ဗဟုသုတ

အအေး၊ ဖျော်ရည်တွေမှာ ထည့်တဲ့ ကျောက်ကျောအမဲကို ဘယ်ကရလဲ သိချင်သူများအတွက်

အအေးဖျော်ရည်တွေမှာသုံးတဲ့ ကျောက်ကျောမဲမဲတုန်းကြီးကို စားသာစားနေကြတာ ဘယ်လိုလုပ်မှန်း သိတဲ့သူကနည်းပါတယ်။ လုပ်နည်းကလည်းလျို့ဝှက်ထားလို့ သိပ်မသိကြပါဘူး။ ဘယ်ကနေထုတ်မှန်းလည်း မသိတဲ့သူများပါတယ်။ ကျောက်ကျော… အင်္ဂလိပ်အမည် Grass jelly plant… သိပ္ပံအမည်Platostoma palustre မော်လမြိုင်ဒေသအခေါ်… လိပ်သဲပင်၊ ရှမ်းပြည်ဘက်အခေါ်… နမ့်ပင်တူး ဆိုတဲ့အပင်ကထုတ်ယူပါတယ်။ အမဲရောင်ကျောက်ကျောပြုလုပ်နည်းမှာ အပင်ကိုရေဆေး ကြိတ်ခြေပြီးစစ်ရည်ရယူပါတယ်။ အရည်ကုန်ရအောင် ရေလေးနည်းနည်းစီ လောင်းထည့်ပေးရပါတယ်။ အဲဒီအရည်ကို စစ်ယူပြီး အပူပေးကျိုချက်ရပါတယ်။ အရည်အတော်လေး ပျစ်လာပီဆိုရင် ကော်မှုန့် (သို့) ဆန်မှုန့်ကို လောင်းထည့်ပြီး မီးမြှင်းမြှင်းနဲ့ ကြိုရပါတယ်။ starch (ကော်မှုန့်) မပါဘဲ သူ့ချည်းသက်သက်ကျိုရင် ကျောက်ကျောမဖြစ်ပါဘူး။ ကော်မှုန့်နည်းနည်းထည့်မှ ဓာတ်ပြုပြီး ကျောက်ကျောဖြစ်ပါမယ်။ တစ်ချို့ကတော့ ကော်မှုန့်ကိုတစ်ပါထဲ ထည့်ကျိုကြပါတယ်။ ကြိုက်နှစ်သက်ရာပေါ့။ ရှမ်းပြည်နယ်နဲ့ အထက်ချင်းတွင်း ဘက်တွေမှာတော့ သုပ်စားကြပါတယ်။ အောက်ပြည်ဘက်ကတော့ […]

ဗဟုသုတ

ကလေးကို ကလိထိုးပြီး စနောက်တတ်သောမိဘများ သတိပြုဖွယ်ရာ…

ကလေးကို ကလိထိုးပြီး စနောက်တတ်သောမိဘများ သတိပြုဖွယ်ရာ… ကလေးတွေကို ကလိထိုးခြင်းက သိပ်ကိုအန္တရာယ်များပါတယ်။ လူကြီးတွေက ကလေးကို စနောက်ချင်လို့ ကလိ ထိုးကြပါတယ်။ ကလေးကို ကလိထိုးလို့ တခစ်ခစ် ရယ်နေခြင်းက ကလိထိုးတာကို သဘောကျလို့ ရယ်တာ မဟုတ်ပါဘူး။ အချို့ ယားတတ်တဲ့ ကလေးတွေက ကလိထိုးတဲ့ အခါ မကြိုက်ရင်တောင် ရယ်တာ မရပ်တော့ပါဘူး။ တကယ်တော့ ကလေးရယ်နေခြင်းက ပျော်လို့၊ သဘောကျလို့ ရယ်တာ မဟုတ်ပါဘူး။ ဟာသ တစ်ခုကို တွေ့လို့ ရယ်တာနဲ့ ကလိထိုးခံရလို့ ရယ်တာ ဟာ မတူဘူးလို့ ကယ်လီဖိုးနီးယားတက္ကသိုလိရဲ့ 1997 ခုနှစ်က စာတမ်းတစ်စောင်မှာ ဖော်ပြ ထားပါတယ်။ ကလိထိုးခြင်း က တစ်စုံတစ်ယောက်အပေါ် လွှမ်းမိုးခြင်း တစ်မျိုးပါပဲ။ ကလိထိုးခံရတဲ့ လူတစ်ယောက်က […]

