ၾကားသိရသမွ်

ခွေးကောင်ရေ 600 ခုန်ချ‌သေဆုံးခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သောတံတား

လွန်ခဲ့သည့် နှစ် 70 အတွင်း ခွေးကောင်ရေ 600 ခုန်ချ‌သေဆုံးခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သောတံတား

စကော့တလန်နိုင်ငံ၊ Dumbarton မြို့အနီးရှိ နှစ်ပေါင်း 100 သက်တမ်းရှိ Overtoun တံတားပေါ်မှ ခွေးအကောင်ရေ 50 ခန့်သည် အမည်မသိအကြောင်းပြချက်ဖြင့် အသက်ဆုံးခန်းတိုင်ခဲ့ကြပါသည်။

အခြား ခွေးအကောင်ရေ ၆၀၀ ခန့် အသက်ရှင် လွတ်မြောက်ခဲ့သော်လည်း အများအပြား ခုန်ချခဲ့ဖူးပါတယ်။

ခွေများခုန်ချရာ နေရာမှာ Glasgow ဟုခေါ်သော ရဲတိုက်ဟောင်း၏ဘေးတွင် 19 ရာစုနှောင်းပိုင်းမှာတည်ဆောက်ခဲ့တဲ့ ကဗျာဆန်သော ရှေးဟောင်းတံတားတစ်ခုဖြစ်သည့် Overtoun တံတားဖြစ်သည်။

1950 ခုနှစ်များကတည်းက ခွေးများစွာ တံတားပေါ်မှ ခုန်ဆင်းကာ အောက်ရှိ ကျောက်တုံးများကို ထိမှန်ပြီးနောက်

အသက်ဆုံးပါးသွားသောကြောင့် Overtoun တံတားသည် နာမည်ကြီးလာခဲ့သည်။

ထိုအချိန်က ခွေးများသည် ‘ညှို့’ ခံရပြီး သေဆုံးသွားကြောင်း လူများစွာက ထင်ကြေးဖြင့်ပြောဆိုကြခဲ့ပါတယ်။

လျှို့ဝှက်ဆန်းကြယ်မှုကို ထပ်လောင်းပြောရလျှင် အဖြစ်အပျက်အများစုသည် နေ့ခင်းဘက်၊ နေသာသော ရာသီဥတုတွင် ဖြစ်ပွားခဲ့ပြီး ခွေးများအားလုံးမှာ နှာတံရှည်၊ Retrievers နှင့် Labradors များဖြစ်ကြပါတယ်။

ခုန်ချခဲ့တဲ့ ခွေးများစွာထဲမှထဲက တစ်‌ကောင် ဖြစ်တဲ့ Ben လို့ခေါ်တဲ့ ကော်လီခွေးလေးဟာ ပိုင်ရှင်ရဲ့ မိသားစုနဲ့အတူ လမ်းလျှောက်ရင်း တံတားပေါ်ကနေ ခုန်ချခဲ့ပါတယ်။

Ben က ၁၅ မီတာကျော်မြင့်သော အောက်ဘက်ရှိ ကျောက်တုံးပေါ်သို့ ပြုတ်ကျခဲ့ပြီး ကျော၊ ခြေထောက်နှင့် မေးရိုးများ ကျိုးသွားခြင်းကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

ခွေး Hendrix မှာလည်း အလားတူပါပဲ။ Hendrix ပိုင်ရှင် Kenneth Meikle က “ခွေးက ရုတ်တရက် ခုန်ချလိုက်တာ ခင်ပွန်းနဲ့ ကလေးတွေနဲ့အတူ လမ်းလျှောက်လာရင်း သမီးဖြစ်သူက အော်ဟစ်ပြီး ခွေးက ဒဏ်ရာရသွားတဲ့တံတားအောက်ကို ပြေးဆင်းသွားတယ်။

ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။သူ အောက်ခံရေညှိထဲ ပြုတ်ကျပြီး ကံကောင်းခဲ့ပါတယ်”လို့ ပြောပါတယ်။

ဤထူးထူးဆန်းဆန်းအရင်းရဲ့ အဖြေကတော့ ၁၉၉၄ ခုနှစ်တွင် Kevin Moy အမည်ရှိ ဒေသခံတစ်ဦးသည်

