက္ကိုလိုက္ဖမ္းရေတာ့တာပဲ။
ကၽြန္ေတာ္ဆို သူေခြး႐ူးျဖစ္တာနဲ႔ သူ႔အနားသြားအသံေပးၿပီး ကိုယ့္ကိုယ္ကိုေခြး႐ူးအျဖစ္ခံခဲ့ဖူးတယ္။ဘယ္အခ်ိန္မွာျဖစ္ျဖစ္ သူငယ္ခ်င္းဆိုတဲ့အျဖဴေရာင္စည္းေဘာင္ေလးထဲကေန သူ႔အတြက္အသင့္ရွိေနခဲ့ဖူးတယ္ဆိုပါေတာ့၊
ေက်ာင္းပထမဆုံးဖြင့္ရက္ အတန္းပိုင္ဆရာမကအသင္းေတြခြဲတဲ့အခါ သူနဲ႔အသင္းတူတူက်ဖို႔လည္း ကၽြန္ေတာ္ေတာ့ အမ်ိဳးမ်ိဳးႀကိဳးစားခဲ့ဖူးတယ္။အခ်စ္ဦးနဲ႔အသင္းအတူတူျဖစ္ရတဲ့အခါ ရတဲ့အခြင့္ေရးက နည္းမွ မနည္းပဲဗ်။
စာသင္ခ်ိန္မွာမ်က္ႏွာခ်င္းဆိုင္အေနထားနဲ႔ တစ္ခုံတည္းထိုင္ရတယ္။ၿပီးေတာ့ ကိုယ့္အသင္းတာဝန္က်ရက္ဆို ေက်ာင္းကိုအေစာႀကီးလာမယ္ ။ သူကဘာတာဝန္လဲ အသင္းေခါင္းေဆာင္ကိုေမးမယ္။
သူက ေရခပ္ရမွာလား ကၽြန္ေတာ္ကဦးေအာင္ခပ္ေပးထားလိုက္တယ္။ သူက တံျမက္စည္းလွဲရမွာလား ကၽြန္ေတာ္ကဦးေအာင္လွဲေပးထားလိုက္တယ္။သူက အမွိုက္က်ဳံးရမွာလား ကၽြန္ေတာ္က ဦးေအာင္က်ဳံးေပးထားလိုက္တယ္။
သူေက်ာင္းေရာက္လို႔ သူ႔တာဝန္ေတြၿပီးတဲ့အခါ သူေပ်ာ္ေနတာေလးကိုကၽြန္ေတာ္သေဘာက်တယ္။သူဘုရားပန္းတင္ဖို႔ ပန္းေလးဝယ္လာတိုင္း ဘုရားပန္းအိုးကိုအရင္စြန႔္ၿပီး ကၽြန္ေတာ္အသင့္ျပင္ထားေပးခဲ့ဖူးတယ္။
သူဝယ္လာတဲ့ ဘုရားပန္းလဲၿပီး ဘုရားကိုျပန္ကပ္တဲ့အခါ သူမ အားကိုးတႀကီးအကူညီေတာင္းတဲ့သူဟာ ကိုယ္ျဖစ္ေနရင္ ဘယ္ေလာက္မ်ားေပ်ာ္စရာေကာင္းလဲ….