ဗဟုသုတ

ရေချိုးရင်ဘယ်နေရာကို ဆပ်ပြာအရင်ဆုံးတိုက်လေ့ရှိလဲ ဒါလေးဖတ်ကြည့်

ရေချိုးရင်ဘယ်နေရာကိုဆပ်ပြာအရင်ဆုံးတိုက်လေ့ရှိလဲ ? ၁။ #ရေချိုးလို့ဆပ်ပြာတိုက်တဲ့အခါမျက်နှာကိုအရင်တိုက်တဲ့လူဟာ သူများက ကိုယ့်အပေါ် အထင်အမြင်သေးမှာ ကြောက်တယ်၊ သူများတွေ ကိုယ့်ကို အရင်စ မြင်ကြတဲ့နေရာကို အမြဲသတိထားတယ်၊သူများကိုယ့်အပေါ်ဘယ်လိုမြင်လဲ ဆိုတာ ပူပန်နေတတ်တဲ့လူတဲ့။ သူများအထင်သေးမှာကြောက်လို့ ကိုယ့်ရဲ့ အနံ့၊အမူအရာ၊အပြောအဆို၊ အနေအထိုင် အာရုံငါးပါး ကို အမြဲ သတိကြီးကြီး ထားနေတဲ့လူတဲ့။ ၂။ #လက်နဲ့ခြေထောက်ကိုအရင်ဆပ်ပြာတိုက်တဲ့လူဟာ ဘဝ ကိုလက်တွေ့ကျကျနေထိုင်တယ်၊ နှိမ့်ချတယ်၊ကိုယ့်အထင်အမြင်ကို ဖွင့်ဟဖို့ ဝန်မလေးတဲ့လူတဲ့။ ကြိုက်တာတွေရှိသလို မနှစ်သက်တာတွေလည်းများတဲ့လူတဲ့။ ၃။#ဂျိုင်းကြားအရင်ဆပ်ပြာတိုက်တဲ့လူကတော့ ကိုယ့်အသိုင်းအဝိုင်းကြားမှာ ယုံကြည်လေးစားမှုခံရတဲ့ပုဂ္ဂိုလ်တဲ့။ စကားတည်၊အနေတည်တယ်၊ ယုံကြည်ရတယ်လို့ ကိုယ့်မိတ်ဆွေတွေက အထင်အမြင်ခံရသူ၊ အလုပ်ကြိုးစားတဲ့လူတဲ့။ ၄။ #ကိုယ့်ရဲ့လုံခြုံစွာထားရတဲ့နေရာတွေအရင်ဆပ်ပြာတိုက်တဲ့လူဟာ အရှက်အကြောက်ကြီးတတ်တယ်၊ သူများမယုံကြည်မှာကြောက်တယ်၊ လူတွေက ဥာဏ်ပညာနဲ့ပြည့်စုံတဲ့လူ၊ ဦးဏှောက်ကောင်းသူ လို့ ချီးမွန်းခံရတတ်သူ၊ ခက်ခဲရင်အရှုံးပေးလွယ်သူ၊ ကိုယ့်အင်အားကို ကိုယ် မတွက်ဆနိုင်သူ တဲ့။ […]

