နေပူပူကွင်းပြင်မှာ နှမ်းသိမ်းဆည်းနေချိန် တစ်မိသားစုလုံး မိုးကြိုးပစ်ခံရတာတဲ့
မြင်းခြံတွင် တလင်းပြင် နှမ်းသိမ်းနေသည့် မိသားစုဝင် ငါးးဦး မိုးကြိုးပစ်ခံရပြီး သုံးဦးသေဆုံး မြင်းခြံမြို့နယ် မြောက်ကျွန်းကျေးရွာတွင် ရွာအပြင်ဘက် တလင်းပြင်၌ နေလှန်းထားသည့် နှမ်းများ ရုတ်သိမ်းနေသည့် မိသားစုဝင်ငါးဦး မိုးကြိုးပစ်ခံရသဖြင့် သုံးဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရမှု ဇွန်(၆)ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ရွာအပြင်ဘက်ရှိ နှမ်းတလင်းတွင် မိသားစုဝင် ငါးဦး နှမ်းသိမ်းနေစဉ် မိုးမရွာ၊ လေမတိုက်ဘဲ လျှပ်စစ်ကြောင်းကျကာ မိုးကြိုးပစ်ခံရခြင်း ဖြစ်ကြောင်း အဆိုပါ ကျေးရွာမှ ဒေသခံများက ပြောသည်။ မိသားစုဝင် ငါးဦးအနက် တစ်ဦး မိုးကြိုးစက်ကွင်းလွတ်ပြီး လေးဦး မိုးကြိုးထိမှန်ခံရကြောင်း၊ သေဆုံးသူ သုံးဦးမှာ သားအမိနှစ်ဦးနှင့် တူတော်စပ်သူတို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူမှာလည်း သားအငယ်ဆုံးဖြစ်ကာ လက်ရှိတွင် မြင်းခြံဆေးရုံသို့ တင်ပို့ထားရသည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သလို သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများကို … Read more