ၿပီးေတာ့ ဘုရားပန္းျပန္ကပ္တဲ့အခါ ဘာမွန္းမသိတဲ့ဖူးစာဆိုတာကို သူနဲ႔ပါဖို႔အတြက္ ဘုရားကိုတိုးတိုးကေလးနဲ႔ အပူကပ္ခဲ့ဖူးတယ္။
ေက်ာင္းဆင္းခ်ိန္အိမ္ျပန္ၾကေတာ့လည္းဘာထူးလဲ သူစက္ဘီးထုတ္တဲ့အခါ အလြယ္တကူျဖစ္ေအာင္ သူ႔စက္ဘီးေဘးနားက အျခားဘီးေတြကိုႀကိဳရွင္းေပးထားခဲ့ဖူးတယ္။
တစ္ခါတစ္ေလဆိုကၽြန္ေတာ္ သိပ္ညစ္ပတ္တာ၊သူ႔ဘီးကိုေလေလ်ာ့ထားၿပီး သူလာမွသတိေပး ကိုယ္တိုင္လိုက္တြန္းေပးၿပီး ေလျပန္ထိုးေပးခဲ့ေသးတာ။
ဘာပဲေျပာေျပာ သူအသိမွတ္ျပဳတာေလးကိုကၽြန္ေတာ္ေက်နပ္ေနတာမ်ိဳးေလဗ်ာ…သူနဲ႔ကၽြန္ေတာ္ကတစ္ရပ္ကြက္ထဲဗ်။ အိမ္ျပန္တဲ့လမ္းတစ္ေလၽွာက္လည္း သူနဲ႔မတူတူေအာင္ သူျပန္တဲ့လမ္းက လိုက္ျပန္တယ္။
တျခားေကာင္ေလးေတြသူ႔နားကပ္မယ့္ အရိပ္ေယာင္ေတြ႕တာနဲ႔ ကၽြန္ေတာ္ အရင္ကပ္ၿပီး စကားေတြႀကံဖန္ရွာေျပာခဲ့ဖူးတယ္။သူအိမ္လမ္းထဲ သူဝင္သြားၿပီဆိုမွ ကၽြန္ေတာ္လမ္းကို ကၽြန္ေတာ္လွည့္ျပန္ခဲ့တာမ်ိဳး။
တစ္ခါတစ္ေလ သူ႔အေဖကဆိုင္ကယ္နဲ႔လာႀကိဳတဲ့ရက္မ်ိဳးမွာဆို 110 Loujia ဆိုင္ကယ္ကို ကၽြန္ေတာ္ရဲ့တ႐ုတ္စက္ဘီးေလးနဲ႔အမွီနင္းၿပီး သူ႔ျမင္ေအာင္အားထုတ္ခဲ့ေသးတာ။
သူမ မသိတဲ့ သူမရဲ့သူရဲေကာင္းႀကီးအျဖစ္ ကိုယ့္ကိုယ္ကိုတာဝန္ေပးၿပီး ဂုဏ္ယူခဲ့ရခ်ိန္ေတြေပါ့ဗ်ာ၊ဒါေပမယ့္လည္း အခ်ည္းႏွီးေတြပါပဲ။ အထက္တန္းေက်ာင္းသားဘဝ က်ဴရွင္ေတြ ဝိုင္းေတြ ေဘာ္ဒါေတြၿပိဳင္လာတဲ့အခါ ဓနရွင္ေတြရဲ့ပညာေရးအသိုင္းဝိုင္းကို ကၽြန္ေတာ္မွ လိုက္မၿပိဳင္နိုင္ခဲ့တာ။
ရွစ္တန္းႏွစ္မွာ သူကေက်ာင္းေျပာင္းတယ္။ျပီးေတာ့နာမည္ႀကီးေဘာ္ဒါတစ္ခုမွာတက္တယ္။ ကၽြန္ေတာ္က ရပ္ကြက္ထဲက်ဴရွင္တစ္ခုမွာ ဘယ္သူမွမဖတ္တဲ့ကဗ်ာေတြေရးၿပီး အသည္းေတြထိုင္ကြဲေနခဲ့ဖူးတယ္။