ဗဟုသုတ

ကလေးတွေကို ချစ်ရင် အောက်ပါအကျင့်(၃)ခုကို ဖျောက်ပေးပါ

ကလေးများဟာ အောက်ပါအကျင့်ဆိုးကြီး သုံးခုကို စွဲကပ်သွားပြီဆိုရင် ဘဝတစ်ခုလုံး ထိခိုက်တတ်ပါတယ်။ မိဘများ အနေနဲ့ အလေးထားပြီး အမြန်ပြုပြင်ပေးစေလိုပါတယ်။ ၁။ မှီခိုလွန်းခြင်း၊ ဦးနောက်မသုံးလိုခြင်း၊ ပြသနာသေးသေးလေးကအစ မိဘကို အကူအညီတောင်းခြင်း။ အချစ်လွန်တော့ အနှစ်ဖြစ်တတ်ပါတယ်။ ကလေးများဟာ အရွယ်ကြီးလာတဲ့အထိ အစစ အရာရာ လူကြီးကို အားကိုးတကြီး ဆက်ဖြစ်နေတာမျိုးကို ဆိုလိုတာပါ။ ပြသနာသေးသေးလေးကအစ ဖြေရှင်းဖို့ မစဉ်းစားဘူး၊ ဦးနောက်သုံးဖို့ လေးဖျင်းနေတတ်တယ်။ လူကြီးကို အားကိုးလွန်တဲ့ကလေးဟာ စိတ်ဓာတ်ပိုမို ပျော့ညံ့ တတ်ပါတယ်။ အကြံပေးချင်တာကတော့ နေ့စဉ် ပြုလုပ်ရတဲ့ ကိစ္စ အချို့မှာ မိဘများအနေနဲ့ ကလေးကို များများ လုပ်မပေးဖို့ လိုပါ တယ်။ ဥပမာ ကလေးကိုယ့်ကိုကိုယ် ထမင်းစားခိုင်းတာမျိုး၊ ပန်းကန်သိမ်းခိုင်းတာမျိုး။ ပြီးရင် ကလေးကို မေးခွန်းများများမေးပါ။ ကလေးကို […]

ဗဟုသုတ

ဈေးကြီးပေးဝယ်နေကြတဲ့ အဆီကျရှားစောင်းလက်ပတ်ယို လုပ်နည်း…

ရှားစောင်းလက်ပတ်ယို လုပ်နည်း သူများတွေက Online Shop မှာ ဈေးကြီးပေးရတဲ့ ရှားစောင်းလက်ပတ်ယို လုပ်နည်းကို အခမဲ့ မျှဝေပေးပါမယ်။ အစ်မတစ်ယောက်က ရှားစောင်းလက်ပတ်ယိုလေး တင်ထားတာတွေ့လို့ညီမလည်း ပြန်ရှယ်ပါရစေ နော်။ဝတဲ့သူတွေဒါမှမဟုတ် ဗိုက်ပူတဲ့သူတွေအတွက် အရမ်းအဆင်ပြေတယ်။ အိမ်ရှင်မ တော်တော်များများရဲ့ ဒုက္ခက ဗိုက်ပူတာပါပဲ။ညီမလေ အဲ့ယိုလုပ်နည်းကို မေမေကတဆင့် သိတာပါ။ စားကြည့်တော့ တကယ် ဗိုက်ကျတယ်ရှင့်။ ရှားစောင်းလက်ပတ် ငါးတက်လောက်ကို ဘေးက စူးသွားတွေကို ဓားနဲ့ခွာပီး လက်တစ်ဆစ်လောက်လေး တွေကိုလှီးပါ(အခွံမနွှာတော့ ထုပ်ထုပ်ထုပ် နဲ့ စားလို့ကောင်းသလိုပိုဆေးဖက်ဝင်တာပေါ့)ထန်းလျက်(အညို) ငါးကျပ်သားလောက်ကိုဆီ ၅ ကျပ်သားလောက်ထဲကို ထည့်ပီး အရည်ပျော်အောင်မွှေပါ။ ထန်းလျက် အရည်ပျော်သွားရင် ရှားစောင်းလက်ပတ်ထည့်ပါ။ ရှားစောင်း လတ်ပတ်က အရည်ထွက်တဲ့အတွက် ခနခန မွှေပေးပါ။ ရှားစောင်းလက်ပတ် အရည်ခမ်းသွားပီး နည်းနည်းခပ်ပျစ်ပျစ် ဖြစ်လာရင် […]

ဗဟုသုတ

ဘယ်လို သစ္စာ ကတိတွေများတိုင်တည်ခဲ့ကြပါလိမ့်.

