ၾကားသိရသမွ်

နှစ်သစ်ကူးမှာ ပျော်မြူးနေကြတဲ့ပုံများ အွန်လိုင်းမှာ မတင်ကြဖို့ ပြည်သူများအား မေတ္တာ ရပ်ခံလာတဲ့ သရုပ်ဆောင်ဖွေးဖွေး

ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး ဖွေးဖွေး ဟာ ချစ်ဖို့ကောင်းတဲ့သရုပ်ဆောင် မင်းသမီးချောပါ။ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားပြီးကျရာဇာတ်ရုပ်ကိုသရုပ်ဆောင်နိုင်တဲ့ မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီးတစ်လက်လဲ ဖြစ်ပါတယ်နော်။ မိုးကုတ်သူလေးဖြစ်တဲ့ ဖွေးဖွေး ဟာ ဇာတ်ကားတိုင်းမှာပါဝင်တဲ့ကာရိုက်တာတိုင်းကို အကောင်းမွန်ဆုံးသရုပ်ဖော်တင်ဆက်နိုင်တာကြောင့်အကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန် ဆွတ်ခူးထားပါသေးတယ်။ မြန်မာနိုင်ငံရဲ့အခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလဲ ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ခဲ့တာကြောင့်ပရိသတ်တွေအချစ်ပိုကြရပြန်ပါတယ်။မကြာသေးမှီနာရီပိုင်းလောက်က ဖွေးဖွေး ဟာ ပြည်သူတွေကို မေတ္တာရပ်ခံစာလေးတစ်စောင် ဖြန့်ဝေလာခဲ့ပါတယ်။ မနေ့ဖန်ဆိုရင် အင်္ဂလိပ်ပြက္ခဒိန် ရဲ့နှစ်သစ်ကူးအချိန်ကိုရောက်ရှိတော့မှာပဲဖြစ်ပါတယ်။ဒီလိုအချိန်တွေမှာဆိုရင် မိသားစုတွေတွေ့ဆုံ၍ ဝိုင်းဖွဲ့စားသောက်ကြပြီးပျော်ရွှင်စရာကောင်းတဲ့အချိန်ကာလလေးပဲ ဖြစ်ပါတယ်နော်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေအရပျော်ရွှင်မှု့တွေကို ရှေ့တန်းမတင်သင့်တဲ့အချိန်ကာလဖြစ်နေတာကြောင့် တတ်နိုင်သလောက်ထိန်းချုပ်ရမဲ့အချိန်ကာလဖြစ်ပါတယ်။ ဒီအကြောင်းကို သရုပ်ဆောင် ဖွေးဖွေး က ပျော်ရွှင်တာတွေကို အွန်လိုင်းပေါ်မတင်ကြဖို့ အကြောင်းကို သူမရဲ့ကိုယ်ပိုင်အကောင့်မှာအခုလိုပဲရေးသားလာပါတယ်။”ပျော်ပါ Just Have Fun in Private Pls Don’t Postပုံလေးတွေမတင်နဲ့လွတ်လပ်ရေးရမှတင်ဖို့သိမ်းထားပေးပါနော် Help by not acting like […]

ၾကားသိရသမွ်

ညဘက်တိုင်း ခွေးတွေဟောင်နေလို့ CCTV တပ်ကြည့်လိုက်သောအခါ…

ဒါကြောင့် သူဟာ CCTV ကင်မရာတပ်ပြီး စောင့်ကြည့်ခဲ့တဲ့ အချိန်မှာ မယုံကြည်နိုင်စရာ အဖြစ်အပျက်တစ်ခုကို တွေ့ခဲ့ရပါတယ်။ အဲ့ဒါကတော့ သူ့ကင်မရာမှာ ကျားသစ်တစ်ကောင်ကို မြင်လိုက်ရတာပါပဲ။ ကျားသစ်ဟာ ညအချိန်မှာ သူ့နွားဆီကို ရောက်လာတာပါ။ ဒါပေမယ့် ကျွန်တော်တို့ ထင်နေကြသလို နွားကို စားဖို့ လာတာ မဟုတ်ပါဘူး။ CCTV မြင်ကွင်းမှာ နွားဟာ ကျားသစ်ကို လျှာနဲ့ လျက်ပေးနေပြီး ကျားသစ်ကလည်း ငြိမ်ငြိမ်လေး ရှိနေတာပဲ ဖြစ်ပါတယ်။ နွားပိုင်ရှင်က အရင်နွားပိုင်ရှင်ကို မေးကြည့်တဲ့အခါမှာတော့ အကြောင်းစုံကို သိခဲ့ရပါတယ်။ ကျားသစ် ကလေး ရက် ၂၀ သားအရွယ်မှာ အမေဖြစ်သူ သေသွားခဲ့တာကြောင့် နွားမကြီးက သူ့ကို မိခင်သဖွယ် နို့ချိုတိုက်ကျွေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီချိန်ကစလို့ ကျားသစ်လေးဟာ နွားမကြီးကို သူ့အမေအဖြစ် […]