၎င်း၏သားငယ်ကို ခရစ်ယာန်ဘာသာဆန့်ကျင်သူဟု ထင်မြင်ကာ တံတားပေါ်မှ ပစ်ချခဲ့တယ်။

သိပ်မကြာခင်မှာပဲ Kevin ကိုယ်တိုင်လည်း သားဖြစ်သူ ပစ်ချခံရတဲ့ နေရာမှာ သတ်သေဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

အကြောင်းကတော့ သူ့သားဟာ မကျွတ်မလွတ်သေးဘဲ သူ့ခွေးလေးကို စွဲလမ်းရာမှ ခွေးသရဲဖြစ်နေပါတယ်။

သူ့သားက လာသမျှခွေးတွေကို ညှို့ယူခေါ်ဆောင်သောကြောင့် အခုလို အဖြစ်အပျက်များ ပေါ်ပေါက်လာရတယ်လို့ ပြောကြားခဲ့ပါတယ် ။

အခုအချိန်ထိ ဤတံတားအကြောင်းကို လူများစွာက ပြန်လည်ပြောဆိုနေကြပြီး ဘယ်သူမှမသွားတော့တဲ့ စွန့်ပြစ်နေရာ တစ်ခုဖြစ်နေပါပီ။

The Sun UK မှ သတင်းကို ကျွန်မ Helen ( Dmyay ) မှ ဘာသာပြန်ဆိုထားပါတယ်။သဘောကျရင် Like နဲ့ Share လုပ်သွားပေးပါဦးနော် ။

ကျေးဇူးတင်ပါတယ်။ သာယာသော နေ့လေးဖြစ်ပါစေ။

crd

လြန္ခဲ့သည့္ ႏွစ္ 70 အတြင္း ေခြးေကာင္ေရ 600 ခုန္ခ်‌ေသဆုံးခဲ့သည့္ လွ်ိဳ႕ဝွက္ဆန္းၾကယ္ေသာတံတား

စေကာ့တလန္ႏိုင္ငံ၊ Dumbarton ၿမိဳ႕အနီးရွိ ႏွစ္ေပါင္း 100 သက္တမ္းရွိ Overtoun တံတားေပၚမွ ေခြးအေကာင္ေရ 50 ခန႔္သည္ အမည္မသိအေၾကာင္းျပခ်က္ျဖင့္ အသက္ဆုံးခန္းတိုင္ခဲ့ၾကပါသည္။

အျခား ေခြးအေကာင္ေရ ၆၀၀ ခန႔္ အသက္ရွင္ လြတ္ေျမာက္ခဲ့ေသာ္လည္း အမ်ားအျပား ခုန္ခ်ခဲ့ဖူးပါတယ္။

ေခြမ်ားခုန္ခ်ရာ ေနရာမွာ Glasgow ဟုေခၚေသာ ရဲတိုက္ေဟာင္း၏ေဘးတြင္ 19 ရာစုေႏွာင္းပိုင္းမွာတည္ေဆာက္ခဲ့တဲ့ ကဗ်ာဆန္ေသာ ေရွးေဟာင္းတံတားတစ္ခုျဖစ္သည့္ Overtoun တံတားျဖစ္သည္။

1950 ခုႏွစ္မ်ားကတည္းက ေခြးမ်ားစြာ တံတားေပၚမွ ခုန္ဆင္းကာ ေအာက္ရွိ ေက်ာက္တုံးမ်ားကို ထိမွန္ၿပီးေနာက္

အသက္ဆုံးပါးသြားေသာေၾကာင့္ Overtoun တံတားသည္ နာမည္ႀကီးလာခဲ့သည္။

ထိုအခ်ိန္က ေခြးမ်ားသည္ ‘ညႇိဳ႕’ ခံရၿပီး ေသဆုံးသြားေၾကာင္း လူမ်ားစြာက ထင္ေၾကးျဖင့္ေျပာဆိုၾကခဲ့ပါတယ္။