ဘယ်ဘဝကရေစက်တွေများလည်းနော်… မိုးကောင်းကျေးရွာ နာရေးအိမ်မှာ မနေ့က အအေးခေါင်းဆင်တော့ ခုံလေးမှာ ရီဝေတဲ့မျက်လုံးအစုံနဲ့ ကြည့်နေတဲ့အဘ။ သူ့ရဲ့ဇနီးဖြစ်သူနောက်ကို ဒီမနက်အစောပဲ လိုက်သွားပြီတဲ့။ စိတ်လျှော့လိုက်တာများလား။ ဘယ်လို သစ္စာ ကတိတွေများတိုင်တည်ခဲ့ကြပါလိမ့် ဘဝတစ်ပါးသို့ကူးပြောင်းသွားသော အဘိုးနဲ့ အဖွား ကောင်းရာဘုံဘွရောက်ပါစေ အအေးခေါင်းနောက်တစ်လုံးဆင်ပေးရင်နဲ့ တွေးမိတဲ့အတွေးများပါ။ ဒေါ်တင်မြင့် ၇၃နှစ်၊ ဦးမြဝင်း ၇၅ နှစ်။လှမျိုးဝင်း.မြန်မာစာ mt ဘယ်ဘဝကရေစက်တွေများလည်းနော်… မိုးကောင်းကျေးရွာ နာရေးအိမ်မှာ မနေ့က အအေးခေါင်းဆင်တော့ ခုံလေးမှာ ရီဝေတဲ့မျက်လုံးအစုံနဲ့ ကြည့်နေတဲ့အဘ။ သူ့ရဲ့ဇနီးဖြစ်သူနောက်ကို ဒီမနက်အစောပဲ လိုက်သွားပြီတဲ့။ စိတ်လျှော့လိုက်တာများလား။ ဘယ်လို သစ္စာ ကတိတွေများတိုင်တည်ခဲ့ကြပါလိမ့်။ ဘဝတစ်ပါးသို့ကူးပြောင်းသွားသော အဘိုးနဲ့ အဖွား ကောင်းရာဘုံဘွရောက်ပါစေ အအေးခေါင်းနောက်တစ်လုံးဆင်ပေးရင်နဲ့ တွေးမိတဲ့အတွေးများပါ။ ဒေါ်တင်မြင့် ၇၃နှစ်၊ ဦးမြဝင်း ၇၅ နှစ်။လှမျိုးဝင်း.မြန်မာစာ mt ဘယျဘဝကရစေကျတှမြေားလညျးနောျ… […]

ဗဟုသုတ

သင် မြန်မာနိုင်ငံသား တစ်ယောက်ဆို ဖတ်ဖြစ်အောင်ဖတ်ပါ

အဲလိုမျိုးကိုရှာနေတာကြာပြီရှယ်ထားသင့်တယ်မြန်မာပြည်ရဲ့ထူးခြားတဲ့အကြောင်းဗဟုသုတတွေကို တစ်နေရာတည်း ဒီလိုတွေ့ရဖို့ဆိုတာ သိပ်ခက်ခဲလို့ပါ… မြန်မာနိုင်ငံ၏ပထမဆုံးသော ပုဂ္ဂိုလ်များ.. ပထမဆုံး ဗုဒ္ဓဘာသာ ထွန်းကားစေသူ အနော်ရထာမင်း ပထမဆုံးမင်း တကောင်းအဘိရာဇာ မြို့တော် ပုဂံ (အေဒီ ၁၀၄၄) ပထမဆုံး ဝန်ကြီးချုပ် ဦးနု ပထမဆုံး သမ္မတ စပ်ရွှေသိုက် ပထမဆုံး အာဇာနည်နေ့ အခမ်းအနားဦးဆောင်ကျင်းပသူမြို့မ ဦးသန်းကြွယ် ပထမဆုံး သိပ္ပံစာပေပြုစုသူ ယောမင်းကြီးဦးဘိုးလှိုင် ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ မက္ခရာမင်းသားနှင့် မစ္စတာလိန်း(ဒေါက်တာ ဆင်မျူရယ် ဂျွန်ဆင်၏အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို) ပထမဆုံး အလင်္ကာကျော်စွာဘွဲ့ရ သခင်ကိုယ်တော်မှိုင်း ပထမဆုံး အနောက်တိုင်းဆေးဆရာ ဒေါက်တာရှောလူး ပထမဆုံး အမျိုးသားကောလိပ်မှ ဝိဇ္ဇာဘွဲ့ ရသူ ဆရာကြီး ဦးရာဇာတ် ပထမဆုံး အင်ဂျင်နီယာ ဖန်ချက်ဝန် […]