ၾကားသိရသမွ်

ထိုင်းနိုင်ငံမှာ နာမည်ကြီးနေတဲ့ ပိုင်တံခွန်အတွက် ဂုဏ်ပြုဆိုထားတဲ့ သီချင်းသစ်လေးတစ်ပုဒ်

ထိုင်းနိုင်ငံမှာ နာမည်ကြီးနေတဲ့ ပိုင်တံခွန်အတွက် ဂုဏ်ပြုဆိုထားတဲ့ သီချင်းသစ်လေးတစ်ပုဒ် ပိုင်တံခွန်လို့ဆိုလိုက်တာနဲ့ အရပ်ရှည်ရှည်၊ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းပြီး တက်တူးအပြည့် အပြုံးချိုသူကြီးတစ်ယောက်ကို မြင်ယောင်မိကြမယ်ထင်ပါတယ်။ နိုင်ငံတကာမှာလည်း အောင်မြင်မှုတွေအပြည့်ရရှိနေတဲ့ ပိုင်တံခွန်ဟာ ထိုင်းနိုင်ငံမှာတော့ သူ့ကို ချစ်ကြတဲ့ပရိသတ်တွေအခိုင်အမာရရှိထားတာဖြစ်ပါတယ်။ Fan Meeting ပြုလုပ်ရတဲ့အထိကို ထိုင်းနိုင်ငံမှာ အောင်မြင်ခဲ့တဲ့ ပိုင်တံခွန်ဟာ (၂၀၁၉) ခုနှစ်နဲ့ (၂၀၂၀) ခုနှစ်တို့မှာ ထိုင်းနိုင်ငံနဲ့ပူးပေါင်းပြီး အနုပညာအလုပ်တွေများစွာကို ပူးပေါင်းလုပ်ဆောင်ခဲ့ပါ တယ်။ပြီးခဲ့တဲ့ရက်ပိုင်းက ပိုင်တံခွန်တစ်ယောက် နိုင်ငံရေးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် (၃) နှစ်ချမှတ်ခံခဲ့ရတဲ့သတင်းဟာ ပြည်တွင်းပြည်ပမီဒီယာတွေမှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပါတယ်။ ပိုင်တံခွန်အတွက် ပရိသတ်တွေက စိတ်မကောင်းဖြစ်နေ ကြသလို ဒီတစ်ခါမှာလည်း ထိုင်းလူမျိုးအဆိုတော် Lalita Wan Wan က “ပိုင်တံခွန်”လို့ အမည်ရတဲ့ သီချင်းလေးတစ်ပုဒ်ကို ဂုဏ်ပြုသီဆိုပေးခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။ပိုင်တံခွန်ကတော့ အကျဉ်းထောင်ကိုရောက်ရှိနေတာမို့ […]

ၾကားသိရသမွ်

KNU ၏ ဖမ်းဆီးခြင်းခံလိုက်ရသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို ပြန်လွှတ် ပေးရန် စစ်တပ်က တောင်းဆို

KNU ၏ ဖမ်းဆီးခြင်းခံလိုက်ရသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို ပြန်လွှတ် ပေးရန် စစ်တပ်က တောင်းဆို ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ ၊ လေးကေ့‌ကော်ဒေသတွင် ယမန် နေ့က ဖမ်းဆီးခံလိုက်ရသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို ပြန်လွှတ်ပေးရန် စစ်တပ်ဘက်က ယမန်နေ့ညနေပိုင်းတွင်တောင်းဆိုလာကြောင်း PDF စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်များထံမှ သိရှိရသည်။ “စစ်တပ်ဘက်က ပြောတာကတော့ ရိက္ခာသွားပို့တဲ့ စစ်သားတွေ။ တိုက်ပွဲဝင် နေတဲ့သူမဟုတ်ဘူးပေါ့။ ဒါပေမယ့် သူတို့လာတာက ရိက္ခာတင်တဲ့ကားနဲ့လာတာမဟုတ်ဘူး။ အိမ်စီးကားနဲ့ အရပ်သား အယောင်ဆောင်ပြီး လာတာ။ လမ်းမှားသွားရင်း သူတို့ အဖမ်းခံရတာ။ ကားထဲမှာလည်း လက်နက် အပြည့် အစုံနဲ့ အပြင် သူတို့အားလုံးမှာလည်း […]