လွ်ိဳ႕ဝွက္ဆန္းၾကယ္မႈကို ထပ္ေလာင္းေျပာရလွ်င္ အျဖစ္အပ်က္အမ်ားစုသည္ ေန႔ခင္းဘက္၊ ေနသာေသာ ရာသီဥတုတြင္ ျဖစ္ပြားခဲ့ၿပီး ေခြးမ်ားအားလုံးမွာ ႏွာတံရွည္၊ Retrievers ႏွင့္ Labradors မ်ားျဖစ္ၾကပါတယ္။

ခုန္ခ်ခဲ့တဲ့ ေခြးမ်ားစြာထဲမွထဲက တစ္‌ေကာင္ ျဖစ္တဲ့ Ben လို႔ေခၚတဲ့ ေကာ္လီေခြးေလးဟာ ပိုင္ရွင္ရဲ႕ မိသားစုနဲ႔အတူ လမ္းေလွ်ာက္ရင္း တံတားေပၚကေန ခုန္ခ်ခဲ့ပါတယ္။

Ben က ၁၅ မီတာေက်ာ္ျမင့္ေသာ ေအာက္ဘက္ရွိ ေက်ာက္တုံးေပၚသို႔ ျပဳတ္က်ခဲ့ၿပီး ေက်ာ၊ ေျခေထာက္ႏွင့္ ေမး႐ိုးမ်ား က်ိဳးသြားျခင္းေၾကာင့္ အသက္ဆုံးရႈံးခဲ့ရပါတယ္။

ေခြး Hendrix မွာလည္း အလားတူပါပဲ။ Hendrix ပိုင္ရွင္ Kenneth Meikle က “ေခြးက ႐ုတ္တရက္ ခုန္ခ်လိုက္တာ ခင္ပြန္းနဲ႔ ကေလးေတြနဲ႔အတူ လမ္းေလွ်ာက္လာရင္း သမီးျဖစ္သူက ေအာ္ဟစ္ၿပီး ေခြးက ဒဏ္ရာရသြားတဲ့တံတားေအာက္ကို ေျပးဆင္းသြားတယ္။

ဘုရားသခင္ကို ေက်းဇူးတင္ပါတယ္။သူ ေအာက္ခံေရညႇိထဲ ျပဳတ္က်ၿပီး ကံေကာင္းခဲ့ပါတယ္”လို႔ ေျပာပါတယ္။

ဤထူးထူးဆန္းဆန္းအရင္းရဲ႕ အေျဖကေတာ့ ၁၉၉၄ ခုႏွစ္တြင္ Kevin Moy အမည္ရွိ ေဒသခံတစ္ဦးသည္

၎၏သားငယ္ကို ခရစ္ယာန္ဘာသာဆန႔္က်င္သူဟု ထင္ျမင္ကာ တံတားေပၚမွ ပစ္ခ်ခဲ့တယ္။

သိပ္မၾကာခင္မွာပဲ Kevin ကိုယ္တိုင္လည္း သားျဖစ္သူ ပစ္ခ်ခံရတဲ့ ေနရာမွာ သတ္ေသဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။

အေၾကာင္းကေတာ့ သူ႔သားဟာ မကြၽတ္မလြတ္ေသးဘဲ သူ႔ေခြးေလးကို စြဲလမ္းရာမွ ေခြးသရဲျဖစ္ေနပါတယ္။

သူ႔သားက လာသမွ်ေခြးေတြကို ညႇိဳ႕ယူေခၚေဆာင္ေသာေၾကာင့္ အခုလို အျဖစ္အပ်က္မ်ား ေပၚေပါက္လာရတယ္လို႔ ေျပာၾကားခဲ့ပါတယ္ ။

အခုအခ်ိန္ထိ ဤတံတားအေၾကာင္းကို လူမ်ားစြာက ျပန္လည္ေျပာဆိုေနၾကၿပီး ဘယ္သူမွမသြားေတာ့တဲ့ စြန႔္ျပစ္ေနရာ တစ္ခုျဖစ္ေနပါပီ။

The Sun UK မွ သတင္းကို ကြၽန္မ Helen ( Dmyay ) မွ ဘာသာျပန္ဆိုထားပါတယ္။သေဘာက်ရင္ Like နဲ႔ Share လုပ္သြားေပးပါဦးေနာ္ ။

ေက်းဇူးတင္ပါတယ္။ သာယာေသာ ေန႔ေလးျဖစ္ပါေစ။

crd