ဗဟုသုတ

ဘိုးဘွားရိပ်သာက အဘွားအိုတစ်ယောက်ရဲ့ သံဝေဂရဖွယ် နောက်ဆုံး နှုတ်ဆက် စာလေးတစ်စောင်…

ဘဝရဲ့နေဝင်ဆည်းဆာချိန်မှ အာရုံဦးထံသို့ ပေးစာတစ်စောင် ဘိုးဘွားရိပ်သာမှာ အဘွားအိုတစ်ယောက်အိပ်နေရင်းနဲ့ သေဆုံးနေခဲ့တယ်။ အဘွားအိုကို အိပ်ယာကမလိုက်တဲ့အခါမှာတော့ ဘိုးဘွားရိပ်သာက တာဝန်ခံတွေ ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ သူနာပြုတွေအတွက်…. ရေးထားတဲ့ စာလေးတစ်စောင်ကို တွေ့လိုက်ရတယ်။ စာလေးမှာ ရေးထားတာတွေကတော့ ဘိုးဘွားရိပ်သာမှာရှိတဲ့ တာဝန်ရှိသူများအနေနဲ့ ကျမ ဇီဇာကြောင်ပြီး ထူးဆန်းတဲ့ အဘွားကြီးတယောက်လို့ မြင်မိကြတယ်မဟုတ်လား.. အခန်းနံရံကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေတတ်တဲ့ အဘွားကြီးတယောက် အစားစားရင် ဖိတ်စင်တတ်ပြီး ရှင်တို့ရဲ့ စကားဆိုတစ်လုံးမှ နားမထောင်တတ်တဲ့ အဘွားကြီးတစ်ယောက် ရှင်တို့ကိုစိတ်အမြဲရှုပ်စေတတ်တဲ့ ကျွန်မကို စိတ်ရှည်ဖို့ဆိုတာ လွယ်တော့ မလွယ်ပါဘူး။ တကယ်တော့လေ ကျွန်မဟာ ချစ်ရတဲ့ မိသားစုရဲ့ နွေးထွေးတဲ့ အရိပ်မှာ ပျော်ရွှင်တက်ကြွနေခဲ့တဲ့ ကောင်မလေးတယောက်.. ချစ်သူကို အိမ်ထောင်ရေးကတိကဝတ်တွေပေးရင်း ရင်ခုန်စိတ်လှုပ်ရှားနေခဲ့တဲ့ သတို့သမီးတယောက် ကျွန်မရဲ့ထမီစကို ကိုင်ရင်း ကျမနောက် တကောက်ကောက်လိုက်နေတတ်တဲ့ […]

ဗဟုသုတ

သားသတ်ရုံထဲက အအေးခန်းထဲမှာ ပိတ်မိပြီး သေမင်းနဲ့ရင်ဆိုင်ခဲ့ရတဲ့ အမျိုးသမီး..