ဆယ္တန္းႏွစ္က် သူအိမ္ကိုျပန္လာတယ္။ ေဘာ္ဒါမွာမေနဘဲ အျပင္ဝိုင္းေတြလိုက္တက္ဖို႔တဲ့။ ကၽြန္ေတာ္က စာမေတာ္ေပမယ့္ ဝီရိယသိပ္ေကာင္းတယ္။
မနက္အေစာႀကီးငါးနာရီထတယ္ သူသြားမယ့္စာသင္ဝိုင္းလမ္းမွာသြားႀကိဳေစာင့္တယ္။ ၿပီးေတာ့လိုက္ပို႔တယ္။ ဒါေပမယ့္အေဝးကေနပါပဲ။ သူကေတာ့သိမွာလည္း မဟုတ္ခဲ့ပါဘူး။
ဒီလိုနဲ႔ဆယ္တန္းေတြၿပီးၾကေတာ့ သူကရန္ကုန္မွာ ပုဂၢလိကတကၠသိုလ္တစ္ခုသြားတက္တယ္။ ကၽြန္ေတာ္ကနယ္မွာက်န္ခဲ့တယ္။ အခ်စ္ဦးဟာ လူတိုင္းနဲ႔လြဲတယ္ဆိုတဲ့စကားကို ကၽြန္ေတာ္သိပ္မုန္းတယ္။
ရွစ္တန္းႏွစ္ကေန စလြဲသြားတဲ့ ေကာင္မေလးဟာ အခုဆို ဘြဲ႕ေတြရလို႔ အလုပ္ေတြေတာင္ဝင္ေနၿပီ။ ကၽြန္ေတာ္နဲ႔ကေတာ့လြဲေနတုန္းပဲ၊Back to childhood တဲ့ကၽြန္ေတာ္လည္းအမွတ္တရေတြ သိပ္ေရးခ်င္တာနဲ႔ ေတြးမိခဲ့တယ္။
သတိရမိတာကလည္း ေဝးခဲ့ရတဲ့အခ်စ္ဦးပဲ။ အျပန္အလွန္မခ်စ္ခဲ့ၾကေပမယ့္ ထာဝရအခ်စ္ဦးလို႔ေတာ့သုံးခြင့္ရွိတယ္မလား၊Facebook ေတြေခတ္စားလာေတာ့ သူ႔အေကာင့္ေလးကိုကၽြန္ေတာ္ အပ္မိေသးတယ္။
ႏွစ္ေတြအၾကာႀကီးေစာင့္ရက်ိဳးနပ္ပါတယ္။ အေကာင့္လက္ခံၿပီးသိပ္မၾကာဘူး သူ႔အတြက္ေရးတဲ့ကဗ်ာေလးဖတ္ၿပီး ကၽြန္ေတာ့္ကို ဘေလာ့သြားေလရဲ့ ၊ဟုတ္ပါတယ္….။
ကၽြန္ေတာ္တို႔အားလုံးထဲကတခ်ိဳ႕တစ္ဝက္ဟာ အခ်စ္ဦးနဲ႔လြဲခဲ့သူခ်ည္းပါပဲ…။ မေပါင္းဖက္ရတဲ့ဇာတ္လမ္း နီးစပ္ခြင့္မရွိတဲ့ဇာတ္လမ္းေတြကိုမွ အျမဲတမ္းတမိေနတဲ့ကေလးဘဝရဲ့ အမွတ္တရအခ်ိဳ႕ေပါ့ဗ်ာ။
orginal writer
Unicode,
ငယ်ချစ်ဦးနဲ့လွဲခဲ့သူများ မဖတ်ရ …..