ၾကားသိရသမွ်

“မျက်စိပါအစာကျွေးနိုင်ပါတယ်ရှင့်” ဆိုတဲ့ မော်ဒယ်မလေးရဲ့ အကင်ဆိုင်(ရုပ်သံ)

ထိုင်ဝမ်မှာရှိတဲ့ BBQ အကင်ဆိုင်လေးဟာ လတ်တလော အွန်လိုင်းမှာ အရမ်းနာမည်ကြီးနေပြီး ပုရိသတွေကို ဆွဲဆောင်နေပါတယ်။ “ဘာဘီကျူးဘုရင်မ” ဆိုတဲ့ အကောင့်နဲ့ လူမှုကွန်ယက်ကနေ တင်လိုက်တဲ့ ရုပ်သံဟာ တခဏအတွင်းမှာ လျှပ်စီးလက်သလို ပျံ့နှံ့ခဲ့ပါတယ်။ မတ်လ ၅ ရက်နေ့က တင်ခဲ့တဲ့ ရုပ်သံဟာ ကြည့်ရှုသူ ၂ သိန်းနီးပါးရှိနေပြီး အစားအသောက်ထက် ဆိုင်ထဲမှာ လှုပ်ရှားသွားလာပြီး စားသုံးသူတွေကို အကင်နဲ့ ဧည့်ခံနေတဲ့ ဆိုင်ရှင်အမျိုးသမီးကို ပိုပြီး စိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်။ “ဘာဘီကျူးဘုရင်မ” ရဲ့အမည်ရင်းက “Rou Yan” ဖြစ်ပြီး မော်ဒယ်လုပ်ခဲ့ဖူးသူဖြစ်ပါတယ်။ အသက် ၃၆ နှစ်ရှိပြီဖြစ်ပြီး သူမရဲ့ နှစ်လိုဖွယ်အပြုံးနဲ့ အမျိုးသမီးပီသတဲ့ ရှိုက်ဖိုကြီးငယ်တို့က စားသုံးသူတွေကို အစာအိမ်တင်မဟုတ် မျက်စိပါအစာကျွေးနိုင်ပါတယ်လို့ ပျူငှာလိုက်တာဖြစ်ပါတယ်။ သူမရဲ့အကင်ဆိုင်ကတော့ ထိုင်ဝမ်မှာရှိတဲ့ အလီရှန်အဝေးပြေးလမ်းမကြီးရဲ့နံဘေး လှပတဲ့ […]

ၾကားသိရသမွ်

ရေးထားတဲ့ စာသားတွေက ကြမ်းထော်နေတာပဲ မိုက် တယ် ရေးချက် ကို ကြိုက်လို့ ကူးပြီးပြန်တင် တာပါ …

ရေးထားတဲ့ စာသားတွေက ကြမ် းထော်နေတာပဲ မိုက် တယ် ရေးချက် ကို ကြိုက်လို့ ကူးပြီ းပြန်တင် တာပါ … သိန်း၈၀၀၀တန် ကားလက်ဆောင်ပေးတဲ့ ယောကျ်ားကိုလိုချင်ရင် …..ကိုယ် ကိုယ်တိုင်၌က ရုပ်ပိုင်းဆိုင်ရာရော …. စိတ်ပိုင်းဆိုင်ရာပါ အနည်းဆုံး တော့သိန်း ၄၀၀၀လောက်တန်အောင်ကြိုးစားကြပါ .. ကိုယ်တိုင်က ၁၀တန်းလည်းမအောင် ဝင်ငွေက တလ ၂သိန်းမပြည့် ၊ ရုပ်ရည်ကရွက်ကြမ်း ရည်ကြို …. မိဘကလည်း လက်လုပ် လက်စား ဘဝသမားအဲ့လိုလူမျိုးတွေက သိန်း ၈၀၀၀ တန် ကားလက်ဆောင်ပေးတဲ့postကို …. သူတို့ရည်းစား ကောင်လေးတွေဝေါမှာ လာလာ Tag ကြတာမြင်တော့ ငါ့တပည့်တွေအစားရင်နာမိတယ် Ro ခွင့်ရှိတယ် Overtine ခွင့်မရှိဘူး။လက်ချင်းချိတ်ပြီး 200 တန် […]