သားသတ်စက်ရုံတစ်ခုမှာ အလုပ်လုပ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ သူ့အလုပ်ချိန်ပြီးခါနီး အိမ်မပြန်ခင်လေးမှာ ခုတ်ထစ်ပြီး အမဲသားတွေကို မပုပ်သိုးအောင် တန်းစီချိတ်ဆွဲထားတဲ့ အအေးခန်းထဲကို ဝင်စစ်ဆေးပါတယ် ဒီအချိန်မှာဘဲ ဝင်ပေါက် သံတံခါးကြီးဟာ ရုတ်တရက်ပိတ်သွားတယ်။ တံခါးကြီးဟာ အထဲကနေ ဖွင့်လို့မရဘဲ အပြင်ကနေပဲ ဖွင့်လို့ရတယ် အအေးခန်းထဲကအပူချိန်ကလဲ ရေခဲမှတ်အောက် ရောက်တဲ့အထိ အေးနေတယ်။ အခန်းတစ်ခုလုံးလည်းအလင်းရောင်မရှိ မှောင်ပိန်းသွားတယ်။ သူမလည်း ကြောက်အားလန့်အားနဲ့ အသံကုန်အော်တယ်။ တံခါးကို လက်နဲ့ တဝန်းဝုန်း ထုပုတ်တယ်။ ဒါပေမဲ့ ဝင်ပေါက်တံခါးဟာ သံထုထည်ကြီးကြီးမားမားနဲ့ အထူကြီး လုပ်ထားတာမို့ အပြင်က လူတွေ မကြားနိုင်ပါဘူး။ နောက်ပြီး အလုပ်ဆင်းချိန်မို့ အလုပ်သမားအားလုံးနီးပါးလည်း အိမ်ပြန်သွားကြပြီ။ သူမလည်း တံခါးကို ထုလိုက်၊ အော်ခေါ်လိုက်နဲ့ တစ်နှစ်ရီကြာတော့ လက်တွေနာ၊ အသံတွေဝင် မောပန်းလာလို့ အအေးခန်းအတွင်းနံရံကိုမှီရင်း နားနေလိုက်တယ်။ […]

ဗဟုသုတ

ကိုရီးယားမဟုတ်၊ မြန်မာပြည်ထဲက ဒီဇင်ဘာ နှင်းတွေနဲ့ လှနေတဲ့ ပန်ဝါ(တည်ငြိမ်တဲ့တနေ့ သွားသင့်တဲ့ ခရီးတစ်ခု)

ပန်ဝါမြို့ဆိုတာ မြန်မာပြည် မြောက်ဖျား ကချင်ပြည်နယ် ၊မြစ်ကြီးနားခရိုင် ၊ ချီဖွေမြို့နယ်ထဲက ကချင်အထူး ဒေသ(၁) မှာရှိတဲ့ မြို့တစ်မြို့ပါပဲ တရုတ် ၊မြန်မာနယ်စပ်မြို့လေးဖြစ်ပါတယ်။ မေခမြစ်ကမ်းပေါ်ရှိတဲ့ ချီဖွေ မြို့နဲ့ ဆိုရင် မိုင်(၄၀)ခန့်ဝေးကြောင်းသိရပါတယ်။ ပန်ဝါမြို့လေးက မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ် အရှေ့မြောက်မှာရှိတဲ့ ချီဖွေချောင်းဖျားနဲ့တရုတ်နိုင် ငံ ထိန်ချုံးခရိုင် တိန့်ထန်းဆိုတဲ့နယ်စပ်မြို့လေးနဲ့ ထိစပ်လျက်ရှိတဲ့ တောင်ကြားမြို့လေးဖြစ်ပါတယ်။ တောင်တန်းနှင့် တောင်စောင်းများ ဝန်းရံထားတာဖြစ်ပြီး ဧရိယာစတုရန်းမိုင် (၁၃၅၅) မိုင် အကျယ်အဝန်းရှိပြီး မြေပြန့်လွင်ပြင် နည်းပါးတဲ့ ဒေသတစ်ခုဖြစ်ကြောင်း ၊ ကချင်တိုင်းရင်းသား အနွယ်ဝင် လော်ဝေါ်၊ လချိတ်၊ လီဆူ မျိုးနွယ်တို့ အများစု နေထိုင်ကြကြောင်း၊ ဘာသာဝင်အများစုမှာ ခရစ်ယန်များ ဖြစ်ကြပြီး စိန်ပေါလ်ကက်သလစ် ဘုရားကျောင်းမှာထင်ရှားကြောင်းသိရပါတယ်။ ဗုဒ္ဓဘာသာအနေနဲ့ ဘုရားစေတီနှစ်ဆူနဲ့ဘုန်းကြီးကျောင်း တစ်ကျောင်းရှိပြီး […]