ကလေးဘဝကိုပြန်လွမ်းမယ်ဆိုပြီး စဉ်းစားတော့ အချစ်ဦးကိုတန်းပြန်သတိရတာပါပဲ။ ကျွန်တော်တို့တွေဟာ ဘာကောင်ကြီးတွေမှမဟုတ်ပဲ အချစ်ဦးအတွက်ဆို သူရဲကောင်းကြီးအဖြစ်ရှိချင်ခဲ့ကြတယ်။
ကလေးဘဝကိုပြန်သွားတာနဲ့အချစ်ဦးဆိုတာကလည်း ဇာတ်လမ်းတစ်ပုဒ်ရဲ့ ဇာတ်ဝင်ခန်းတစ်ခုလိုပါပဲ။ အချစ်ဦးလို့သုံးတာက Crush ဆိုတဲ့စကားကိုကလေးဘဝကမသိခဲ့သေးတာရော Crush တယ်ဆိုတာထက်ပြီးမြတ်နိုးခဲ့မိတာကြာင့်ရောပါ။
ကျွန်တော်တို့အားလုံးနှစ်သက်ပြီး ပြန်တမ်းတကြတဲ့အဖြူစိမ်းကျောင်းသားဘဝမှာဆို မနက်မိုးလင်းလို့ကျောင်းရောက်တာနဲ့ ကိုယ့်အဖွဲ့လေးနဲ့ကိုယ် ကလေးတို့သဘာဝဆော့မယ် ကစားမယဒီလိုနဲ့အချိန်ကုန်တတ်ခဲ့ကြပါတယ်။
ဒါပေမယ့်အချစ်ဦးဆိုတဲ့ကောင်မလေးက စိန်ပြေးတမ်းကစားနေသလား ကြိုးခုန်နေသလား ဇယ်ခုပ်နေသလားဆိုတာကိုလည်း စိတ်ဝင်တစားလိုက်ကြည့်ခဲ့ကြဖူးမှာပါ။ အခါအခွင့်သင့်တာနဲ့ သူကစားနေတဲ့ ဝိုင်းထဲမှာ ကိုယ်ပါဝင်ခွင့်ရဖို့အသင့်ရှိနေခဲ့ကြဖူးတယ်မလား၊
ကျွန်တော့်အချစ်ဦးဆို သူတအားဆော့တာက အဝတ်ကိုမျက်လုံးမှာစည်းပြီး လက်နဲ့လိုက်ပုတ်တဲ့ကစားနည်း။ အဝတ်စည်းထားတဲ့သူရဲ့ လက်နဲ့ထိမိသူက သူ့နေရာကိုဝင်ယူပြီး နောက်တစ်ယောက်ကိုလိုက်ဖမ်းရတော့တာပဲ။
ကျွန်တော်ဆို သူခွေးရူးဖြစ်တာနဲ့ သူ့အနားသွားအသံပေးပြီး ကိုယ့်ကိုယ်ကိုခွေးရူးအဖြစ်ခံခဲ့ဖူးတယ်။ဘယ်အချိန်မှာဖြစ်ဖြစ် သူငယ်ချင်းဆိုတဲ့အဖြူရောင်စည်းဘောင်လေးထဲကနေ သူ့အတွက်အသင့်ရှိနေခဲ့ဖူးတယ်ဆိုပါတော့၊
ကျောင်းပထမဆုံးဖွင့်ရက် အတန်းပိုင်ဆရာမကအသင်းတွေခွဲတဲ့အခါ သူနဲ့အသင်းတူတူကျဖို့လည်း ကျွန်တော်တော့ အမျိုးမျိုးကြိုးစားခဲ့ဖူးတယ်။အချစ်ဦးနဲ့အသင်းအတူတူဖြစ်ရတဲ့အခါ ရတဲ့အခွင့်ရေးက နည်းမှ မနည်းပဲဗျ။
စာသင်ချိန်မှာမျက်နှာချင်းဆိုင်အနေထားနဲ့ တစ်ခုံတည်းထိုင်ရတယ်။ပြီးတော့ ကိုယ့်အသင်းတာဝန်ကျရက်ဆို ကျောင်းကိုအစောကြီးလာမယ် ။ သူကဘာတာဝန်လဲ အသင်းခေါင်းဆောင်ကိုမေးမယ်။
သူက ရေခပ်ရမှာလား ကျွန်တော်ကဦးအောင်ခပ်ပေးထားလိုက်တယ်။ သူက တံမြက်စည်းလှဲရမှာလား ကျွန်တော်ကဦးအောင်လှဲပေးထားလိုက်တယ်။သူက အမှိုက်ကျုံးရမှာလား ကျွန်တော်က ဦးအောင်ကျုံးပေးထားလိုက်တယ်။
သူကျောင်းရောက်လို့ သူ့တာဝန်တွေပြီးတဲ့အခါ သူပျော်နေတာလေးကိုကျွန်တော်သဘောကျတယ်။သူဘုရားပန်းတင်ဖို့ ပန်းလေးဝယ်လာတိုင်း ဘုရားပန်းအိုးကိုအရင်စွန့်ပြီး ကျွန်တော်အသင့်ပြင်ထားပေးခဲ့ဖူးတယ်။
သူဝယ်လာတဲ့ ဘုရားပန်းလဲပြီး ဘုရားကိုပြန်ကပ်တဲ့အခါ သူမ အားကိုးတကြီးအကူညီတောင်းတဲ့သူဟာ ကိုယ်ဖြစ်နေရင် ဘယ်လောက်များပျော်စရာကောင်းလဲ….