ၾကားသိရသမွ်

မန္တလေးတွင် နှစ်သစ်ကို ကြိုဆိုသောအားဖြင့်

မန္တလေးတွင် နှစ်သစ်ကို ကြိုဆိုသော စစ်အာဏာရှင်ဆန့်ကျင်ရေး လူမဲ့သပိတ် ပြုလုပ်၊ ပြည်သူများ လူမဲ့သပိတ် ပစ္စည်းများကို လုံးဝမထိရန် သတိပေးထား ဇင်ဘာ(၃၁)၊ မန္တလေး။ မန္တလေးတွင် ၂၀၂၂ နှစ်သစ်ကို ကြိုဆိုသောအားဖြင့် ၃၈ အောင်ဆန်းစုကြည်လမ်း၊ ၇၄လမ်းဒေါင့်၌ လူမဲ့သပိတ် ဆန္ဒထုတ်ဖော်မှုကို ယနေ့ နံနက် ပြုလုပ်ထားသည်။ အဆိုပါလူမဲ့သပိတ်၌ “ပြည်သူများ(လုံးဝ)မထိရ”ဟူသော စာတန်းပါ Danger sign သတိပေး စာသားများကိုလည်း တွေ့ရသည်။ ထို့နည်းတူ PDFအလံတော်၏ ဘေး၌ ” စခ ရခ ဘယ်ကောင်သေရဲလဲ” ဟူသော စာသားများကိုတွေ့ရသည်။ ”ငါတို့ အမဲလိုက်မယ့် အလှည့်ရောက်ပြီ” ”သွေးကြွေးမှာဆွေးနွေးစရာမရှိ” ”ဘယ်တော့မှ သွေးမကွဲမယ့် NUG PDF &UG” အစရှိသော စာသားပါဆိုင်းပုဒ်ငယ်လေးများနှင့်တကွ ဝေဝေဆာဆာ နှစ်သစ်ကိုကြိုဆိုနေကြောင်း […]

ကြားသိရသမျှ

ဘွဲ့ရပြီး အလုပ်မရှိတဲ့ သမီးကို ဒေါသထွက်ကာ ဖခင်ဖြစ်သူ သံတူနဲ့ထု

မိဘဝတ်တွေထဲက တစ်ခုဖြစ်တဲ့ “အတတ်လည်းသင်” ဆိုတဲ့အတိုင်း သမီးဖြစ်သူကို ဘွဲ့ရတစ်ယောက်ဖြစ်လာအောင် မိဘက ကျောင်းထားပေးခဲ့ပေမယ့် ဘွဲ့ရတဲ့အခါ အလုပ်တစ်ခုကိုတောင် ရအောင် ဖြစ်ဖြစ်မြောက်မြောင် မရှာနိုင်တဲ့အတွက် ဖခင်ဖြစ်သူက ဒေါသဖြစ်ပြီး သမီးရဲ့ ဦးခေါင်းကို သံတူနဲ့ ထုရိုက်ခဲ့ပါတယ်။ မလေးရှားနိုင်ငံ ပါရက်ခ်မြို့မှာ မတ်လ ၄ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တာပါ။ အသက် ၅၈ နှစ်အရွယ် ဖခင်ဖြစ်သူဟာ တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တာ အတော်ကြာပြီ ဖြစ်ပေမယ့် အလုပ်တစ်ခုရအောင် မရှာနိုင်သေးတဲ့ သမီးဖြစ်သူ ဘုရားရှိခိုး(ကိုအန်ကျမ်းစာဖတ်နေချိန်) နေတဲ့အချိန်မှာ သမီးကိုကြည့်ရင်း တနုတ်နုတ်ဖြစ်နေတဲ့ ဒေါသကို မထိန်းနိုင်ပဲ သံတူတစ်ချောင်းယူပြီး ဦးခေါင်းကို ထုရိုက်ခဲ့ပါတယ်။ သမီးဖြစ်သူကို တူနဲ့ထုရိုက်ပြီးမှ အကြီးအကျယ်ဒဏ်ရာရသွားတဲ့ သမီးကို ကြည့်ပြီး အသိစိတ်ပြန်ဝင်လာကာ သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်ပဲ ဦးခေါင်းကို […]