ပြီးတော့ ဘုရားပန်းပြန်ကပ်တဲ့အခါ ဘာမှန်းမသိတဲ့ဖူးစာဆိုတာကို သူနဲ့ပါဖို့အတွက် ဘုရားကိုတိုးတိုးကလေးနဲ့ အပူကပ်ခဲ့ဖူးတယ်။
ကျောင်းဆင်းချိန်အိမ်ပြန်ကြတော့လည်းဘာထူးလဲ သူစက်ဘီးထုတ်တဲ့အခါ အလွယ်တကူဖြစ်အောင် သူ့စက်ဘီးဘေးနားက အခြားဘီးတွေကိုကြိုရှင်းပေးထားခဲ့ဖူးတယ်။
တစ်ခါတစ်လေဆိုကျွန်တော် သိပ်ညစ်ပတ်တာ၊သူ့ဘီးကိုလေလျော့ထားပြီး သူလာမှသတိပေး ကိုယ်တိုင်လိုက်တွန်းပေးပြီး လေပြန်ထိုးပေးခဲ့သေးတာ။
ဘာပဲပြောပြော သူအသိမှတ်ပြုတာလေးကိုကျွန်တော်ကျေနပ်နေတာမျိုးလေဗျာ…သူနဲ့ကျွန်တော်ကတစ်ရပ်ကွက်ထဲဗျ။ အိမ်ပြန်တဲ့လမ်းတစ်လျှောက်လည်း သူနဲ့မတူတူအောင် သူပြန်တဲ့လမ်းက လိုက်ပြန်တယ်။
တခြားကောင်လေးတွေသူ့နားကပ်မယ့် အရိပ်ယောင်တွေ့တာနဲ့ ကျွန်တော် အရင်ကပ်ပြီး စကားတွေကြံဖန်ရှာပြောခဲ့ဖူးတယ်။သူအိမ်လမ်းထဲ သူဝင်သွားပြီဆိုမှ ကျွန်တော်လမ်းကို ကျွန်တော်လှည့်ပြန်ခဲ့တာမျိုး။
တစ်ခါတစ်လေ သူ့အဖေကဆိုင်ကယ်နဲ့လာကြိုတဲ့ရက်မျိုးမှာဆို 110 Loujia ဆိုင်ကယ်ကို ကျွန်တော်ရဲ့တရုတ်စက်ဘီးလေးနဲ့အမှီနင်းပြီး သူ့မြင်အောင်အားထုတ်ခဲ့သေးတာ။
သူမ မသိတဲ့ သူမရဲ့သူရဲကောင်းကြီးအဖြစ် ကိုယ့်ကိုယ်ကိုတာဝန်ပေးပြီး ဂုဏ်ယူခဲ့ရချိန်တွေပေါ့ဗျာ၊ဒါပေမယ့်လည်း အချည်းနှီးတွေပါပဲ။ အထက်တန်းကျောင်းသားဘဝ ကျူရှင်တွေ ဝိုင်းတွေ ဘော်ဒါတွေပြိုင်လာတဲ့အခါ ဓနရှင်တွေရဲ့ပညာရေးအသိုင်းဝိုင်းကို ကျွန်တော်မှ လိုက်မပြိုင်နိုင်ခဲ့တာ။
ရှစ်တန်းနှစ်မှာ သူကကျောင်းပြောင်းတယ်။ပြီးတော့နာမည်ကြီးဘော်ဒါတစ်ခုမှာတက်တယ်။ ကျွန်တော်က ရပ်ကွက်ထဲကျူရှင်တစ်ခုမှာ ဘယ်သူမှမဖတ်တဲ့ကဗျာတွေရေးပြီး အသည်းတွေထိုင်ကွဲနေခဲ့ဖူးတယ်။
ဆယ်တန်းနှစ်ကျ သူအိမ်ကိုပြန်လာတယ်။ ဘော်ဒါမှာမနေဘဲ အပြင်ဝိုင်းတွေလိုက်တက်ဖို့တဲ့။ ကျွန်တော်က စာမတော်ပေမယ့် ဝီရိယသိပ်ကောင်းတယ်။
မနက်အစောကြီးငါးနာရီထတယ် သူသွားမယ့်စာသင်ဝိုင်းလမ်းမှာသွားကြိုစောင့်တယ်။ ပြီးတော့လိုက်ပို့တယ်။ ဒါပေမယ့်အဝေးကနေပါပဲ။ သူကတော့သိမှာလည်း မဟုတ်ခဲ့ပါဘူး။
ဒီလိုနဲ့ဆယ်တန်းတွေပြီးကြတော့ သူကရန်ကုန်မှာ ပုဂ္ဂလိကတက္ကသိုလ်တစ်ခုသွားတက်တယ်။ ကျွန်တော်ကနယ်မှာကျန်ခဲ့တယ်။ အချစ်ဦးဟာ လူတိုင်းနဲ့လွဲတယ်ဆိုတဲ့စကားကို ကျွန်တော်သိပ်မုန်းတယ်။
ရှစ်တန်းနှစ်ကနေ စလွဲသွားတဲ့ ကောင်မလေးဟာ အခုဆို ဘွဲ့တွေရလို့ အလုပ်တွေတောင်ဝင်နေပြီ။ ကျွန်တော်နဲ့ကတော့လွဲနေတုန်းပဲ၊Back to childhood တဲ့ကျွန်တော်လည်းအမှတ်တရတွေ သိပ်ရေးချင်တာနဲ့ တွေးမိခဲ့တယ်။
သတိရမိတာကလည်း ဝေးခဲ့ရတဲ့အချစ်ဦးပဲ။ အပြန်အလှန်မချစ်ခဲ့ကြပေမယ့် ထာဝရအချစ်ဦးလို့တော့သုံးခွင့်ရှိတယ်မလား၊Facebook တွေခေတ်စားလာတော့ သူ့အကောင့်လေးကိုကျွန်တော် အပ်မိသေးတယ်။
နှစ်တွေအကြာကြီးစောင့်ရကျိုးနပ်ပါတယ်။ အကောင့်လက်ခံပြီးသိပ်မကြာဘူး သူ့အတွက်ရေးတဲ့ကဗျာလေးဖတ်ပြီး ကျွန်တော့်ကို ဘလော့သွားလေရဲ့ ၊ဟုတ်ပါတယ်….။
ကျွန်တော်တို့အားလုံးထဲကတချို့တစ်ဝက်ဟာ အချစ်ဦးနဲ့လွဲခဲ့သူချည်းပါပဲ…။ မပေါင်းဖက်ရတဲ့ဇာတ်လမ်း နီးစပ်ခွင့်မရှိတဲ့ဇာတ်လမ်းတွေကိုမှ အမြဲတမ်းတမိနေတဲ့ကလေးဘဝရဲ့ အမှတ်တရအချို့ပေါ့ဗျာ။
orginal writer