ၾကားသိရသမွ်

“မင်းမော်ကွန်း ဆူမှာစိုးလို့” ဆိုတဲ့ကာတွန်းရုပ်ပြောင်လေးနဲ့ ပတ်သက်ပြီး မဆူပါဘူးဆိုပြီး ချစ်စရာကောင်းစွာ ပြန်ပြောလာတဲ့ မင်းမော်ကွန်း

သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းကတော့ အနုပညာလောကမှာ နှစ်ပေါင်း (၂၀) ကျော်တိုင် အောင်မြင်မှုရရှိနေတဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ အနုပညာဝမ်းစာပြည့်ဝသလို အမှန်တရားကိုလည်း ချစ်မြတ်နိုးတဲ့ မင်းမော်ကွန်းဟာလက်ရှိစစ်အာဏာသိမ်းထားစဉ်ကာလမှာလည်း ဓမ္မဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်တည်ပြီး ပြည်သူတွေနဲ့ တသားတည်းရပ်တည်နေသူတစ်ယောက်ပါ။ ယခုအချိန်ထိတိုင် လွတ်မြောက်နယ်မြေမှာ နေထိုင်ဖြတ်သန်းနေတဲ့ မင်းမော်ကွန်းဟာ ဒီကနေ့မှာတော့ သူ့အကြောင်းရေးဆွဲထားတဲ့ ရုပ်ပြောင်ကာတွန်းလေးနဲ့ပတ်သက်ပြီး ပြောလာတာကို တွေ့ရပါတယ်။ မင်းမော်ကွန်းက အစိုးရိမ်လွန်ပြီး သတိပေးရာကနေ ဆူသလိုဖြစ်သွားမိခဲ့တာတွေအတွက် ပရိသတ်တွေကလည်း ချစ်စနိုးနဲ့ စနောက်ကြသလို ကာတွန်းဆရာတွေကလည်း သူတို့ရဲ့ တစ်ကွက်ကာတွန်းတွေမှာ ထည့်သွင်းဖော်ပြကြတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း မင်းမော်ကွန်းက ကာတွန်းနာနတ်သီးရေးဆွဲထားတဲ့ တစ်ကွက်ကာတွန်းလေးကိုဖော်ပြပြီး..“မဆူပါဘူးဗျာစိုးရိမ်လို့သတိပေးတာပါ” ဆိုပြီး ချစ်စရာကောင်းစွာ ပြန်ပြောခဲ့ပါတယ်။ မင်းမော်ကွန်းကတော့ ဘယ်လောက်ပဲဆူဆူ ပရိသတ်တွေကတော့ မင်းမော်ကွန်းကို ရင်ထဲကနေ လေးစားပြီးသားဆိုတာ ပြောဖို့တောင်လိုမယ်မထင်ပါဘူးနော်။ Soutce: Kyaw Kyaw Htay […]

ၾကားသိရသမွ်

လူမင်းအတွက် ရင်နာနာနဲ့ ရေးသားလာခဲ့တဲ့ ခင်စံပယ်ဦးရဲ့ စာလေးတစ်စောင်

လူမင်းဟာ မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်စဉ်စဖြစ်ကတည်းက ပြည်သူတွေနဲ့အတူ ဆန္ဒပြပွဲတွေမှာ အတူပါဝင် အားဖြည့်ခဲ့တာ ဖြစ်ပါတယ်။ (UniCode ယူနီကုဒ် ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ် Zawgyi Codeဖြင့် ဖော်ပြထားရှိပါသည်) အာဏာရှင်စစ်စိုးရမှ ဖေဖော်ဝါရီလအတွင်းမှာပဲ လူမင်းကို သူ့ရဲ့ နေအိမ်မှာဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ဒီနေ့ မနက်တွင် သရုပ်ဆောင် လူမင်းကို စီရင်ချက် ချမှတ်ခဲ့ပါတယ်။ ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးခံခဲ့ရတဲ့ သရုပ်ဆောင် လူမင်းဟာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ လူမင်းရဲ့ဇနီး ခင်စံပယ်ဦးမှ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာတွင်” 30-12-2021 ကိုလူမင်းကို​ထောင်ဒဏ်3နှစ်အမိန့်ချလိုက်ပါတယ် ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဒီသတင်းကြားကြားချင်းမှာပဲ ပရိသတ်တွေနဲ့အနုပညာရှင်များအားလုံးက ကိုလူမင်းအတွက် စိတ်မကောင်း […]